မွန်တွင် ကိုဗစ်ကူးစက်မှု များလာသည့်အတွက် ကုသရေးနေရာ ထပ်ချဲ့
diz_admin
December 2, 2020မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု များလာနေသည့်အတွက် ကိုဗစ်လူနာ များအား ဆေးကုသရန် နေရာတစ်နေရာ ထပ်တိုးချဲ့ထားလိုက်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ ပြည်နယ်အတွင်းက ကိုဗစ်အတည် ပြုလူနာများကို မော်လမြိုင်ပြည်သူ့ဆေး ရုံကြီးတွင်သာ ကုသမှုပေးနေပြီး ယခု ရက်ပိုင်းအတွင်း ပိုးတွေ့လူနာ များလာသည့်အတွက် သထုံမြို့တွင် ကုသရေး တစ်နေရာ ထပ်တိုးချဲ့လိုက်ခြင်းဖြစ်သည်။ ညမထွက်ရအမိန့် ဖောက်ဖျက်သူ နှစ်လအတွင်း ၁၀ဝ နီးပါးကို အရေးယူ ပြည်နယ်အတွင်းတွင် ကိုဗစ်ကူးစက်လူနာအရေအတွက်တိုးလာနေရာ ကုသရေးအခက်အခဲရှိမည်စိုးသောကြောင့် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။ ထပ်တိုးချဲ့လိုက်သည့် ကိုဗစ်ကုသ ရေးနေရာသည် သထုံမြို့ရှိ စက်မှုသင်တန်းကျောင်းနေရာဖြစ်ပြီး သထုံခရိုင်အတွင်း ပို့တွေ့လူနာများကို ကုသပေးသွားမည်ဖြစ်သည်ဟု သထုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ မွန်ပြည်နယ်တွင် ရွေးကောက်ပွဲ နောက်ပိုင်း […]