မွန်တွင် ရွေးကောက်ပွဲအသုံးစရိတ် စာရင်းမတင်သည့် ကိုယ်စားလှယ်လောင်း ခုနစ်ဦးရှိ
diz_admin
December 22, 2020မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲအသုံးစရိတ်စာရင်း မတင်သွင်းသည့် ကိုယ်စားလှယ် ခုနစ်ဦးရှိသည်ဟု ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ် အတွင်း ကိုယ်စားလှယ်လောင်း ၂၅၇ ဦး ဝင်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲအသုံး စရိတ်စာရင်းကို သတ်မှတ်ရက်အတွင်း တင်သွင်းခဲ့သည့် ကိုယ်စားလှယ်လောင်း ၂၅၀ ဦး ရှိခဲ့ပြီး ခုနစ်ဦးမှာ အချိန်မီ တင်သွင်းခြင်း မရှိပေ။ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ် တစ်ဦးသည် မဲဆွယ်စည်းရုံးခွင့်ပြုသည့် နေ့မှစ၍ ရွေးကောက်ပွဲအတွက် စုစုပေါင်း ငွေကျပ်သိန်း ၁၀ဝ (တိုင်းရင်းသားရေး ရာဝန်ကြီးနေရာဖြစ်ပါက ကျပ်သိန်း ၁၅၀) သုံးစွဲရှိသည်။ သတ်မှတ်ရက်အတွင်း အဆိုပါ အသုံးစရိတ်ကို တင်သွင်းခြင်းမပြုပါက အနိုင်ရကိုယ်စားလှယ်ဆိုလျှင် အနိုင်ရ လဒ်ပျက်ပြယ်မည်ဖြစ်ပြီး အခြားကိုယ် စားလှယ်လောင်းများအနေနှင့် နာမည် […]