မွန်တွင် ကိုဗစ်ကူးစက်မှု မလျော့၊ သို့သော် ကန့်သတ်ချက်အချို့ ဖြေလျှော့
diz_admin
January 6, 2021မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျသွားခြင်းမရှိသေးသော်လည်း ကိုဗစ်ဆိုင်ရာကန့်သတ်ချက် အချို့ကို စတင်ဖြေလျှော့လာခဲ့သည်။ ပြည်နယ်အတွင်း ရောဂါကူးစက်မှုများသည့် မော်လမြိုင်နှင့် ဘီးလင်းမြို့ နယ်တို့ကို Stay At Home အဖြစ် သတ်မှတ်ထားရာမှ ဒီဇင်ဘာလတွင် ပယ်ဖျက်လိုက်သည့်အပြင် အခြားတိုင်းနှင့် ပြည်နယ်တို့မှ လာသူများကိုလည်း ပြည်နယ်အတွင်း ဝင်ခွင့်ကို လည်း သက်ဆိုင်ရာ တာဝန်ရှိသူတို့က ပြန်လည်ခွင့်ပြုလာခဲ့သည်။ ဒီဇင်ဘာလကုန်ပိုင်းအထိ ကိုဗစ် ကူးစက်မှုသည် လူထုအကြား ပျံ့နှံ့နေဆဲ ဖြစ်သည့်အတွက် ရောဂါကူးစက်မှုအပေါ် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဌာန တာဝန်ရှိသူတို့က စိုးရိမ်နေကြသည်။ လက်ရှိတွင် ရောဂါကူးစက်မှု လျော့နည်းသွားခြင်းမရှိသေးဘဲ အနံ့ပျောက်သူ၊ ရန်ကုန်ပြန်သူနှင့် ထိတွေ့မှုများမှ တစ်ဆင့် ရောဂါပိုး နေ့စဉ်တွေ့ရှိနေပြီး စစ်ဆေးသူ ၁၀ မှ ၁၅ ရာခိုင်နှုန်းအကြား ပိုးတွေ့နေကြောင်း ပြည်နယ် ပြည်သူ့ […]