BREAKING
September 19, 2024

မွန်

ရေးတွင် စစ်ကောင်စီ လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ကလေးသုံးဦးအပါအဝင် မိသားစုဝင်ငါးဦးဒဏ်ရာရ

Dawei Watch

June 6, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ မော့ကနင်ကျေးရွာတွင် ဇွန်လ ၅ ရက်ညက စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးသုံးဦး အပါအဝင် မိသားစုဝင်ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ-၁၀၆ တပ်ရင်းက ဇွန်လ ၅ ရက် ည ၉ နာရီခွဲကျော်ကစပြီး မော့ကနင် ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ဇွန်လ ၆ရက် နံနက် ၁ နာရီဝန်းမှသာ လက်နက်ကြီးပစ်ခတ်သံ တိတ်သွားကြောင်း ၎င်းတို့က ဆိုသည်။ လက်နက်ကြီးကျည်တစ်လုံးမှာ မော့ကနင်းကျေးရွာ၊ ကားဆိပ်ရပ်ရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အသက် ၁၀နှစ်အောက် ကလေး သုံးဦးနှင့် မိဘနှစ်ဦး ကျည်စထိမှန်ဒဏ်ရာများရပြီး နေအိမ်လည်းပျက်စီးကြောင်း ဒေသခံတစ်ဦးက […]

ကျုံအိတ်တံတားနေရာ ဘေလီတံတားထိုးပြီးစီး၊ ကားများ ဖြတ်သန်းခွင့်ပြု

Dawei Watch

May 29, 2024

မွန်ပြည်နယ်၊ ဘီးလင်းနှင့် သထုံကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ် မိုင်းခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတား နေရာတွင် ဘေလီတံတားထိုးပြီး ယနေ့ မေလ၂၉ ရက်မှစကာ ကားများကို ဖြတ်သန်းခွင့်ပြုနေကြောင်း ကားမောင်းသူတို့ထံမှ သိရသည်။ ဘေလီတံတားပေါ်မှ ကားကြီး၊ ကားငယ်များကို အလှည့်ကျဖြင့် ဖြတ်သန်းခွင့်ပြုနေပြီး ကားရာနှင့်ချီ တန်းစီစောင့်ဆိုင်း နေသည့်အတွက် အချိန်ပေးရကြောင်း အချိန်ပေးရသည်ဟု ကားမောင်းသူတို့က ဆိုသည်။ “ကုန်ကားတွေရော အကုန်လုံး ဖြတ်လို့ရနေပြီ။ ဒါပေမဲ့ အလှည့်ကျနဲ့ ဖြတ်ရတော့ အချိန်ပေးရတယ်။ နောက်ပြီးတော့ စောင့်နေတဲ့ ကားတန်းကလည်း ရှိနေတော့ စောင့်ရတယ်။ ဘယ်လိုဖြစ်ဖြစ် ဖြတ်လို့ရနေပြီးဆိုတော့ ညအိပ်စောင့်စရာတော့ မလိုတော့ဘူး” ဟု ကားမောင်းသူတစ်ဦးက ပြောသည်။ ကျုံအိတ်တံတားသည် မေလ ၁၁ ရက်နေ့ နံနက်စောပိုင်းက မိုင်းခွဲခံရပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး […]

မော်လမြိုင်-ထားဝယ်ကားလမ်းရှိ တံတားတစ်စင်း ထပ်မံမိုင်းခွဲခံရ တစ်ဦးသေ၊ ၃ ဦးဒဏ်ရာပြင်းထန်

Dawei Watch

May 23, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်းပေါ်ရှိ မစောတံတား ယနေ့ (မေ ၂၃) နံနက်အစောပိုင်းက ထပ်မံမိုင်းခွဲဖျက်ဆီးခံရပြီး ဆိုင်ကယ်ဖြင့် ခရီးသွားလာသူ ၁ ဦး သေဆုံးကာ၊ ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်ဘက်သို့ ဆက်သွယ်သွားလာ အသုံးပြုနေရသည့် မစောတံတားသည် ယနေ့ နံနက် ၄ နာရီခွဲကျော်အချိန်ခန့်က မိုင်းခွဲခံရပြီး တံတားပြိုကျပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ မိုင်းခွဲခံရပြီး တံတားပြိုကျပျက်စီးသွားသည့်အတွက် လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားပြီဖြစ်သည်။ တံတားမိုင်းခွဲခံရစဉ်တံတားပေါ်ဖြတ်သန်းသွားနေသည့် ဆိုင်ကယ် ၃ စီး တံတားပြိုကျမှုနှင့်အတူ ချောင်းအတွင်း ပြုတ်ကျသွားခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ အမျိုးသား ၁ သေဆုံးကာ၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၂ ဦး […]

ပြည်တွင်းပြည်ပရှိ မွန်အဖွဲ့အစည်းများကို NMSP-AD က အွန်လိုင်းဖြင့် ပထမအကြိမ်တွေ့

Dawei Watch

May 20, 2024

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က ပြည်တွင်း၊ ပြည်ပရှိ မွန်အဖွဲ့အစည်းများ၊ သံဃာတော် များကို အွန်လိုင်းမှတစ်ဆင့် ပထမအကြိမ်တွေ့ဆုံခဲ့ကြောင်း NMSP-AD ထံမှ သိရသည်။ တွေ့ဆုံပွဲကို မေလ ၁၉ ရက် နံနက်ပိုင်းတွင် သုံးနာရီကြာပြုလုပ်ခဲ့ပြီး ပြည်တွင်း၊ ပြည်ပရှိ မွန်အဖွဲ့အစည်း ၃၀၊ ဖိတ်ကြား ထိုက်သည့်ပုဂ္ဂိုလ်များနှင့် မွန်သံဃာတော်များအပါအဝင် ၆၀ ဦးကျော် တက်ရောက်ခဲ့ကြောင်း NMSP- AD ထံမှ သိရသည်။ NMSP-AD နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီက အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ၊ ဒုတိယ အဖွဲ့ခေါင်းဆောင် (၁) နိုင်ဗညားလယ်၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၂) နိုင်လယီဟကောင်းနှင့် ဗိုလ်မှူးချုပ် ဂျလွန်းထောတို့ တက်ရောက်ခဲ့ကြသည်။ “မွန်ပြည်သစ်ပါတီ AD ရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်းဖို့နဲ့ အဖွဲ့အစည်းအသီးသီးက […]

ကျုံအိတ်တံတား မြေသားလမ်းလွှဲမှ သွားနိုင်ပြီ၊ တစ်လှည့်စီဖြတ်ရ၍ ကားရာချီစောင့်ဆိုင်းနေရ

Dawei Watch

May 17, 2024

မွန်ပြည်နယ်၊ ဘီးလင်းနှင့် သထုံမြို့နယ်ကြားရှိ မိုင်းခွဲဖျက်ဆီးခံရသည့် ကျုံအိတ်တံတားနေရာတွင် မြေသားလမ်းလွှဲမှ တစ်ဆင့် ကားများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သော်လည်း တစ်လှည့်စီဖြတ်သန်းနေရသည့်အတွက် ကားရာနှင့်ချီ စောင့်ဆိုင်းနေရကြောင်း ခရီးသွားပြည်သူတို့ထံမှ သိရသည်။ ရန်ကုန်-မော်လမြိုင်-ထားဝယ်ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားသည် မေလ ၁၁ ရက် အစောပိုင်းက မိုင်းခွဲခံရပြီး တံတားတစ်စင်းလုံး ပြိုကျပျက်စီးသွားခဲ့သည်။ မိုင်းခွဲခံရပြီး ပြိုကျပျက်စီးသွားသည့် တံတားနေရာတွင် ယာယီဖြတ်သန်းသွားလာနိုင်ရန်အတွက် တံတားဘေး လမ်းလွှဲကို မြေသားဖို့ပြီးနောက် မေလ ၁၆ ရက်မှစတင်ကာ ကားငယ်များကို ဖြတ်သန်းခွင့်ပေးခဲ့ကာ ယနေ့ မေလ ၁၇ ရက်တွင် ကုန်တင်ကား၊ ခရီးသည်တင်မှန်လုံကားများပါ ဖြတ်သန်းသွားလာခွင့်ပြုနေကြောင်း ကားမောင်းသူက ပြောသည်။ သို့သော် လမ်းလွှဲမှာ တစ်လမ်းသွားဖြစ်ပြီး ရန်ကုန်ဘက်မှ လာသောကားနှင့် မော်လမြိုင်ဘက်က သွားသည့်ကားများ တစ်လှည့်စီဖြတ်သန်းခွင့် ပြုနေသည့်အတွက် နှစ်ဖက်စလုံးတွင် ကားအများအပြား […]

သထုံခရိုင်တွင် လက်နက်ကြီးကြောင့် သုံးရက်အတွင်း အရပ်သားသုံးဦးသေ၊ ၅၀၀၀ ကျော်ထွက်ပြေးနေရ

Dawei Watch

May 16, 2024

မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ သထုံနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သုံးရက်အတွင်း အရပ်သား သုံးဦးသေဆုံးပြီး ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ပြောဆိုချက်နှင့် KNU သထုံခရိုင်ထုတ်ပြန်ချက်တို့အရ သိရသည်။ သထုံနှင့် ဘီးလင်းကြားရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသည့် မေလ ၁၁ရက်မှ ၁၃ရက်အထိ စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတို့က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်း KNU က ထုတ်ပြန်ထားသည်။ သထုံခရိုင် အခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ ၃၁၄ ၊ ခြေမြန်တပ် ခမရ ၉ နှင့် ခြေလျင်တပ် ခလရ ၈ တပ်ရင်း၊ တပ်စခန်းတို့က တံတားအနီးအနားတစ်ဝိုက်ရှိ ရွှေရောင်ပြ၊ ဝီယော်၊ ကဒီပု၊ ဒေါက်ရပ်၊ အဝန်းကြီး စသည့် ကျေးရွာများသို့ […]