BREAKING
April 20, 2025

မွန်

မွန် ဝန်ကြီးချုပ် ပြန်လည်ဖမ်းဆီး ခံရ

diz_admin

February 19, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ညက တပ်မတော်က ပြန်လည်ဖမ်းဆီးခေါ် ဆောင်သွားကြောင်း သိရသည်။ တပ်မတော်က အာဏာသိမ်းယူ သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ပိုင်းတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံအပါအဝင် မွန်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအများစုတို့က တပ် မတော်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအားလုံး ပြန်လွှတ်ပေးခဲ့ပြီး ပြည်နယ်အစိုးရဝန်ကြီးအိမ်ရာတွင် အကျယ်ချုပ်ထားရှိထားရာမှ ဝန်ကြီးချုပ် ကို ပြန်လည်ခေါ်ဆောင်သွားခြင်းဖြစ်သည်။ “ဝန်ကြီးချုပ်ကို မနေ့ညက ပြန် ခေါ်သွားပါတယ်။ ဘယ်ကိုခေါ်သွားလဲတော့ မသိသေးဘူး။ ဘာမှလည်း သတင်းမရသေးဘူး” ဟု နီးစပ်သူတစ်ဦး က ပြောသည်။ ဝန်ကြီးများကိုမူ အစိုးရအိမ်ရာဝင်း အတွင်းတွင်ပင် အကျယ်ချုပ်ထားထားပြီး လုံခြုံရေး တင်းကျပ်ထားသည်ဟု ဝန်ကြီး […]

ဖမ်းဆီးခံရသည့် မွန်ဝန်ကြီး ၃ ဦး သုံးရက်မြောက်နေ့တွင် ပြန်လွတ်

diz_admin

February 8, 2021

တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားသည့် မွန်ပြည်နယ် ဝန်ကြီး ၃ ဦးသည် သုံးရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၁၀ နာရီ ကျော်တွင် ပြန်လည်လွတ်မြောက်လာ ခဲ့သည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံအပါအဝင် အစိုးရအဖွဲ့ဝန်ကြီး အချို့တို့ကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်ပိုင်းက တပ်မတော်မှ ခေါ်ဆောင် သွားခဲ့သည်။ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့တို့ကို ယင်းနေ့၌ပင် ပြန်လွှတ်ပေးခဲ့သော်လည်း သယံဇာတနှင့် သဘာဝထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်တို့ကို ထိုနေ့တွင် ပြန်လွှတ်ပေးခဲ့ခြင်းမရှိပေ။ ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် နောက်ဆုံးကျန်နေသည့် ဝန်ကြီး ၃ ဦးစလုံးကို ဝန်ကြီး […]

နေပြည်တော်ရောက် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ နေရပ်ပြန်

diz_admin

February 8, 2021

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ထိန်းသိမ်းခံထားရသည့် မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စား ၅ ဦး ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်တွင် နေရပ်ပြန်လာကြပြီဟု လွှတ်တော် ကိုယ်စားလှယ်တို့က ပြောသည်။ မွန်ညီညွတ်ရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့သည် တတိယအကြိမ်လွှတ်တော် တက်ရန် နေပြည်တော် စည်ပင်ဧည့် ရိပ်သာသို့ ရောက်ရှိနေစဉ် အာဏာသိမ်း တပ်မတော်၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေတွင် စည်ပင်ဧည့်ရပ်သာရှိ လွှတ်တော် ကိုယ်စားလှယ်များအားလုံး နေရပ်ပြန် နိုင်ပြီးဖြစ်ကြောင်း တပ်မတော်မှ လာရောက် ပြောကြားခဲ့သည်ဟု မွန်ညီညွတ်ရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် နိုင်စံတင်က ပြောသည်။ “တိုင်းဒေသကြီးနဲ့ ပြည်နယ်က ကိုယ်စားလှယ်တွေ ဒီအချိန်ကနေစပြီး မနေ့က […]

၀န်ထမ်း ၄၀ဝ၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေး စထိုးပေး

diz_admin

February 4, 2021

မွန်ပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းပေါင်း ၄၀ဝ၀ ကျော်ကို ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကိုဗစ် ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်သည်။ ကိုဗစ်ကာကွယ်ဆေးများ မြန်မာ နိုင်ငံသို့ ဇန်နဝါရီ ၂၂ ရက်နေ့က ရောက် ရှိလာခဲ့ပြီး အစိုးရက တိုင်းနှင့် ပြည် နယ်များသို့ ဖြန့်ဝေပေးခဲ့ရာ ပထမဦးစား ပေးအနေနှင့် ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီ ၂၇ ရက်နေ့တွင် စတင်ထိုးနှံ ပေးခြင်း ဖြစ်သည်။ ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးပေးနေသည့် အခြေအနေသာ သိရှိထားပြီး မွန်ပြည်နယ်အတွက် ကိုဗစ်ကာကွယ်ဆေး ခွဲတမ်းမည်မျှရမည်ကို မသိသေးကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒုတိယ ပြည်နယ်ဦးစီးမှူး (စီမံ၊ ဘဏ္ဍာ) ဒေါက်တာဝတ်မှုံက ပြောသည်။ “ဆေးရရှိတဲ့အပေါ် မူတည်ပြီးတော့ ဦးစားပေး အုပ်စုအလိုက် တက်သွားမှာပေါ့။ အဲဒီလိုမျိုးလေးတော့ […]

မော်လမြိုင်တွင် မူးယစ်ဆေး ၆ သိန်းကျော် ဖမ်းမိ

diz_admin

February 4, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်တွင် ဇန်နဝါရီ ၂၃ ရက်က မူးယစ်ဆေး ၆ သိန်းကျော် ဖမ်းဆီးရမိကြောင်း မော်လမြိုင်မြို့မရဲစခန်းထံမှ သိရသည်။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် တာဝန် ရှိသူများသည် မူးယစ်ဆေးဝါးသတင်းအရ မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက် ကမ်းနားလမ်းနှင့် မြို့မတံတားလမ်းထောင့်ရှိ ကားပွဲစားတန်းအနီးတွင် စောင့်ဆိုင်းနေကြစဉ် TOYOTA HILUX SURF အပြာရောင်ယာဉ်နှင့် TOYOTA HILUX VIGO မီးခိုးရောင်ယာဉ်နှစ်စီးဖြင့် တစ်ဖွဲ့တည်းလာသူတို့အား ရပ်တန့်စစ်ဆေးခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ ထိုသို့ ရပ်တန့်စစ်ဆေးရာတွင် ယာဉ်ပေါ်တွင် WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၆၀၄၅၀ဝ ကျော် အလေးချိန် ၆၀၄၅၀ ဂရမ်ခန့်ကို တွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရသိရသည်။ “ဖမ်းမိတဲ့ ဆေးပြားက အားလုံး […]

မွန်တွင် ဆားတစ်ပိဿာ ကျပ် ၅၀ အထိ ဈေးကျ

diz_admin

February 4, 2021

မွန်ပြည်နယ်ထွက် ဆားကြမ်းများ ကိုဗစ်ကပ်ရောဂါကြောင့် တစ်ပိဿာ ကျပ် ၅၀ အထိ ကျသွားသည်ဟုပြည်နယ် အတွင်းရှိ ဆားအရောင်းအဝယ်ပြုသူနှင့် ဆားတောင်သူတို့ထံမှ သိရသည်။ ဆားအသစ်စထွက်ချိန်တွင် ဆားကြမ်းဈေးကောင်းရလေ့ရှိသော်လည်း ယခုနှစ်တွင်ကိုဗစ်ကပ်ဘေးကြောင့် ဆားအရောင်းအဝယ်မရှိဘဲ ဆားဈေး ထုတ်လုပ်မှုကုန်ကျစရိတ်အောက် အထိကျသွားသည်ဟု ဆားတောင်သူတို့က ပြောသည်။ လက်ရှိတွင် ဆားကြမ်းဈေး တစ် ပိဿာ ၅၀ ကျပ်သာရှိနေပြီး ယမန်နှစ်က ယခုကဲ့သို့ ဆားထုတ်ရာသီအစတွင် ဆားကြမ်းတစ်ပိဿာပေါက်ဈေး ကျပ် ၂၀ဝ ကျော်ရှိခဲ့သည်ဟု ရေးမြို့နယ်ရှိ ပငဆားတောင်သူတို့က ပြောသည်။ “အခုချိန်မှာ ဆားပေါက်ဈေးက (တစ်ပိဿာ) ၅၀ ကျပ် ပဲရှိတယ်။ ထုတ်လုပ်မှုစရိတ်အောက်ထက်ကို ကျသွားတယ်။ ဒီအချိန်က ဆားတွေလည်း ထွက်နေပြီး ဝယ်တဲ့လူလည်းမရှိဘူး ဆားကျန်တွေကလည်း အများကြီး။ ရတဲ့ဈေး၊ ပေးတဲ့ဈေးနဲ့ပဲ ထုတ်ရောင်းနေရတယ်” ဟု […]

ကိုဗစ်ကြောင့် သေဆုံးသူဆက်တိုး

diz_admin

February 4, 2021

မွန်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကူးစက်မှုကြောင့် ဇန်နဝါရီ ၂၈ ရက်အထိ သေဆုံးသူ ၄၂ ဦးအထိ တိုးလာသည်ဟု မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြည်နယ်အတွင်း ကိုဗစ်ကြောင့် သေဆုံးမှု ဇန်နဝါရီလအတွင်း၌ ဆက်တိုက် တိုးလာခဲ့ပြီး လက်ရှိတွင် ၄၂ ဦး အထိ ရှိလာခဲ့သည်။ သေဆုံးသူများသည် ရောဂါအခံကြီးကြီးမားမားရှိသူမဟုတ်ဘဲ အဓိက ကိုဗစ်ကူးစက်ရောဂါကြောင့်သာ သေဆုံးသွားကြခြင်းဖြစ်သည်ဟု ပြည်နယ်ပြည် သူ့ကျန်းမာရေးဦးစီးဌာန ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။ “ကိုဗစ် ဗိုင်းရပ်စ်ပိုးဟာ အရင်ကထက် ပိုပြင်းထန်လာသလားဆိုတာကို စဉ်းစားစရာ ဖြစ်နေတာပေါ့နော်” ဟု ဒေါက်တာဝတ်မှုံက ပြောသည်။ မွန်ပြည်နယ်တွင် အထူးသဖြင့် မော်လမြိုင်၊ သထုံနှင့် ကျိုက်ထိုမြို့နယ် တို့တွင် နိုဝင်ဘာလဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ပိုးတွေ့လူနာ သိသိသာသာမြင့် တက်လာခဲ့ပြီး ထိတွေ့သူတွေလည်း များပြားလာခဲ့သည်။ […]

မွန်အမျိုးသားနေ့ အကျဉ်းရုံး ကျင်းပမည်

diz_admin

January 30, 2021

လာမည့် ဖေဖော်ဝါရီလတွင်ကျင်းပမည့် မွန်အမျိုးသားနေ့ အခမ်းအနားကို ကိုဗစ်ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ အကျဉ်းရုံး ကျင်းပသွားမည်ဟု မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားကျင်းပရေး ကော်မတီထံမှ သိရသည်။ တပို့တွဲလပြည့်ကျော် (၁) ရက် (ဖေဖော်ဝါရီလ ၂၇ ရက်)တွင် ကျရောက်မည့် ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို သထုံမြို့တွင် ကျင်းပရန် လျာထားခဲ့သော်လည်း ကိုဗစ် ကပ်ဘေးကြောင့် မော်လမြိုင်မြို့တွင် ကျင်းပရန် ဆုံးဖြတ်ထားသည်။ ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မွန်တို့၏ ဘာသာ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာ၊ သမိုင်းအစဉ်အလာများ မပျောက်ပျက် မတိမ်ကောစေရေး ထိန်းသိမ်းသွားရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်၊ မွန်လူမျိုးတို့၏ ဇာတိသွေး ဇာတိမာန်အစဉ်နိုးကြားပြီး စည်းလုံးညီညွတ်ရန်နှင့် တိုင်းရင်းသား လူမျိုးများအားလုံး စည်းလုံးညီညွတ်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် တိုင်းရင်းသားလူမျိုးများ […]