မော်လမြိုင်တွင် တက္ကသိုလ် ကျောင်းသားတစ်ဦး ထပ်မံသေဆုံး
diz_admin
March 10, 2021မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် တွင် အကြမ်းဖက်မှုကြောင့် ဦးခေါင်း ကျည်ထိမှန်သည့် အသက် ၂၃ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ဦး မတ်လ ၃ ရက် ညပိုင်းက ထပ်မံ သေဆုံး သွားခဲ့သည်။ ဘူမိဗေဒ တတိယနှစ် ကျောင်းသား မောင်ထက်ဝေထူးသည် မတ်လ ၃ ရက် ညနေပိုင်းခန့်က မော်လမြိုင်မြို့ သီရိမြိုင် ရပ်ကွက်အတွင်း အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြနေကြသည်ကို ထွက်ကြည့်ရာမှ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ အချို့ထံမှ သိရသည်။ ဦးခေါင်းတွင် သေနတ်ကျည်ထိမှန် သွားသည့် မောင်ထက်ဝေထူးကို လူမှု ကယ်ဆယ်ရေးကားဖြင့် ငွေမိုး ပုဂ္ဂလိက ဆေးရုံသို့ ပို့ဆောင်ဆေးကုသစဉ် သေဆုံး သွားခြင်းဖြစ်သည်။ “သူက သူ့ဆိုင်ရှေ့မှာ ရပ်ကြည့်နေ တာကို အပစ်ခံရတာပါ။ ဦးခေါင်းကို ပစ်ခံရတာပါ။ ဆန္ဒပြတဲ့အထဲပါသွားလို့ […]