မော်လမြိုင်တွင် တက္ကသိုလ် ကျောင်းသူကျောင်းသား ၈ ဦး အဖမ်းခံရ
diz_admin
May 18, 2021မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မေလ ၁၇ ရက်နေ့ညက တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦး ဖမ်းဆီးခံရကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။ မေလ ၁၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်တွင် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ စုပေါင်းနေထိုင်နေကြသည့် နေအိမ်သို့ တပ်ကောင်စီတပ်ဖွဲ့တို့က အင်အားဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့် ကျောင်းသူ ကျောင်းသား ၈ ဦးတွင် မော်လမြိုင်တက္ကသိုလ်မှ ၂ ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) မှ ၅ ဦးနှင့် မော်လမြိုင်တက္ကသိုလ် အဝေးသင်ကျောင်းသား ၁ ဦးတို့ ဖြစ်သည်ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။ တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦးအား ဖမ်းဆီးရသည့်အကြောင်းအရင်းနှင့် လက်ရှိတွင် […]