BREAKING
April 21, 2025

မွန်

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ပစ်ခတ်မှုဖြစ်ပွား

diz_admin

June 4, 2021

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာတွင် ဇွန်လ ၄ ရက်နေ့ နေ့လယ်ပိုင်းခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ ယနေ့ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်က တံခွန်တိုင် ရဲစခန်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA နှင့် ရဲနှင့် နယ်ခြားစောင့်တပ် BGF ပူးပေါင်းအဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ ယင်းဒေသမှာ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ၏ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် လည်း ဖြစ်သည်။ တိုက်ပွဲကြောင့် တံခွန်တိုင်ကျေးရွာခံများ ဘေးလွတ်ရာ ရွာအပြင်ဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ “ပစ်ခတ်မှုဖြစ်တာက နေ့လယ် ၁၁ နာရီနဲ့ ၁၂ နာရီ ဝန်းကျင်လောက်မှာ ဖြစ်တယ်၊ လက်နက်ကြီးတွေရော အသေးတွေရော […]

သံဖြူဇရပ် အထက(၁) တွင် လက်လုပ်မိုင်း ၃ လုံးတွေ့

diz_admin

June 3, 2021

မွန်ပြည်နယ် သံဖြူဇရပ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဆောင်တစ်ခုအတွင်း ဇွန်လ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က လက်လုပ်ချိန်ကိုက်မိုင်း ၃ လုံး တွေ့ရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။ ချိန်ကိုက်မိုင်းများကို ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်တစ်ခု၏ အမှိုက်ပုံးနေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ အချိန်မီလာရောက် ရှင်းလင်းခဲ့သည်ဟုလည်း သိရသည်။ အလားတူ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ရေးမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်းတစ်ခုတွင်လည်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထိုကဲ့သို့ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းအချို့တို့တွင် ဗုံးတွေ့ရှိမှု ဆက်တိုက်ရှိလာသည့်အတွက် ကျောင်းသူ ကျောင်းသားမိဘများအကြား စိုးရိမ်ထိန့်လန့်စရာဖြစ်လာသည်။ “အခုက ကျောင်းဖွင့်နေပြီးလေ ကျောင်းမတက်ကြတာရှိသလို ကျောင်းတက်နေတဲ့ ကလေးတွေလည်း ရှိတယ်၊ ဒီကလေးတွေအတွက် […]

မွန်တွင် ကိုဗစ်လူနာ ဆက်တိုက်တွေ့

diz_admin

May 31, 2021

မွန်ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ဆက်တိုက် တွေ့ရှိလာသည်ဟု ကျန်းမာရေးဌာနနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတို့ထံမှ သိရသည်။ မေလ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်မှ အမျိုးသား ၂ ဦးတွင် ကိုဗစ်ပိုး စတင်တွေ့ရှိခြင်းဖြစ်သည်။ မေလ ၃၁ ရက်နေ့တွင်လည်း သံဖြူဇရပ်မြို့နယ် ပငကျေးရွာမှ အနံ့ပျောက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို သံဖြူဇရပ်ဆေးရုံတွင် ရောဂါပိုးရှိ မရှိ စစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ပိုးတွေ့လူများနှင့် ထိတွေ့ခဲ့သူများကို နေအိမ်တွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားသည်ဟုလည်း သံဖြူဇရပ်လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ပိုးတွေ့လူနာများကို မော်လမြိုင်ရှိ ကိုဗစ်ပိုးတွေ့လူနာများထားရှိရာဆေးရုံသို့ ပို့ဆောင်ဆေးကုလျက်ရှိသည်။ “အခု ပိုးတွေ့တဲ့အခြေအနေက ဆက်တိုက်ရှိလာနေတယ်၊ ပေါ့ဆနေလို့ မရတော့ဘူး” ဟု မြို့နယ်တာဝန်ကျဆရာဝန်တစ်ဦးက ပြောသည်။ မေလ ၂၅ ရက်နေ့တုန်းကလည်း မော်လမြိုင်တက္ကသိုလ် ၁၀ မြို့နယ်အဆောင် […]

မွန်တွင် ပညာရေးဝန်ထမ်း ၃၀၀၀ ကျော် အလုပ်ယာယီရပ်ဆိုင်းခံရ

diz_admin

May 27, 2021

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာရေးဝန်ထမ်း ၃၀၀၀ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံထားရကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။ တာဝန်မှ ယာယီရပ်ဆိုင်းခံရသည့် ပညာရေးဝန်ထမ်းများသည် အာဏာသိမ်းတပ် လက်အောက်တွင် အလုပ်မလုပ်လိုကြသည့်အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေကြသူများဖြစ်သည်။ “လက်ရှိ တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတာကတော့ ၃၀၀၀ ကျော်သွားပြီး၊ CDM မှာ ပါဝင်နေကြတဲ့သူတွေပါ” ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တာဝန်မှ ယာယီရပ်ဆိုင်းခံရသူများသည် ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ ပျက်ကွက်ခြင်း လုံလောက်သောအကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်နေခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဆိုပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ထုတ်ပြန်ထားသည့်စာတွင် ပါရှိသည်။ တာဝန်မှ ယာယီရပ်ဆိုင်းခံရသူ ၃၀၀၀ ကျော်ထဲတွင် ဆရာ ဆရာမများအပြင် မူလတန်း အလယ်တန်းနှင့် အထက်တန်းကျောင်းအုပ်ကြီးများလည်း ပါဝင်သည်။ […]

ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ပစ်သတ်ခံရ

diz_admin

May 27, 2021

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေသည် ယနေ့ နံနက်တွင် ပစ်သတ်ခံရကြောင်း ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။ မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဦးမြင့်ဆွေနှင့် ဇနီးတို့သည် ၎င်းတို့ပိုင် ကြက်မောက်ခြံသို့အသွား လမ်းတွင် အမည်မသိသူနှစ်ဦးတို့မှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ပစ်ခတ်ခံရသည့်နေရာ၌ပင် ဦးမြင့်ဆွေ သေဆုံးသွားပြီး ဇနီးဖြစ်သူမှာ အပြင်းအထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ “ဆိုင်ကယ်နဲ့ လာပစ်သွားတယ်၊ ဦးမြင့်ဆွေကတော့ ပွဲချင်းပြီး သေသွားတယ်၊ သူ့အမျိုးသမီးကတော့ မေရိုးမှာ ဒဏ်ရာရ သွားတယ်လို့ သိရတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာသို့ တပ်ကောင်စီ တပ်ဖွဲ့ဝင်များ […]

မော်လမြိုင်တက္ကသိုလ် အရာထမ်း ၁၅၅ ဦး ရာထူးမှ ထုတ်ပယ်ခံရ

diz_admin

May 27, 2021

မော်လမြိုင်တက္ကသိုလ်မှ အရာထမ်း ၁၅၅ ဦးကို မေလ ၂၁ ရက်နေ့မှစ၍ ရာထူးမှ ထုတ်ပယ်ကြောင်း မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်တို့၏ လက်မှတ်အသီးသီးဖြင့် စာထုတ်ပြန် ကြေညာလိုက်သည်။ အရာထမ်း ၁၅၅ ဦးတို့သည် ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ ဥပဒေနှင့်အညီ ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံ့ဝန်းထမ်းဥပဒေအရ ရာထူးမှ ထုတ်ပယ်ခြင်း ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်ဆိုပြီး ထုတ်ပြန်စာတွင် ပါရှိသည်။ ရာထူးမှ ထုတ်ပယ်ခံရသည့် အရာထမ်းများသည် တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့်အတွက် တာဝန်မှ ယာယီ ရပ်ဆိုင်းခံထားရသူများဖြစ်သည်။ “CDM လုပ်လို့ တာဝန်ကနေ ယာယီရပ်ဆိုင်းခံခဲ့ရာကနေ နောက်ဆုံးတော့ ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်တယ်၊ အယူခံလွှာတင်လို့ရတယ်ဆိုပေမယ့် […]

ရေးမြို့နယ်တွင် ဗုံးပေါက် ကလေးတစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရ

diz_admin

May 21, 2021

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ ကျောင်းရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မေလ ၁၉ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့်က ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကျောင်းရွာအုပ်ချုပ်ရေးမှူးအပြင် အခြားရွာခံ နှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ “ထိသွားတဲ့ ၅ ယောက်ထဲမှာ ကလေးနဲ့ သူ့အဖေ နောက်ပြီးတော့ အမျိုးသမီးတစ်ဦး အဲဒီ ၃ ယောက်ကို မော်လမြိုင်ကို ပို့လိုက်ရတယ်၊ ကလေးနဲ့ အမျိုးသမီးကတော့ အခြေအနေဆိုးတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ကျေးရွာအတွင်း တပ်ကောင်စီတပ်ဖွဲ့ဝင်တို့မှ လုံခြုံရေး တင်းကြပ်ထားသည်ဟုလည်း ဒေသခံတို့မှ သိရသည်။ ရေးမြို့နယ် လမိုင်းမြို့နှင့် […]

မော်လမြိုင်တွင် တက္ကသိုလ် ကျောင်းသူကျောင်းသား ၈ ဦး အဖမ်းခံရ

diz_admin

May 18, 2021

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မေလ ၁၇ ရက်နေ့ညက တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦး ဖမ်းဆီးခံရကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။ မေလ ၁၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်တွင် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ စုပေါင်းနေထိုင်နေကြသည့် နေအိမ်သို့ တပ်ကောင်စီတပ်ဖွဲ့တို့က အင်အားဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့် ကျောင်းသူ ကျောင်းသား ၈ ဦးတွင် မော်လမြိုင်တက္ကသိုလ်မှ ၂ ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) မှ ၅ ဦးနှင့် မော်လမြိုင်တက္ကသိုလ် အဝေးသင်ကျောင်းသား ၁ ဦးတို့ ဖြစ်သည်ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။ တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦးအား ဖမ်းဆီးရသည့်အကြောင်းအရင်းနှင့် လက်ရှိတွင် […]