မွန်တွင် နှစ်ရက်အတွင်း ကိုဗစ်လူနာ ၁၀၀ ကျော်တွေ့
diz_admin
June 19, 2021မွန်ပြည်နယ်တွင် နှစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၀၁ ဦးအထိ တွေ့ရှိခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဇွန်လ ၁၉ ရက်နေ့ စစ်ဆေးချက်အရ မော်လမြိုင်မြို့နယ် တစ်ခုတည်းတွင် ကိုဗစ်အတည်ပြုလူနာ ၃၈ ဦးအထိ တွေ့ရှိခဲ့ပြီး သံဖြူဇရပ်မှ ၂၀ ဦး၊ သထုံမှ ၇ ဦး စုစုပေါင်း ၆၅ ဦးနှင့် ဇွန်လ ၁၈ ရက်နေ့တွင် ၃၆ ဦး တွေ့ရှိထားသည်။ မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ပြန်လည်တွေ့ရှိလာသည်။ ဇွန်လဆန်းပိုင်းခန့်မှစပြီး ရောဂါကူးစက်မှု ဆက်တိုက်တွေ့ရှိလာသည့်အပြင် သေဆုံးသူလည်း ၅ ဦးအထိ ရှိလာခဲ့သည်။ ကိုဗစ်အတည်ပြုလူနာများအနက် ခရီးသွားရာဇဝင်မရှိ၊ ပိုးတွေ့လူနာနှင့်ထိတွေ့မှုမရှိဘဲ အနံ့ပျောက်လက္ခဏာပြရာမှတစ်ဆင့် ပိုးတွေ့ရှိသူအများစုဖြစ်ပြီး ပြည်ပမှ ပြန်ဝင်လာသူများလည်းရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။ […]