BREAKING
March 1, 2025

မွန်

မွန်တွင် ပညာရေးဝန်ထမ်း ၃၀၀၀ ကျော် အလုပ်ယာယီရပ်ဆိုင်းခံရ

diz_admin

May 27, 2021

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာရေးဝန်ထမ်း ၃၀၀၀ ကျော် တာဝန်မှ ယာယီရပ်ဆိုင်းခံထားရကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။ တာဝန်မှ ယာယီရပ်ဆိုင်းခံရသည့် ပညာရေးဝန်ထမ်းများသည် အာဏာသိမ်းတပ် လက်အောက်တွင် အလုပ်မလုပ်လိုကြသည့်အတွက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်နေကြသူများဖြစ်သည်။ “လက်ရှိ တာဝန်ကနေ ယာယီရပ်ဆိုင်းခံရတာကတော့ ၃၀၀၀ ကျော်သွားပြီး၊ CDM မှာ ပါဝင်နေကြတဲ့သူတွေပါ” ဟု ပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တာဝန်မှ ယာယီရပ်ဆိုင်းခံရသူများသည် ခွင့်စည်းကမ်းကို ဖောက်ဖျက်ပြီး ခွင့်မဲ့ ပျက်ကွက်ခြင်း လုံလောက်သောအကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်နေခြင်းတို့ကြောင့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအရ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်ဆိုပြီး ပြည်နယ်ပညာရေးမှူးရုံးမှ ထုတ်ပြန်ထားသည့်စာတွင် ပါရှိသည်။ တာဝန်မှ ယာယီရပ်ဆိုင်းခံရသူ ၃၀၀၀ ကျော်ထဲတွင် ဆရာ ဆရာမများအပြင် မူလတန်း အလယ်တန်းနှင့် အထက်တန်းကျောင်းအုပ်ကြီးများလည်း ပါဝင်သည်။ […]

ဘီးလင်းမြို့နယ် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ပစ်သတ်ခံရ

diz_admin

May 27, 2021

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေသည် ယနေ့ နံနက်တွင် ပစ်သတ်ခံရကြောင်း ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီထံမှ သိရသည်။ မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဦးမြင့်ဆွေနှင့် ဇနီးတို့သည် ၎င်းတို့ပိုင် ကြက်မောက်ခြံသို့အသွား လမ်းတွင် အမည်မသိသူနှစ်ဦးတို့မှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ပစ်ခတ်ခံရသည့်နေရာ၌ပင် ဦးမြင့်ဆွေ သေဆုံးသွားပြီး ဇနီးဖြစ်သူမှာ အပြင်းအထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။ “ဆိုင်ကယ်နဲ့ လာပစ်သွားတယ်၊ ဦးမြင့်ဆွေကတော့ ပွဲချင်းပြီး သေသွားတယ်၊ သူ့အမျိုးသမီးကတော့ မေရိုးမှာ ဒဏ်ရာရ သွားတယ်လို့ သိရတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် အခင်းဖြစ်ပွားရာနေရာသို့ တပ်ကောင်စီ တပ်ဖွဲ့ဝင်များ […]

မော်လမြိုင်တက္ကသိုလ် အရာထမ်း ၁၅၅ ဦး ရာထူးမှ ထုတ်ပယ်ခံရ

diz_admin

May 27, 2021

မော်လမြိုင်တက္ကသိုလ်မှ အရာထမ်း ၁၅၅ ဦးကို မေလ ၂၁ ရက်နေ့မှစ၍ ရာထူးမှ ထုတ်ပယ်ကြောင်း မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်တို့၏ လက်မှတ်အသီးသီးဖြင့် စာထုတ်ပြန် ကြေညာလိုက်သည်။ အရာထမ်း ၁၅၅ ဦးတို့သည် ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ ဥပဒေနှင့်အညီ ထုတ်ပြန်ထားသည့် အမိန့် ညွှန်ကြားချက်များကို လိုက်နာရန် ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံ့ဝန်းထမ်းဥပဒေအရ ရာထူးမှ ထုတ်ပယ်ခြင်း ပြစ်ဒဏ် ချမှတ်လိုက်ခြင်းဖြစ်သည်ဆိုပြီး ထုတ်ပြန်စာတွင် ပါရှိသည်။ ရာထူးမှ ထုတ်ပယ်ခံရသည့် အရာထမ်းများသည် တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့်အတွက် တာဝန်မှ ယာယီ ရပ်ဆိုင်းခံထားရသူများဖြစ်သည်။ “CDM လုပ်လို့ တာဝန်ကနေ ယာယီရပ်ဆိုင်းခံခဲ့ရာကနေ နောက်ဆုံးတော့ ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်တယ်၊ အယူခံလွှာတင်လို့ရတယ်ဆိုပေမယ့် […]

ရေးမြို့နယ်တွင် ဗုံးပေါက် ကလေးတစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရ

diz_admin

May 21, 2021

မွန်ပြည်နယ် ရေးမြို့နယ် ကျောင်းရွာကျေးရွာတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးတစ်ဦးအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ ကျောင်းရွာအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မေလ ၁၉ ရက်နေ့ည ၁၀ နာရီဝန်းကျင်ခန့်က ဗုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကျောင်းရွာအုပ်ချုပ်ရေးမှူးအပြင် အခြားရွာခံ နှစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ “ထိသွားတဲ့ ၅ ယောက်ထဲမှာ ကလေးနဲ့ သူ့အဖေ နောက်ပြီးတော့ အမျိုးသမီးတစ်ဦး အဲဒီ ၃ ယောက်ကို မော်လမြိုင်ကို ပို့လိုက်ရတယ်၊ ကလေးနဲ့ အမျိုးသမီးကတော့ အခြေအနေဆိုးတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ကျေးရွာအတွင်း တပ်ကောင်စီတပ်ဖွဲ့ဝင်တို့မှ လုံခြုံရေး တင်းကြပ်ထားသည်ဟုလည်း ဒေသခံတို့မှ သိရသည်။ ရေးမြို့နယ် လမိုင်းမြို့နှင့် […]

မော်လမြိုင်တွင် တက္ကသိုလ် ကျောင်းသူကျောင်းသား ၈ ဦး အဖမ်းခံရ

diz_admin

May 18, 2021

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် မေလ ၁၇ ရက်နေ့ညက တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦး ဖမ်းဆီးခံရကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။ မေလ ၁၇ ရက်နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က မော်လမြိုင်မြို့ ဇေယျာမြိုင်ရပ်ကွက်တွင် တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ စုပေါင်းနေထိုင်နေကြသည့် နေအိမ်သို့ တပ်ကောင်စီတပ်ဖွဲ့တို့က အင်အားဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့် ကျောင်းသူ ကျောင်းသား ၈ ဦးတွင် မော်လမြိုင်တက္ကသိုလ်မှ ၂ ဦး၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) မှ ၅ ဦးနှင့် မော်လမြိုင်တက္ကသိုလ် အဝေးသင်ကျောင်းသား ၁ ဦးတို့ ဖြစ်သည်ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။ တက္ကသိုလ် ကျောင်းသူ ကျောင်းသား ၈ ဦးအား ဖမ်းဆီးရသည့်အကြောင်းအရင်းနှင့် လက်ရှိတွင် […]

မုဒုံ NLD ပြန်ကြားရေးတာဝန်ခံ ဖမ်းဆီးခံရ

diz_admin

May 6, 2021

မွန်ပြည်နယ် မုဒုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြန်ကြားရေးတာဝန်ခံမှာ မေလ ၅ ရက်နေ့ ညက အဖမ်းခံလိုက်ရကြောင်း ပြည်နယ် ပါတီ တာဝန်ရှိသူတို့ထံမှ သိရသည်။ မုဒုံ NLD ပြန်ကြားရေးတာဝန်ခံ ဦးကိုကိုဦးကို မေလ ၅ ရက်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က စစ်သားနှင့် ရဲ အင်အားအများအပြားဖြင့် နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ “သူ့နေအိမ်မှာပဲ လာဖမ်းသွားတယ်၊ လက်ရှိအခြေအနေကတော့ တိမ်းရှောင်နေကြရတယ်” ဟု မွန်ပြည်နယ် NLD တာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်းပြင် ဆန္ဒပြဦးဆောင်သူ အခြားတစ်ဦးကိုလည်း ဖမ်းဆီးသွားပြီး ၎င်းတို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုထားကြောင်းလည်း သိရသည်။ ပြည်နယ်အတွင်းက NLD ပါဝင်အချို့တို့ အဖမ်းဆီးခံနေရသည့်အပြင် NLD လွှတ်တော်ကိုယ်စားလှယ်အချို့တို့ကိုလည်း အာဏာရှင်ဆန့်ကျင်ရေး […]

မော်လမြိုင်တွင် ဗုံး နှစ်ကြိမ်ပေါက်၊ တစ်ဦးဒဏ်ရာရ

diz_admin

May 4, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် မေလ ၄ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်သွားသည်ဟု မြို့ခံတို့ထံမှ သိရသည်။ ယနေ့နံနက် ၄ နာရီဝန်းကျင်ခန့်က မော်လမြိုင် ပညာရေးကောလိပ်ကျောင်းရှေ့ဆိုင်းဘုတ်အနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကျောင်းညကင်းစောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ နံနက် ၅ နာရီဝန်ကျင်းခန့်တွင်လည်း မီးလောင်သွားခဲ့သည့် ရွှေမြိုင်သီရိအုပ်ချုပ်ရေးမှူးရုံးအနီး အသစ်ဖွင့်လှစ်ထားသည့်ရုံးနေရာတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး တင်းကြပ်ထားပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ ယနေ့နံနက်ပိုင်းကဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကြောင့် မြို့ပေါ်ရပ်ကွက်အများစုတို့တွင်လည်း သွားလာနေသူတို့အား စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြို့ခံတို့က ပြောသည်။ “မနက်က ပေါက်ကွဲမှုဖြစ်ထားလို့ ထင်တယ်။ ဒီမနက်မှာ နေရာတော်တော်များများမှာ စစ်သားနဲ့ရဲအင်အားနဲ့ စောင့်နေကြပြီးတော့ လမ်းသွားလမ်းလာတွေကို […]

မွန်တွင် ကိုဗစ်လူနာ ၃ ဦးတွေ့

diz_admin

April 29, 2021

မွန်ပြည်နယ် သထုံမြို့ရှိ ညောင်လေးပင်ဘုန်းပြီးကျောင်းမှ သံတော်နှစ်ပါးနှင့် ဝေယျာဝစ္စ လုပ်ဆောင်နေသည့် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသည်ဟု သထုံမှ အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ သထုံမြို့ နန်းခဲရပ်ကွက်ရှိ ညောင်လေးပင်ဘုန်းကြီးကျောင်းမှ သံတော်နှစ်ပါးနှင့် ဝေယျာဝစ္စလုပ်ဆောင်နေသည့်အမျိုးသမီးတစ်ဦးတို့သည် သီတင်းတစ်ပတ်ခန့် အနံ့မရဖြစ်ကြရာမှ ဆေးစစ်ကြည့်ရာတွင် ကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်သည်။ ကိုဗစ်ပိုးတွေ့ သံတော်နှစ်ပါးနှင့် ဝေယျာဝစ္စလုပ်ဆောင်နေသည့်အမျိုးသမီးတို့ကို ကိုဗစ်အတည်ပြုလူနာများထားရှိရာ မော်လမြိုင် တပ်ဆေးရုံသို့ ပို့ဆောင်ထားသည်။ “ပိုးတွေ့ သံနှစ်ပါးနဲ့ အမျိုးသမီးကို ကျွန်တော်တို့အသင်းက မော်လမြိုင် (၅၃၅) တပ်ကို ပို့ဆောင်ပေးခဲ့တယ်” ဟု အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးအဖွဲ့အသင်း တာဝန်ရှိသူက ပြောသည်။ ပိုးတွေ့လူနာတွေ့ရှိခဲ့သည့် ညောင်လေးပင်ဘုန်းကြီးကျောင်းကို လော့ဒေါင်းချထားပြီး ပိုးတွေ့လူနာတို့နှင့် ထိတွေ့ခဲ့သူများကိုလည်း ကန့်သတ်စောင့်ကြည့်နေသည်ဟုလည်း သိရသည်။ မွန်ပြည်နယ်တွင် တပ်အာဏာမသိမ်းခင်အချိန်အထိ ကိုဗစ်ပိုးတွေ့လူနာ ၃၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးမှုလည်း ရှိခဲ့သည်။ တပ်အာဏာသိမ်းပြီးနောက်ပိုင်း […]