ဘုရားသုံးဆူမြို့ခံတစ်ဦး ထပ်မံပစ်သတ်ခံရ
diz_admin
June 16, 2021ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နေပြည်သူတစ်ဦး ဇွန်လ ၁၆ ရက်နေ့ နေ့လယ်ပိုင်းခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း မြို့ခံတို့ထံမှ သိရသည်။ဘုရားသုံးဆူမြို့ ရပ်ကွက် (၂) နေသူ ဦးမောင်ကျော်သည် ယနေ့နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က အမည်အသိ သေနတ်သမားတို့မှ ကားဖြင့် လာရောက် ပစ်သတ်သွားခြင်းဖြစ်သည်။ “သေနတ်သမားကတော့ ကားနဲ့ လာပစ်သွားတယ်လို့ ပြောတယ်၊ ခေါင်းထိသွားတယ်၊ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။ပစ်သတ်ခံရသည့် ဦးမောင်ကျော်ဆိုသူသည် တပ်သတင်းပေးတစ်ယောက်ဟု ပြောဆိုနေကြသော်လည်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ မေလ ၁၉ ရက်နေ့တုန်းကလည်း ဘုရားသုံးဆူမြို့ အမှတ်(၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်မင်းကို အမည်အသိလူတစ်စုတို့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်သတ်သွားခဲ့သည်။၎င်းပြင် ဇွန်လ ၈ ရက်နေ့ညနေခန့်ကလည်း မွန်ညီညွတ်ရေပါတီ၏ […]