BREAKING
April 21, 2025

မွန်

မော်လမြိုင်တွင် ဗုံးနှစ်ကြိမ် ဆက်တိုက်ပေါက်

diz_admin

September 17, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယနေ့နံနက် ၈ နာရီနှင့် ၉ နာရီခွဲဝန်းကျင်ခန့်အကြားတွင် မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက် သံလွင်ဈေးအနီး ကမ်းနားလမ်းဘက်တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဆက်တိုက်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ “၈ နာရီကျော်ကျော်မှာ တစ်ခါပေါက်တယ် နောက် ၉ နာရီခွဲလောက်မှာ တစ်ခါထပ်ပေါက်တယ် အကျယ်ကြီးပဲ အသံက အချိန်ကလည်း လူသွားလူလာများတဲ့အချိန်ဖြစ်နေတော့ ထိတ်လန့်ကုန်တာပေါ့” ဟု ဘိုကုန်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာတွင် အာဏာသိမ်းစစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လုံခြုံရေး တင်းကြပ်ထားပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟုလည်း ရပ်ကွက်နေသူတို့က ပြောသည်။ စစ်တပ်အာဏာသိမ်းပြိးနောက် မော်လမြိုင်မြို့ပေါ်တွင် ဗုံးဟုယူဆရသည့် ပေါက်ကွဲမှုဖြစ်စဉ်များ […]

သထုံတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 16, 2021

မွန်ပြည်နယ် သထုံမြို့နယ် ပိန္နဲတောကျေးရွာတွင် အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပိန္နဲတောကျေးရွာရှိ စစ်တပ်စခန်းရှေ့တွင် စက်တင်ဘာ ၁၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှ ဖြတ်သန်းသွားလာနေသူတို့ကို တားဆီးစစ်ဆေးမှုများပြုလုပ်နေခဲ့သည်။ ထိုသို့ တားဆီးစစ်ဆေးနေစဉ် အမျိုးသားနှစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးက တားဆီးစစ်ဆေးနေမှုကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ဖြတ်သွား ဖြတ်လာသူတွေကို စစ်ဆေးနေတဲ့အချိန်မှာ အစစ်မခံဘဲ ဆိုင်ကယ်မောင်းပြေးသွားလို့ဆိုပြိးပစ်လိုက်တယ်လို့ သိရတယ်၊ တစ်ယောက်ကတော့ သေသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ပစ်ခတ်ခံရသည့် လူနှစ်ဦးတွင် တစ်ဦး သေဆုံးသွားပြိး ကျန်တစ်ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း သေဆုံးသူအလောင်းကို စစ်တပ်က သယ်ယူသွားကြောင်း သိရသည်။ လတ်တလောတွင် စစ်တပ်ဖွဲ့ဝင်တို့က လုံခြုံရေးဟုဆိုကာ မြို့ပေါ်များအပြင် ရပ်ကွက်ကျေးရွာအချို့တို့တွင်လည်း စစ်ဆေးမှုများ […]

မွန်တွင် ပေါက်ကွဲမှု ဆက်တိုက်ဖြစ်

diz_admin

September 12, 2021

အမျိုးသားညိညွတ်ရေးအစိုးရ (NUG) မှ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာလိုက်ပြိးနောက် မွန်ပြည်နယ်အတွင်း၌ ပေါက်ကွဲမှုဖြစ်စဥ်များ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။ NUG အစိုးရ၏ အရေးပေါ်အခြေအနေကြေညာလိုက်သည့် စက်တင်ဘာ ၇ ရက်နေ့နောက်ပိုင်းတွင် စစ်တပ်ကလည်း တစ်ပြည်နယ်လုံးကို လုံခြုံရေး ပိုမိုတင်းကြပ်ထားလိုက်သည်။ ထိုကဲ့သို့ လုံခြုံရေး ပိုမိုတင်းကြပ်ထားသည့်ကြား၌ပင် စက်တင်ဘာ ၁၀ ရက်နေ့ ည ၁၀ နာရိခန့်က သထုံမြို့ပေါ်တွင် ဗုံးဟုယူဆရသည့် ပေါက်ကွဲမှု နှစ်ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့သည်။ “အသံတော့ ကြားရတယ်၊ ဗုံးလား ဘာလားတော့ မသိဘူး၊ ထိခိုက်ဒဏ်ရာရတာတွေ မရှိဘူးလို့တော့ သိရတယ်” ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။ သထုံမြို့ပေါ်တွင် NUG အစိုးရ၏ အရေးပေါ်အခြေအနေ ကြေညာလိုက်သည့်နောက် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း ယခုဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တို့က စစ်ဆေးမှုများ […]

မွန်တွင် စစ်ဆေးရေး ပိုမိုတင်းကြပ်

diz_admin

September 9, 2021

မွန်ပြည်နယ်အတွင်း တပ်ကောင်စီက လုံခြုံရေးပိုမိုချထားပြီး စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း မြို့ခံတို့ထံမှ သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာ ၇ ရက်နေ့တွင် အရေးပေါ်အခြေအနေကြေညာလိုက်ပြီးနောက် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့အပါအဝင် မြို့နယ်အများစုတို့တွင် စက်တင်ဘာ ၈ ရက်နေ့တွင် လုံခြုံရေးပိုမိုချထားကာ စစ်ဆေးမှုလည်း ပိုမိုတင်းကြပ်လာခဲ့သည်။ “မြို့ထဲနေရာတော်တော်များများမှာ စစ်သားတွေ ရဲတွေ ချထားတာတွေ့ရတယ်၊ တချို့နေရာမှာဆိုရင် သွားလာနေတဲ့သူတွေကို တားပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတာလည်းရှိတယ် အင်အားတွေလည်း များတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ မြို့ပေါ်အနှံ့ လုံခြုံရေးများ တင်းကြပ်ထားသည့်အပြင် မြို့အဝင်အထွက်နေရာများတွင်လည်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားကြောင်း မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။ “မြို့အဝင်အထွက်နေရာတွေမှာလည်း ခါတိုင်းထက် စစ်ဆေးမှု ပိုးကြပ်လာတယ်” ဟု လူငယ်တစ်ဦးက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအကြောင်းပြကာ […]

မွန်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

diz_admin

September 3, 2021

မွန်ပြည်နယ် ပေါင်မြို့နယ် သဲအိမ်ကျေးရွာနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက  တပ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ စက်တင်ဘာ ၁ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က သဲအိမ်ကျေးရွာနေ လင်မယားနှစ်ယောက်ဖြစ်သည့် နော်အိသွယ်မိုးနှင့် မင်းနေလွင်တို့ကို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငါးသွားရှာသည့် ခင်ပွန်းဖြစ်သူ မင်းနေလွင် ပြန်အလာတွင် နော်အိသွယ်မိုးက နေအိမ်ရှေ့ ထွက်စောင့်နေရင်း ပစ်ခတ်ခြင်းခံရသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်ခတ်ခံရမှုကြောင့် ကိုယ်ဝန်လွယ်ထားရသည့် နော်အိသွယ်မိုးသည် နေရာတွင် သေဆုံးသွားပြီး ခင်ပွန်းဖြစ်သူ မင်းနေလွင်က ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသခံနေရသည်။ “အမျိုးသမီးကတော့ ကိုယ်ဝန်နဲ့ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်၊ ယောကျာ်ဖြစ်သူကတော့ ဒဏ်ရာရတယ် ဆေးရုံမှာ ဆေးကုနေရတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက […]

မွန်တွင် ကိုဗစ်ကြောင့် သေဆုံးသူ တစ်ထောင် ကျော်

diz_admin

August 31, 2021

မွန်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက် တစ်ထောင်ကျော် အထိရှိလာသည်ဟု ပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီး ကိုဗစ်ကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက်လည်း မြင့်တက်လာခဲ့သည်။ ပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်သည့်စာရင်းများအရ ဇွန်လမှ သြဂုတ်လ ၃၀ ရက်နေ့အထိ မွန်ပြည်နယ်အတွင်း၌ ကိုဗစ်အတည်ပြုလူနာ တစ်ထောင်ဦးကျော် သေဆုံးသွားခဲ့သည်။ “ဇွန်လကနဲ့စာရင် ဒီလ(သြဂုတ်)မှာတော့ ကျလာပါတယ်။ ဒါပေမယ့်လည်း တချို့မြို့နယ်တွေမှာတော့ ကူးစက်မှုရော သေဆုံးမှုရော များနေဆဲပဲ။ မပေါ့ဆကြဖို့လိုတယ်” ဟု မြို့နယ်တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်သေဆုံးလူနာ အရေအတွက်သည် ဆေးရုံတွင် တက်ရောက်ဆေးကုသရင်း သေဆုံးသွားသူများစာရင်းသာဖြစ်ပြီး နေအိမ်တွင် သေဆုံးသွားသူများစာရင်းပါ ပေါင်းလိုက်ပါက သေဆုံးလူနာသည် ထုတ်ပြန်ထားသည့်အရေအတွက်ထက် များနိုင်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “အိမ်မှာ ကုနေရင်းနဲ့ […]

မွန်တွင် ကိုဗစ်ကူးစက် သေဆုံးမှု ကျဆင်း

diz_admin

August 19, 2021

မွန်ပြည်နယ်တွင် သြဂုတ်လ ဒုတိယအပတ်မှစပြီး ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု လျော့နည်းကျဆင်းလာသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီးနောက် အတည်ပြုလူနာ သေဆုံးမှုလည်း ဆက်တိုက်မြင့်တက်လာခဲ့သည်။ ဇူလိုင်လဆန်းပိုင်းမှ သြဂုတ်လဆန်းပိုင်းအထိ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုနှင့် သေဆုံးမှု စံချိန်တင်မြင့်တက်လာခဲ့ပြီး တစ်ရက်လျှင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်တွေ့ရှိလာသည့်အပြင် သေဆုံးမှုလည်း တစ်ရက်လျှင် ၅၀ ဦး အထက်အထိရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။ ကျန်းမာရေးဌာန၏ သြဂုတ်လ ၁၇ ရက်နေ့ထုတ်ပြန်ချက်အရ ၂၄ နာရီအတွင်း၌ မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်လူနာအသစ် ၈၅ ဦးတွေ့ရှိပြီး သေဆုံးလူနာ ၁၉ ဦးရှိသည်။ “ကိုဗစ်ကူးစက်မှုအခြေအနေနဲ့ ကိုဗစ်လူနာသေဆုံးမှုအခြေအနေကတော့ သိသိသာသာကျလာတယ်၊ ကိုဗစ်ကုသစင်တာတွေမှာလည်း လူနာတွေ အတော်နည်းသွားပြီ သေဆုံးမှုလည်း အများကြီးကျလာတယ်” […]

ရေးတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သေနတ်ပစ်ခံရ

diz_admin

August 14, 2021

မွန်ပြည်နယ် ရေးမြို့နယ် မော့ကနင်းရွာသစ်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး သြဂုတ်လ ၁၃ ရက်ညက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင် နိုင်ထိန်းကို ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်က အမည်အသိလူနှစ်ယောက်က ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် နိုင်ထိန်းသည် ပေါင်တွင် ဒဏ်ရာရရှိသွားပြီး လမိုင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။ မော့ကနင်းရွာသစ် အုပ်ချုပ်ရေးအဖွဲ့ဝင်ကို ၎င်းတို့ ပစ်ခတ် သတိပေးခဲ့ခြင်းဖြစ်ကြောင်း Ye People Defence Force အဖွဲ့က ၎င်းတို့၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ ရေးမြိုနယ်တွင် ယခုကဲ့သို့ ပစ်သတ်ခံရသည့် ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့က ရေးမြို့ အောင်မေတ္တာရပ်ကွက် အလက […]