BREAKING
April 19, 2025

မွန်

တစ်ခုတည်းသော “မွန်တပ်တော်” ဖွဲ့စည်းရေး မွန်တော်လှန်ရေးတပ်လေးဖွဲ့ သဘောတူ

Dawei Watch

December 19, 2024

မွန်တော်လှန်ရေးတပ်များအားလုံး ပါဝင်သည့် တစ်ခုတည်းသော “မွန်တပ်တော်” ဖွဲ့စည်းရန် မွန်တော်လှန်ရေးတပ်ဖွဲ့ လေးခုက သဘောတူဆုံးဖြတ်လိုက်သည်။ ဒီဇင်ဘာလ ၁၈ ရက်က မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးတစ်ရပ်ကျင်းပပြီး ယင်းသို့ သဘောတူခဲ့ကြခြင်းဖြစ်သည်။ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြပြီး ပထမအဆင့်အနေဖြင့် တပ်ဖွဲ့လေးဖွဲ့တို့က ပူးတွဲစစ်ရေးလှုပ်ရှားမှုရန် သဘောတူညီခဲ့ကြကြောင်း ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ပေါက်လာရေးအတွက် ဆွေးနွေးမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာလ တွင် တပ်ဖွဲ့လေးဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသေးကြောင်း မွန်ပြည်ကာကွယ်ရေးတပ် (MSDF) ခေါင်းဆောင် ဒေါက်တာသီရိမွန်ချမ်းက ပြောသည်။ “(စက်တင်ဘာလ […]

ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်

Dawei Watch

December 17, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီး ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် ယနေ့(ဒီဇင်ဘာ ၁၇) နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၅ နာရီဝန်းကျင်အချိန်ခန့်ကစပြီး မော့ကနင်ရွာအနီး ကွမ်ကျိုက်ကျေးရွာဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နံနက် ၈ နာရီကျော်ခန့်မှသာ သေနတ်သံတိတ်သွားကြောင်း ဒေသခံတို့က ပြောသည်။ မော့ကနင်ဒေသခံတစ်ဦးက “တိုက်ပွဲက ပြင်းထန်တယ်။ လက်နက်ကြီးသံတွေလည်း ဆက်တိုက်ပဲ။ သေနတ်သံတွေ စကြားတာက မနက် ၅ လောက်ကတည်းက ၈ နာရီကျော်ကျော်လောက်မှာမှ သေနတ်သံ တိတ်သွားတာ” ဟု ပြောသည်။ တိုက်ပွဲကြောင့် ရေး-သံဖြူဇရပ်လမ်းပိုင်း ကားပိတ်ဆို့မှု ဖြစ်ပွားခဲ့ပြီး နေ့လယ်ပိုင်းခန့်တွင် အနည်းငယ် အသွားအလာပြန်ရှိကြောင်း စစ်ကောင်စီတပ်ဘက်ကလည်း လမ်းတစ်လျှောက် စစ်ဆေးမှု တင်းကြပ်ထားကြောင်းလည်း ၎င်းကဆိုသည်။ “တိုက်ပွဲဖြစ်နေတော့ ကားတွေလည်း […]

သံဖြူဇရပ်တွင် လူငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး သေဆုံး

Dawei Watch

December 13, 2024

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကုန်းမြင့်သာယာကျေးရွာအနီး ရော်ဘာခြံတွင် အသက် ၂၀ အရွယ် လူငယ်တစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာနေ အသက် ၂၀ ကျော်အရွယ် မောင်သက်အောင်ဆိုသူသည် ရော်ဘာခြစ်ရန် ဒီဇင်ဘာလ ၄ ရက်နေ့က နေအိမ်မှ ကုန်းမြင့်သာယာကျေးရွာအနီး ရော်ဘာခြံသို့ ထွက်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။ ပျောက်ဆုံးနေသည့် မောင်သက်အောင်ကို မိသားစုဝင်တို့က လိုက်လံရှာဖွေရာမှ ရော်ဘာခြံတွင် မိုင်းထိထားသည့် ဒဏ်ရာဖြင့် သေဆုံးနေသည့် ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။ “သူက ပျောက်နေတာ တစ်ပတ်လောက်ရှိတာပေါ့ လိုက်ရှာကြပေမယ့် မတွေ့ဘူး။ နောက်ဆုံးတော့ ရော်ဘာခြံမှာ အလောင်းပြန်တွေ့တယ်။ မိုင်းထိထားတဲ့ ဒဏ်ရာတွေနဲ့” ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။ မောင်သက်အောင် မိုင်းနင်းမိသည့်နေရာသည် […]

ကရင်ပြည်နယ်၊ ဘုရားသုံးဆူတွင် ကလေးပျောက်မှုများ ဆက်တိုက်ဖြစ်

Dawei Watch

December 13, 2024

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် အသက် ၁၀ နှစ်အောက် ကလေးပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပွားနေပြီး မြို့ခံများကလည်း စိုးရိမ်နေကြသည်။ ဘုရားသုံးဆူမြို့ပေါ်တွင် ယခင်က ကလေးပျောက်ဆုံးသည့်ဖြစ်စဉ် ရှိခဲ့သော်လည်း တစ်နှစ်နေမှ တစ်ခါသာ ကြားရလေ့ရှိကြောင်း၊ သို့သော် ပြီးခဲ့သည့် အောက်တိုဘာလခန့်ကစပြီး ကလေးပျောက်ဆုံးမှု ဆက်တိုက်ကြားလာရကြောင်း မြို့ခံတို့က ပြောသည်။ မြို့ပေါ် ကလေးပျောက်ဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း ဒီဇင်ဘာလအတွင်းမှာပင် ၇ ဦးထက်မနည်း ကလေးပျောက်ဆုံးမှုရှိနေကြောင်း အသက် ၆၀ ဝန်းကျင် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ကလေးပျောက်တဲ့ကိစ္စက အခုဆိုရင် မြို့ပေါ်မှာ ရတတ်မအေး ဖြစ်နေရတဲ့ကိစ္စပါ။ အခု ရက်ပိုင်းမှာတောင် ကလေး ၇ ယောက်လောက်ပျောက်နေတယ်။ အများစုက ပြန်မတွေ့သေးဘူးလို့ ပြောတယ်။ သိသလောက်က ပျောက်တဲ့ကလေးတွေအများစုက အသက် ၁၀ နှစ်အောက်တွေ […]

စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးလာသည့်ကားကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

Dawei Watch

December 3, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံ့သာကျေးရွာ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့် ကားကို ယနေ့ ဒီဇင်ဘာလ ၃ ရက် နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်သည်။ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၃၄၃ တပ်ရင်းက တပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသည့်ကားကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိသည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်သည်။ Dawei Watch အနေဖြင့်မူ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ “စစ်တပ်တွေ စီးလာတဲ့ကားကို ဒီဘက် (တော်လှန်ရေးအဖွဲ့) က စောင့်ပြီးပစ်တာ။ စစ်တပ်ဘက်က ထိသွားတာရှိတယ်လို့ ပြောနေကြတယ်” ဟု စုံနံ့သာကျေးရွာခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးနင်းလာသည့်ကား တိုက်ခိုက်ခံရပြီးနောက် ရေးမြို့နယ်အခြေစိုက် […]

ကျိုက်ထိုတွင် လူမှုကူညီရေးအသင်းဝင်တစ်ဦးကို စစ်ကောင်စီ ထောင်ဒဏ် ၁၀နှစ်ချ

Dawei Watch

December 2, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ ကော့စံနိုင်လူမှုကူညီရေးအသင်းဝင်တစ်ဦးကို စစ်ကောင်စီက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း နီးစပ်သူတို့က ပြောသည်။ ကော့စံနိုင်လူမှုကူညီရေးအသင်းဝင် ဦးမြအောင်နှင့် သမီးဖြစ်သူ မချစ်စုရတနာ၊ အသင်းဝင်များဖြစ်သည့် ဦးချမ်းသာအောင်၊ ဦးစိုးလှိုင်တို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်က နေအိမ်တို့တွင် ဝင်ရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည်ဆိုသည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီးနောက် ၎င်းတို့လေးဦးကို သေဒဏ် အထိချမှတ်နိုင်သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) ၊ ၅၄ တို့ဖြင့်အမှုဖွင့်ခဲ့ကြောင်း နီးစပ်သူတို့က ဆိုသည်။ ယင်းအနက် ဦးမြအောင်ကို နိုဝင်ဘာလ ၂၇ ရက်တွင် ကျိုက်ထိုမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်ကြောင်း […]

အမြောက်တပ် ၃၁၈ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် ၅ ဦးသေဆုံးဟု NMSP-AD ထုတ်ပြန်

Dawei Watch

November 28, 2024

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ် ၃၁၈ ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ၅ ဦး သေဆုံးကာ၊ ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NMSP-AD က ယနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့က ထုတ်ပြန်သည်။ အဘစ်အမြောက်တပ်ကို NMSP-AD က နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် သံဖြူဇရပ်မြို့အဝင် ဖောၚ်စိန်စစ်ဆေးရေးဂိတ်ကိုလည်း NMSP-AD က နိုဝင်ဘာလ ၂၃ ရက်နေ့က ဒရုန်:ဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ အရာရှိနှစ်ဦးအပါအဝၚ် တပ်သားတစ်ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု NMSP-AD ထံမှ သိရသည်။ […]

ရေးတွင် ပျူစောထီးများက ကိုယ်ဝန်ဆောင်တစ်ဦးကို သေနတ်ဖြင့်ပစ်

Dawei Watch

November 27, 2024

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ပျူစောထီးများက သေနတ်ဖြင့် ပစ်ခတ်လိုက်၍ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်ခန့်က အစင်ကျေးရွာအဝင် တံတားစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် (ပျူစောထီး)များက ဆိုင်ကယ်နှစ်စီးဖြင့်လာသော လူငယ် လေးဦးကို ရပ်တန့်ခိုင်းရာ မရပ်ပေး၍ဟုဆိုပြီး သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ပြည်သူ့စစ်တပ်ဖွဲ့တို့၏ လိုက်လံပစ်ခတ်မှုကြောင့် လမ်းတွင်သွားလာနေသည့် အသက် ၃၀ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ တင်ပါးကို ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်သည်။ “ဆိုင်ကယ်နှစ်စီးကို လိုက်ပစ်တာ။ လမ်းမှာဆိုတော့ လမ်းသွားလမ်းလာတွေက ရှိနေတယ်လေ။ အဲမှာ ကိုယ်ဝန်အမျိုးသမီးကို သွားထိတာ။ သူတို့ လိုက်ပစ်တဲ့ ကလေးတွေက ဆိုင်ကယ်နဲ့ဆိုတော့ မထိဘဲနဲ့ လွတ်သွားတယ်” ဟု အစင်းကျေးရွာခံတစ်ဦးက ပြောသည်။ […]