BREAKING
April 21, 2025

မွန်

ပေါင်တွင် YMBA နာယကအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

diz_admin

October 8, 2021

မွန်ပြည်နယ် ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်တွင် အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက ဦးခင်မောင်ဦးဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဦးခင်မောင်ဦးသည် ပေါင်မြို့နယ် ဗုဒ္ဓကလျာဏယုဝအသင်း (YMBA) နာယကအဖွဲ့ဝင် တစ်ဦးသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ ဦးခင်မောင်ဦးသည် ယင်းနေ့ နံနက်ပိုင်းတွင် ပေါင်မြို့ မိုးနိုင်းရပ်ကွက် စွယ်တော်သုဿာန်အနိးတွင် အမည်မသိ သေနတ်သမားတို့၏ ပစ်ခတ်ခြင်းခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဒဏ်ရာ ၈ ချက်ခန့်ဖြင့် ပစ်ခတ်ခံထားရသည့် ဦးခင်မောင်ဦးသည် ဦးခေါင်းကြေမွဒဏ်ရာများဖြင့် စွယ်တော်သုဿာန် မီးသင်္ဂြိုဟ်စက်ရှေ့တွင် သေဆုံးနေသည်ဟု ဒေသခံတို့က ပြောသည်။ “မနက်က သုဿာန်ဘက်ကနေ သေနတ်သံတွေကြားရတယ်၊ နောက်တော့မှ ဦးခင်မောင်ဦး သေနတ်နဲ့ ပစ်သတ်ခံရတယ်ဆိုတာ သိတယ်၊ ရဲတွေကတော့ စစ်ဆေးမှုတွေတော့ လုပ်နေတာပေါ့” ဟု […]

ဒေါ်ငြိမ်းမှ ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် ငါးဖမ်းခွင့် နှစ်လပိတ်

diz_admin

October 5, 2021

ဧရာဝတီတိုင်းရှိ ဒေါ်ငြိမ်းကမ်းခြေမှ တနင်္သာရီတိုင်း ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတစ်လျှောက် ငါးဖမ်းခွင့်နှစ်လပိတ်ကာ ရေကြောင်းသတိပေးချက်ထုတ်ပြန်ထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားကြောင်း သိရသည်။ သဘာဝဓာတ်ငွေ့နှင့် ရေနံတူးဖော်ရေးလုပ်ကိုင်နေသည့် ထိုင်းနိုင်ငံအခြေစိုက် PTTEP ကုမ္ပဏီက ကမ်းလွန်လုပ်ကွက် M3 ဒေါ်ငြိမ်းကမ်းခြေမှ M9 ဓမင်းဆိပ်ကမ်းခြေအထိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ပတ်သက်၍ အောက်တိုဘာလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ လုပ်ငန်းများဆောင်ရွက်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါရေကြောင်းသတိပေးထုတ်ပြန်ချက်အား စက်တင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ထားဝယ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။ Nearshore geophysical site investigation (ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာမှု)နှင့် Survey for domestic gas to power project pipeline survey လုပ်ကိုင်ရာတွင် […]

မွန်တွင် ကိုဗစ် ကန့်သတ်ချက်အချို့ စတင်ဖြေလျှော့

diz_admin

October 4, 2021

ကိုဗစ်ကူးစက်မှုနှုန်း လျော့နည်းကျဆင်းလာသည့် မွန်ပြည်နယ်အတွင်း၌ ကိုဗစ်ဆိုင်ရာကန့်သတ်ချက်အချို့ကို စတင်ဖြေလျှော့လာခဲ့သည်။ မွန်ပြည်နယ်တွင် ရောဂါကူးစက်မှုနှုန်းမြင့်တက်ခဲ့သည့် ဇူလိုင်လဆန်းနောက်ပိုင်း ပြည်နယ်အတွင်းရှိ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ရောင်းချသည့်ဆိုင်ကလွဲပြိး ဈေးဆိုင်များအားလုံးကို ရောင်းချခွင့် ကန့်သတ်ခဲ့သည်။ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု လျော့ကျလာသည့်နောက် အောက်တိုဘာလဆန်းပိုင်းတွင် နေအိမ်တွင် နေထိုင်ရန် (Stay at Home) မသတ်မှတ်ထားသည့် မုဒုံ၊ ရေး၊ ကျိုက်မရော၊ ပေါင်နှင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆေးဝါးနှင့် အခြေခံစားသောက်ကုန်ဆိုင်များအပြင် ဈေးဆိုင်များအားလုံးကို ပြန်လည်ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့သည်။ နေအိမ်တွင် နေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မော်လမြိုင်၊ သံဖြူဇရပ်၊ ဘိးလင်း၊ သထုံနှင့် ချောင်းဆုံမြို့နယ်အတွင်းရှိ ဈေးဆိုင်များကိုတော့ ဆက်လက်ကန့်သတ်ထားမည်ဖြစ်ပြိး Stay at Home အစိအစဉ် ပယ်ဖျက်သည့်အခါမှသာ ပြန်လည် ဖွင့်လှစ်ခွင့် […]

ရေးတွင် စိတ်ဝေဒနာရှင်လူငယ်တစ်ဦး ပစ်သတ်ခံရ

diz_admin

September 30, 2021

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ ချောင်းတောင်တံတားဂိတ်တွင် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်သတ်ခဲ့ကြောင်း သိရသည်။ ရေးမြို့နယ် ခေါဇာမြို့မှ အသက် ၂၇ နှစ်အရွယ် မောင်ရဲနိုင်ဦးသည် စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းခန့်က နေအိမ်မှ တစ်ဦးတည်းထွက်သွားခဲ့ရာမှ ည ၇ နာရီကျော်ခန့်တွင် မောင်ရဲနိုင်ဦး ပစ်သတ်ခံရကြောင်းကို ရဲစခန်းက အကြောင်းကြားလာခဲ့သည်ဟု မိသားစုဝင်တို့က ပြောသည်။ မောင်ရဲနိုင်ဦးသည် ထိုင်းနိုင်ငံမှ ပြန်ရောက်လာသည်မှာ ရက်ပိုင်းသာရှိသေးကြောင်း စိတ်ကျန်းမာရေးဝေဒနာခံစားနေရသူတစ်ဦးဖြစ်ကြောင်းလည်း မိသားစုဝင်တို့က ပြောသည်။ မောင်ရဲနိုင်ဦး ရုပ်အလောင်းကို ပြန်ပေးရန် မိသားစုဝင်တို့က တောင်းဆိုခဲ့ကြသော်လည်း အလောင်းကို ပြန်မပေးဘဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့က ၎င်းတို့အစီအစဉ်ဖြင့် သင်္ဂြိုဟ်ခဲ့သည်ဟု မိသားစုဝင်တို့က ပြောသည်။ “အလောင်းကို မျက်နှာလောက်ပဲ ကြည့်ခွင့်ပေးတယ်၊ ကိုင်လည်းမပေးကိုင်ဘူး၊ မျက်နှာကို ကြည့်ရုံနဲ့ ဘယ်လောက် […]

သထုံတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံပစ်သတ်ခံရ

diz_admin

September 29, 2021

မွန်ပြည်နယ် သထုံမြို့နယ် ဝင်းစိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသာစိုင်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဝင်းစိန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသာစိုင်းသည် စက်တင်ဘာ ၂၇ ရက်နေ့ မွန်လွဲပိုင်းခန့်က ဆိုင်ကယ်ဖြင့် နေအိမ်မှ ကျေးရွာအတွင်းသို့ သွားနေစဉ် အမည်မသိသေနတ်သမားနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသာစိုင်းသည် နံကြားကျည်ဒဏ်ရာရရှိပြီး သထုံဆေးရုံသို့ ပို့ဆောင်ဆေးကုသခဲ့ရာ ဆေးရုံတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “ဆေးရုံရောက်ပြီးမှ သေဆုံးသွားတယ်လို့ သိရတယ်၊ အဲဖြစ်စဉ် ဖြစ်ပြီးတော့ ရွာကို စစ်သားတွေ ရဲတွေ ရောက်လာပြီးတော့ မေးမြန်း စစ်ဆေးမှုတွေ လုပ်သွားတယ်” ဟု သထုံဒေသခံတစ်ဦးက ပြောသည်။ ဇွန်လကလည်း သထုံမြို့နယ် နောင်ဘိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းကို […]

ဘီးလင်းတွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး ပစ်သတ်ခံရ

diz_admin

September 28, 2021

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်သည့် ဦးသန်းထွန်းဝင်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဦးသန်းထွန်းဝင်းသည် စက်တင်ဘာ ၂၇ ရက်နေ့ နေ့လယ်ပိုင်းခန့်က အလူးလေးကျေးရွာ ခြင်္သေနှစ်ကောင်မုခ်ဝအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် အမည်မသိ သေနတ်သမားနှစ်ဦးတို့မှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွား ခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသန်းထွန်းဝင်းသည် ပြင်းထန်ဒဏ်များရရှိခဲ့ပြီး ဘီးလင်းဆေးရုံသို့ ပို့ဆောင်ဆေးကုသနေစဉ် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ “အပစ်ခတ်ခံရပြီးတော့ ဆေးရုံကို ပို့လိုက်တယ်လို့ သိရတယ်၊ ညနေလောက်မှာတော့ ဆုံးသွားတယ်လို့ပြောတယ်” ဟု ဘီးလင်း ဒေသခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေကို အမည်မသိ သေနတ်သမားတို့က […]

ကျိုက်ထိုတွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး မိုင်းနင်းမိ

diz_admin

September 23, 2021

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် တစ်ရက်အတွင်း အမျိုးသားနှစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျိုက်ထို ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ စက်တင်ဘာလ ၂၁ ရက်နေ့က နံနက် ၇ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ် ကင်းမွန်းချောင်းကျေးရွာသို့အသွား ချောင်းကွေ့ကျေးရွာအနီးတွင် အသက် ၄၁ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးမိုင်းနင်းမိခဲ့သည်။ အဆိုပါ မိုင်းနင်းမိသည့် အမျိုးသားသည် ခြေထောက်နှစ်ဖက်စလုံးတွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့၏ အကူအညီဖြင့် ကျိုက်ထိုဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။ ၎င်းပြင် စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ခန့်ကလည်း ဆောင်နိုင်ကြီးကျေးရွာနှင့် မဲရုံးကျေးရွာအကြားတွင် အသက် ၅၀ ဝန်းကျင်ခန့်ရှိ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဆောင်နိုင်ကြီးကျေးရွာနှင့် မဲရုံးကျေးရွာအကြား မိုင်းနင်းမိသည့် အမျိုးသားသည် ပြင်းထန်ဒဏ်ရာရရှိခဲ့သည့်အတွက် […]

ကျိုက်ထိုတွင် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ

diz_admin

September 20, 2021

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးချစ်သန်းသည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အင်္ဂဘိုကျေးရွာမှ ရာအိမ်မှူး ဦးချစ်သန်းသည် စက်တင်ဘာ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲဝန်းကျင်ခန့်က လက်ပံကျေးရွာမှ နေအိမ်သို့ ပြန်လာစဉ် ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးဘေး Pioneer စားသောက်ဆိုင်အနီးအရောက်တွင် အမည်မသိသေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီးပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ဦးချစ်သန်းသည် ဇက်ပိုးတွင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “ပစ်ခတ်ခံရတာက ကားလမ်းမဘေးမှာပဲ၊ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်၊ ဒီတလော ကျွန်တော်တို့ဘက်မှာ ဒီလိုမျိုးဖြစ်စဉ်တွေ ခနခနကြားနေရတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။ ဦးချစ်သန်း ပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး ကျိုက်ထိုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တို့မှ စစ်ဆေးမှုများ […]