BREAKING
April 21, 2025

မွန်

မွန်ရှိ မြို့နယ် NLD ရုံး သုံးရုံး ဗုံးဖောက်ခွဲခံရ

diz_admin

October 24, 2021

မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးများ ဗုံးဖောက်ခွဲခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဘီးလင်းမြို့ ဆရာစံရပ်ကွက်တွင် ရှိသည့် ဘီးလင်းမြို့နယ် NLD ရုံးတွင် အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၁ နာရီကျော်အချိန်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ ဗုံးဖောက်ခွဲခံရမှုကြောင့် ဘီးလင်းမြို့နယ် NLD ရုံးတစ်ခုလုံး ပျက်စီးသွားပြီး လူထိခိုက်မှုမရှိကြောင်းလည်း ဒေသခံတို့က ပြောသည်။ အလားတူ အောက်တိုဘာ ၂၃ ရက်နေ့ည ၁၁ နာရီခွဲဝန်းကျင်ခန့်ကလည်း ကျိုက်ထိုမြို့ ကော့စနိုင်ရပ်ကွက်ရှိ ကျိုက်ထိုမြို့နယ် NLD ရုံးလည်း ဗုံးဖောက်ခွဲခံရသည်။ ၎င်းပြင် သထုံမြို့နယ် NLD ရုံးတွင်လည်း အောက်တိုဘာ ၂၃ ရက်နေ့ ည ၁၁ […]

သထုံတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး ပစ်သတ်ခံရ

diz_admin

October 22, 2021

မွန်ပြည်နယ် သထုံမြို့နယ် ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးကျော်ဦးသည် အောက်တိုဘာ ၂၁ ရက်နေ့ နံနက်ပိုင်းခန့်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပေါ်တော်မူကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်ဦးသည် ယနေ့နံနက် ၁၀ နာရီခွဲဝန်းကျင်ခန့်က ၎င်း၏ နေအိမ်စျေးဆိုင်တွင် တည်ရှိနေစဉ် သေနတ်သမားနှစ်ဦးတို့က လာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ဦးကျော်ဦးသည် သေနတ်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “လာပစ်သွားတဲ့ သေနတ်သမားကတော့ နှစ်ဦးလို့ပြောတယ်၊ ဦးကျော်ဦးကတော့ သေနတ်ဒဏ်ရာ ၃ ချက်လားမသိဘူး၊ အဲဒီနေရာမှာပဲ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ဦးကျော်ဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် တစ်ဦးလည်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ ဦးကျော်ဦးကို သထုံမြို့ပြအထူးစစ်ဆေးရေးတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့က ပူးပေါင်းပြီး ပစ်သတ်ခဲ့ကြောင်း သထုံမြို့ပြအထူးစစ်ဆေးရေးတပ်ဖွဲ့က […]

မွန်တွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသား ၂၅ ဦး အပါအဝင် ဖမ်းခံရသူ ၂၀၀ ကျော် ပြန်လွတ်

diz_admin

October 20, 2021

မွန်ပြည်နယ်တွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသားကျောင်းသူ ၂၅ ဦး အပါအဝင် ဖမ်းဆီးခံထားရသူ ၂၀၀ ကျော် ပြန်လွတ်လာကြောင်း သိရသည်။ စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အတွက် မွန်ပြည်နယ်တွင် ဖမ်းဆီးခံထားရ ၄၀၀ ကျော်ရှိသည့်အနက် ၂၀၀ ကျော်ကို အောက်တိုဘာ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့ နှစ်ရက်အတွင်း ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ ပြန်လွတ်လာသူများသည် အာဏာသိမ်း ဆန့်ကျင်မှုကြောင့် ဖမ်းဆီးခံရပြီး ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ပြစ်ဒဏ်ကျခံနေရသူ ၃၀ ဦးကျော်နှင့် အမှုရင်ဆိုင်နေရသူ ၂၀၀ ကျော် ပါဝင်သည်ဟု မွန်ပြည်နယ် အကျဉ်းဦးစီးဌာနထံမှ သိရသည်။ “ဖမ်းခံထားရတာက မော်လမြိုင်တက္ကသိုလ်ကပဲ ၄၀ နီးပါးရှိနေတယ်၊ အခု ၂၅ ဦးပဲ ပြန်လွတ်လာသေးတယ်” ဟု မော်လမြိုင်တက္ကသိုလ်ကျောင်းသားတစ်ဦးက ပြောသည်။ […]

မွန်ပြည်နယ်က အထင်ကရ ဘုရာပွဲတော်များ ကျင်းပမည်

diz_admin

October 18, 2021

မွန်ပြည်နယ်အတွင်း သီတင်းကျွတ်ကာလ နှစ်စဉ်နှစ် ကျင်းပလေ့ရှိသည့် အထင်ကရ ဘုရားပွဲတော်များဖြစ်သည့် ကျိုက်ထီးရိုးဘုရာနှင့် ကျိုက်ခမီဘုရားပွဲတော်ကို ကိုဗစ်စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း ဘုရာဂေါပကအဖွဲ့တို့ထံမှ သိရသည်။ ကိုဗစ်ကူးစက်ရောဂါကြောင့် ယမန်နှစ်က အထင်ကရ ကျိုက်ထီးရိုးဘုရားပွဲနှင့် ကျိုက္ခမီရေလယ်ဘုရားပွဲတော် ကျင်းပခဲ့ခြင်းမရှိသော်လည်း ယခုနှစ်တွင် ကျင်းပသွားရန် ရှိကြောင်း ဘုရာဂေါပကအဖွဲ့တို့ထံမှ သိရသည်။ ကျိုက်ထိုမြို့ရှိ သမိုင်းဝင် ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိသည့် သီတင်းကျွတ်လပြည့်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်သည်။ “ဒီနှစ် ဘုရားပွဲကို ကျင်းပနေကြ သီတင်းကျွတ်လပြည့်နေ့မှာ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ ဖွင့်လှစ်သွားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ကျိုက်ထီးရိုးဘုရာဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ယမန်နှစ်က ကိုဗစ်ကူးစက်ရောဂါကြောင့် ကျိုက်ထီးဘုရားပွဲတော် ကျင်းပခြင်းမရှိခဲ့သည့်အပြင် ဘုရားဖူးခြင်းကိုလည်း ကန့်သတ်ချက်ဖြင့် ခွင့်ပြုခဲ့သည်။ ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားသို့ နှစ်စဉ် ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည် သိန်းနှင့်ချီ လာရောက်လေ့ရှိပြီး […]

ရေး-ထားဝယ်ကားလမ်းရှိ တံတားတစ်စင်း ဗုံးခွဲခံရ

diz_admin

October 15, 2021

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့လမ်းခွဲအနီး ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ကလော့ချောင်းတံတား (ဒေသအခေါ် ပေ ၄၀ တံတား) ဗုံးခွဲဖျက်ဆီးခံရပြီနောက် ယာဥ်ကြီးများ ဖြတ်သန်းသွားလာ၍ မရတော့ဘူးဟု ဒေသခံတို့က ပြောသည်။ ကလော့ချောင်းတံတား အောက်တိုဘာ ၁၃ ရက်နေ့ မွန်လွဲ ၁ နာရီဝန်းကျင်အချိန်ခန့်က ဗုံးခွဲဖျက်ဆီးခံရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ တံတား ဗုံးခွဲဖျက်ဆီးခံရမှုကြောင့် တံတားပေါ်ကြမ်းခင်းတွင် ခြောက်ပေခန့် အပေါက်ဖြစ်သွားသည့် အပြင် တံတားယက်မတစ်ချောင်းလည်း ပြုတ်ထွက်သွားသည်။ လက်ရှိတွင် တံတားကြံ့ခိုင်မှုအနေအထားအရ တန်ချိန်များသည့် ယာဉ်ကြီးများကို ဖြတ်သန်းသွားလာခွင့် မပြုတော့ဘူးလို့လည်း ဒေသခံတို့က ပြောသည်။ “အခုလောလောဆယ်ကတော့ ကားကြီးတွေကို ပေးမဖြတ်တော့ဘူး။ ကားအငယ်တွေကိုလည်း တစ်စီးပြီးမှ တစ်စီး ပေးဖြတ်ခိုင်းနေတယ်” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောသည်။ ကလော့ချောင်းတံတား ဗုံးခွဲဖျက်ဆီးခံရပြီးနောက် စစ်တပ်က ရှာဖွေစစ်ဆေးမှုများ […]

မွန်တွင် ရော်ဘာရာသီအစ ရော်ဘာဈေးကောင်း

diz_admin

October 12, 2021

မွန်ပြည်နယ်တွင် ရော်ဘာရာသီအစတွင် ရော်ဘာဈေးကောင်းရရှိနေသည်ဟု ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။ လက်ရှိတွင် မွန်ပြည်နယ်၏ ရော်ဘာဈေးသည် ရော်ဘာပြားအပါးဟုခေါ်သည့် အဆင့်မြင့်ရော်ဘာ RSS-1 တစ်ပေါင်လျှင် ကျပ် ၁၂၀၀ အထက်ရှိနေပြီး တစ်နေ့လှမ်းဟုခေါ်သည့် အထူရော်ဘာပေါက်ဈေး တစ်ပေါင်လျှင် ကျပ် ၈၀၀ နှင့် ၉၀၀ အကြား ရှိနေသည်ဟု ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။ “ဒီနှစ် ရော်ဘာဈေးကောင်းတယ်၊ နောက်ပိုင်း ဘယ်လိုလာမလဲတော့ မသိဘူး၊ ဒိဈေးအတိုင်းဆိုရင် တောင်သူတွေ အဆင်ပြေကြတယ်၊ မဟုတ်ရင် မလွယ်ဘူး အခု ကုန်ဈေးနှုန်းနဲ့” ဟု မုဒုံမြို့နယ်မှ ရော်ဘာလုပ်ငန်းရှင် ဦးအောင်က ပြောသည်။ ယမန်နှစ်က ရော်ဘာရာသီအစတွင် ရော်ဘာဈေးနှုန်းသည် တစ်ပေါင်လျှင် ကျပ် ၅၀၀ အောက်အထိ ကျခဲ့သည်ဟု ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ရော်ဘာဈေးသည် […]

မော်လမြိုင် မြို့ပေါ် ရပ်ကွက် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

October 10, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးလှဝင်းမှာ အောက်တိုဘာ ၈ ရက်နေ့ ညနေ လေးနာရီခွဲခန့်က နေအိမ်အနီး ပစ်ခတ်ခံခဲ့ရကြောင်း ရပ်ကွက်နေပြည်သူတို့ ထံမှ သိရသည်။ ၎င်း၏နေအိမ်နှင့်မလှမ်းမကမ်း မောင်ငံမီးပွိုင့်အနီးတွင် သေနတ်သမားတို့က လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး ထိုသို့ ပစ်ခတ်သူမှာ မွန်ပြည်နယ် နွေဦးတော်လှန်ရေး တပ်ဦးမှ ဖြစ်ကြောင်း ယင်းတပ်ဦးက ထုတ်ပြန်ထားသည်။ သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် ပစ်ခတ်ခံရသည့် ဦးလှဝင်းသည် အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ “သေနတ်သံကြားတော့ ကိုယ်လည်း သွားလဲမကြည့်ရဲဘူး။ နောက်မှ သိရတာက မီးပွိုင့်အနီးမှာ လူတစ်ဦး ပစ်သတ်ခံရတယ်၊ ဖြစ်ပြီးတော့ ရဲတွေ ဘာတွေလည်း စစ်နေတာပေါ” ဟု မောင်ငံရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ဦးလှဝင်းသည် စစ်အုပ်စုနှင့် ပူးပေါင်းပြီး […]

ရေးတွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၀၀၀ အထိရောက်

diz_admin

October 8, 2021

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၀၀၀ အထိ ဈေးတက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ မဟာဓာတ်အားလိုင်းမရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏီများက လုပ်ဆောင်နေကြပြီး ပုဂ္ဂလိကကုမ္ပဏီ လျှပ်စစ်ဖြန့်ဖြူးရေးမရောက်သည့် ကျေးရွာများတွင် ကိုယ်ထူကိုယ်ထဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးနေကြသည်။ လက်ရှိတွင် ဒီဇယ်ဈေး မြင့်တက်လာခြင်းကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် ကျေးရွာများတွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၈၀၀ မှ စက်တင်ဘာလမှစပြီး တစ်ယူနစ် ကျပ် ၁၀၀၀ အထိ ဈေးတက်သွားကြောင်း မီးသုံးစွဲသူများထံမှ သိရသည်။ “ရွာမှာက ကုမ္ပဏီက ဖြန့်ဖြူးတဲ့ မီးမရောက်ဘူး၊ ရွာက ကိုယ်ထူကိုယ်ထနဲ့ သွယ်ထားတဲ့မီး၊ အခုဆို‌ဈေးတွေ တက်တော့ စက်တင်ဘာလကစပြီး တစ်ယူနစ် ၁၀၀၀ ဈေးတက်သွားတယ်” ဟု […]