BREAKING
April 21, 2025

မွန်

ပေါင်တွင် ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်း ဖောက်ခွဲခံရ

diz_admin

November 6, 2021

မွန်ပြည်နယ် ပေါင်မြို့နယ် မုကျိကျေးရွာအနီ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း ယမန်နေ့ညပိုင်းခန့်က ဖောက်ခွဲ ဖျက်စီးခံရကြောင်း သိရသည်။ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်း မိုင်တိုင် ၁၆၂/၈ တံတားအမှတ် ၁၂၅ သံတံတားကို နိုဝင်ဘာ ၅ ရက်နေ့ ည ၈ နာရီဝန်းကျင်ခန့်က မိုင်းဖောက်ခွဲခံရခြင်းဖြစ်သည်။ “ညက အသံတော့ ကြားလိုက်တယ်၊ ဘာမှန်းတော့ မသိဘူး မနက်ကျမှ ရထားလမ်းမှာ ပေါက်ကွဲမှုဖြစ်တယ်ဆိုတာ သိရတယ်” ဟု ပေါင်ဒေသခံတစ်ဦးက ပြောသည်။ မီးရထားလမ်းပိုင်း ဖောက်ခွဲခံရမှုကြောင့် မီးရထားသံလမ်းများ ပျက်စီးမှုရှိသည့်အပြင် တံတားဘောင်လည်း ပျက်စီးမှုရှိကြောင်း သိရသည်။ အဆိုပါ မီးရထားလမ်းပိုင်း ဖောက်ခွဲခံမှုဖြစ်စဥ်သည် KNU တပ်မဟာ (၁) တပ်ခွဲ (၃) နှင့် ပေါင်မြို့နယ် ဒေသခံတပ်ဖွဲ့ (Special Force […]

ရေးတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

diz_admin

November 4, 2021

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့ အောင်သုခရပ်ကွက်နေ အမျိုးသားတစ်ဦး ယနေ့နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့ အောင်သုခရပ်ကွက်နေ ဦးဇော်ဝင်းဆိုသူသည် နိုဝင်ဘာ ၄ ရက်နေ့ မနက် ၉ နာရီခွဲဝန်းကျင်အချိန်ခန့်က ၎င်း၏ နေအိမ်တွင် ရှိနေစဥ် သေနတ်သမားတို့က သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် ဇော်ဝင်းသည် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟုလည်း သိရသည်။ “ခြေထောက် ထိသွားတယ်လို့ သိရတယ်” ဟု ရေးမြို့ဒေသခံတစ်ဦးက ပြောသည်။ ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးဇော်ဝင်းကို ၎င်းတို့ ပစ်ခတ်ခံကြောင်း ထုတ်ပြန်ထားသည်။ ဦးဇော်ဝင်းသည် အာဏာသိမ်း စစ်ကောင်စီ၏ ထောက်တိုင်အဖြစ် ရပ်တည်နေသည့်အတွက် ယခုလို ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ၎င်းပြင် ရေးမြို့နယ်အတွင်းရှိ […]

မွန်တွင် ကျောင်းတက်သူ ဆယ်ရာခိုင်နှုန်းခန့်

diz_admin

November 3, 2021

မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နေပြီး ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူ ဆယ်ရာခိုင်နှုန်းခန့်သာ ရှိသေးသည်ဟု ပြည်နယ်ပညာရေးတာဝန်ရှိသူတို့ထံမှ သိရသည်။ ပြည်နယ်တစ်ခုလုံးတွင် ကျောင်းသား ကျောင်းသူ လေးသိန်းကျော်ရှိပြီး ယခုကျောင်းပြန်ဖွင့်ချိန်တွင် ကျောင်းသား ကျောင်းသူ တစ်ဆယ်ရာခိုင်နှုန်းခန့်သာ ကျောင်းလာတက်ကြသည်။ ကျောင်းစဖွင့်သည့် ပထမအပတ်တွင် ကျောင်းတက်သည့် ကျောင်းသား ကျောင်းသူဦးရေနည်းနေသော်လည်း ဒုတိယအပတ်ခန့်တွင် ကျောင်းသား ကျောင်းသူဦးရေ တိုးလာနိုင်သည်ဟုလည်း ပညာရေးဝန်ထမ်းတို့က ခန့်မှန်းထားကြသည်။ “ကျောင်းတက်တဲ့ကလေးက နည်းတယ်၊ စစဖွင့်ချင်းမို့လို့လားတော့ မပြောတတ်ဘူး၊ တချို့ကလည်း စိုးရိမ်ကြလို့ ကလေးကို ပေးမတက်သေးတာလည်းရှိတယ်၊ တဖြည်းဖြည်း များလာမယ် ထင်တာပဲ” ဟု မြို့နယ်ပညာရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။ မြို့ပေါ်ရှိကျောင်းများထက် နယ်ဘက်ရှိကျောင်းများတွင် ကျောင်းတက်သည့် ကျောင်းသူကျောင်းသားဦးရေ ပိုများကြောင်း ကျောင်းဆရာ ဆရာမတို့ထံမှ သိရသည်။ ကျောင်းသားမိဘအချို့ကလည်း ကလေးလုံခြုံရေးအတွက် စိုးရိမ်ပြီး […]

ရေးတွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၀၀၀ အထိရောက်

diz_admin

November 2, 2021

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် လျှပ်စစ်မိတာခ တစ်ယူနစ် ကျပ် ၁၀၀၀ အထိ စေ◌ျးတက်သွားသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ မဟာဓါတ်အားလိုင်းမရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏိတို့က လုပ်ဆောင်နေကြပြီး ပုဂ္ဂလိကကုမ္ပဏိ လျှပ်စစ်ဖြန့်ဖြူးရေးမရောက်သည့် ကျေးရွာတို့တွင် ကိုယ်ထူကိုယ်ထဖြင့် လျှပ်စစ်မီး ဖြန့်ဖြူးနေကြသည်။ လက်ရှိတွင် ဒီဇယ်ဈေး မြင့်တက်လာခြင်းကြောင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် ကျေးရွာတို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၈၀၀ မှ စက်တင်ဘာလမှစပြီး တစ်ယူနစ် ကျပ် ၁၀၀၀ အထိ ဈေးတက်သွားသည်ဟု သုံးစွဲသူတို့ထံမှ သိရသည်။ “ရွာမှာက ကုမ္ပဏီက ဖြန့်ဖြူးတဲ့ မီးမရောက်ဘူး၊ ရွာက ကိုယ်ထူကိုယ်ထနဲ့ သွယ်ထားတဲ့မိး၊ အခု ဆိစေ◌ျးတွေ တက်တော့ စက်တင်ဘာလကစပြီး တစ်ယူနစ် ၁၀၀၀ […]

မော်လမြိုင်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

October 31, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှရီ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ အောက်ကျင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးလှရီသည် အောက်တိုဘာ ၃၀ ရက်နေ့ ည ၇ နာရီခန့်က အုပ်ချုပ်ရေးမှူးရုံးသွားရာလမ်းတွင် အမည်မသိသေနတ်သမားနှစ်ဦးတို့က လာရောက် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှရီသည် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “၅ ချက် အပစ်ခံရတယ်လို့ ပြောတယ်၊ အပစ်ခံရတဲ့နေရာမှာပဲ ဆုံးသွားတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ဦးလှရီကို ၎င်းတို့ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦးနှင့် မိတ်ဖက်အဖွဲ့အစည်းတို့က ထုတ်ပြန်ထားသည်။ ဦးလှရီသည် မော်လမြိုင်မြို့နေပြည်သူများအား စိတ်ရောကိုယ်ပါ ဒုက္ခပေးနေသောကြောင့် ယခုလို လုပ်ဆောင်ရခြင်းဖြစ်သည်ဟုလည်း မွန်ပြည်နယ် […]

မွန်တွင် စျေးများပြန်ဖွင့်၊ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသည့်ဆိုင်များသာ ရောင်းခွင့်ပြု

diz_admin

October 28, 2021

မွန်ပြည်နယ်အတွင်းရှိ စည်ပင်သာယာစျေး ပြန်လည်ဖွင့်လိုက်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးထားပြီးသည့် စျေးဆိုင်များသာ ရောင်းချခွင့်ပြုကြောင်း စျေးတာဝန်ခံနှင့် စျေးသူစျေးသား တို့ထံမှ သိရသည်။ မော်လမြိုင် အမှတ်(၁) စျေးနှင့် မြိုင်ရတနာလေးထပ်စျေးတို့အပါအဝင် ပြည်နယ်အတွင်းရှိ စည်ပင်သာယာစျေးများကို အောက်တိုဘာ ၂၅ ရက်နေ့မှစကာ ပြန်လည်ဖွင့်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ဆိုင်ရှင်များအနေနှင့် စျေးရောင်းသူနှင့် အလုပ်သမားများအား ကိုဗစ်ကာကွယ်ဆေးထိုးထားပြီး ဖြစ်ကြောင်း အထောက်အထား ဆေးလက်မှတ်ကို သက်ဆိုင်ရာ စျေးတာဝန်ခံရုံးထံ တင်ပြနိုင်မှသာ ဆိုင်ပြန်လည်ရောင်းချခွင့် ရရှိမည်ဖြစ်သည်။ “ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် ထိုးပြီးကြောင်း ဆေးလက်မှတ်ပြနိုင်တဲ့ ဆိုင်တွေကို ပြန်ဖွင့်ခွင့်ပေးတယ်” ဟု မော်လမြိုင်အမှတ်(၁) စျေးမှ တာဝန်ခံအဖွဲ့ဝင် ဦးစိုးက ပြောသည်။ ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသည့် ဆိုင်ခန်းများအတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပြီး ကာကွယ်ဆေးထိုးနှံနိုင်ရေး သက်ဆိုင်ရာ စျေးတာဝန်ခံရုံးတို့တွင် စာရင်းပေးသွင်းနိုကြောင်း သိရသည်။ […]

မော်လမြိုင် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖမ်းဆီးခံရ

diz_admin

October 28, 2021

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပြည်နယ်လွှတ်တော် တစ်ဦးဖြစ်သူ ဒေါ်နွယ်နွယ်အောင် ဖမ်းဆီးခံရကြောင်း NLD ပါတီ အသိုင်းအဝိုင်း တို့ထံမှ သိရသည်။ ဒေါ်နွယ်နွယ်အောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က အောက်တိုဘာ ၂၇ ရက်နေ့ည ၁၁ နာရီဝန်းကျင်ခန့်က မော်လမြိုင်ကြိုရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ “ညက အဖမ်းခံရတယ်လို့တော့ ကြားတယ်၊ ကျွန်တော်တို့လည်း သေချာမသိသေးဘူး” ဟု NLD ပါဝင်တစ်ဦးက ပြောသည်။ ဒေါ်နွယ်နွယ်အောင် ဖမ်းဆီးခံရသည့်အကြောင်းအရင်းကိုလည်း မသိရှိသေးဘူးလို့လည်း ပါတီဝင်တို့က ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းက NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်အချို့နှင့် ပါတီဝင်အချို့ ဖမ်းဆီးခံရမှုရှိသည့်အပြင် အများစုကလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။ အချို့လွှတ်တော် ကိုယ်စားလှယ်များမှာ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ […]

ပေါင် ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ နေအိမ် ဗုံးပေါက်

diz_admin

October 28, 2021

မွန်ပြည်နယ် ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးကျော်လင်းဦး၏ နေအိမ်တွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၄ နာရီ ဝန်းကျင်ခန့်က ဦးကျော်လင်းဦးနေအိမ်သို့ အမည်မသိ လူ နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး နေအိမ်အတွင်း ဗုံးပစ်သွင်းခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဗုံးပေါက်ကွဲမှုကြောင့် ဦးကျော်လင်းဦးအပါအဝင် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း ဦးကျော်လင်းဦး၏နေအိမ်အဆောက်အအုံ အချို့ ထိခိုက်ပျက်စီးမှုရှိသည်ဟု သိရသည်။ “မနက်က ဖြစ်သွားတဲ့ ဗုံးပေါက်ကွဲမှုက လူထိခိုက်တာ မရှိဘူးလို့ သိရတယ်၊ အခုတလော ကျွန်တော်တို့ ပေါင်မှာ ဗုံးပေါက်တဲ့ဖြစ်စဉ်တွေကတော့ နေ့တိုင်းလိုလိုဖြစ်ပွားနေတယ်” ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။ ဦးကျော်လင်းဦးသည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတုန်းက ပေါင်မြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၁) တွင် […]