မွန်တွင် ကိုဗစ်အတည်ပြုလူနာ နှစ်ဦး ထပ်မံသေဆုံး
diz_admin
June 14, 2021မွန်ပြည်နယ် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ နှစ်ဦး ဇွန်လ ၁၄ ရက်နေ့တွင် ထပ်မံသေဆုံးသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ သေဆုံး ကိုဗစ်အတည်ပြုလူနာသည် မော်လမြိုင်မှ အသက် ၆၁ နှစ်နှင့် ၇၆ နှစ်ရှိလူနာများဖြစ်ပြီး ဇွန်လအတွင်း သေဆုံးကိုဗစ်အတည်ပြုလူနာ ၃ ဦး ရှိပြီးဖြစ်သည်။ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှုအခြေအနေသည် ဇွန်လ ၁၄ ရက်နေ့အထိစာရင်းများအရ ကိုဗစ်အတည်ပြုလူနာ ၂၀ ကျော်ရှိနေပြီး သေဆုံးသူ ၃ ဦးရှိသည်။ မွန်ပြည်နယ်တွင် မေလဆန်းပိုင်းခန့်မှစကာ ကိုဗစ်အတည်ပြုလူနာများ ပြန်လည်တွေ့ရှိလာခြင်းဖြစ်ပြီး ဇွန်လအတွင်း ကိုဗစ်လူနာ နေ့စဉ်တွေ့ရှိလာသလို သေဆုံးမှုလည်း ဆက်တိုက်ရှိလာခဲ့သည်။ “မွန်ရဲ့အခြေအနေကတော့ Positive လူနာတွေ နေ့တိုင်း တွေ့နေတဲ့အနေအထားရှိတယ်၊ အခုဆိုရင် သေဆုံးမှုတွေလည်း ရှိလာတယ်၊ ပေါ့ဆနေလို့မရတော့ဘူး mask […]