ဘီးလင်းတွင် ဗုံးပေါက်၊ လူနှစ်ဦး သေဆုံး
diz_admin
December 2, 2021မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဒီဇင်ဘာလ ၁ ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ဆိုင်ကယ်တစ်စီးပျက်စီးကြောင်း မြို့ခံများထံမှ သိရသည်။ ကန်သာယာရပ်ကွက် ဂျပန်ကုန်း အောင်ချမ်းသာအပိုင်းတွင် ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၁နာရီဝန်းကျင် က ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါပေါက်ကွဲမှုသည် သေဆုံးသွားသည့် အမျိုးသားနှင့် အမျိုးသမီးတို့ နှစ်ဦး စီးနှင်းလာသည့် ဆိုင်ကယ် နှင့်အတူ ပါလာသည့်ဗုံး ပေါက်ကွဲသွားခြင်း ဖြစ်နိုင်သည်ဟုယူဆကြောင်း ဒေသခံများက ပြောဆိုသည်။ “ဆိုင်ကယ်အတွင်းကနေ ထပေါက်တယ်လို့ ပြောတယ်။ ဆိုင်ကယ်ရော လူရော တစ်စစီဖြစ်သွားတယ်” ဟု ဘီးလင်းမြို့ခံတစ်ဦးက ပြောသည်။ သေဆုံးသွားသည့် အမျိုးသားနှင့် အမျိုးသမီးတို့မှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိသေးကြောင်းလည်း ဒေသခံများက ပြောဆိုသည်။ ပေါက်ကွဲမှုကြောင့် အာဏာသိမ်း […]