BREAKING
April 21, 2025

မွန်

၂ နှစ်နီးပါးရပ်ထားသည့် မွန်ကျောက်သင်ပုန်းလုပ်ငန်း ပြန်လည်ပတ်စပြု

diz_admin

December 16, 2021

မွန်ပြည်နယ် ဘီလူးကျွန်း (ချောင်းဆုံမြို့နယ်) က ၂ နှစ်နီးပါး ရပ်နားထားရသည့် ကျောက်သင်ပုန်းလုပ်ငန်းများ ပြန်လည်ပတ်စပြုနေပြီဖြစ်ကြောင်း ကျောက်သင်ပုန်းလုပ်ငန်း လုပ်ကိုင်သူတို့ထံမှ သိရသည်။ ကိုဗစ်စဖြစ်ကတည်းက ရပ်နားထားရသည့် ကျောက်သင်ပုန်းလုပ်ငန်းများ ယခုအခါ ကျောင်းများ၊ ကျောက်သင်ပုန်းရောင်းသည့် ဆိုင်များ ပြန်လည်ဖွင့်လှစ်လာသည့်အတွက် ကျောက်သင်ပုန်းလည်း အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း ကျောက်သင်ပုန်းလုပ်ငန်းရှင်တို့က ပြောသည်။ “အခုမှ ကျောင်းတွေ ပြန်ဖွင့်လာမှ နည်းနည်းပြန်ရောင်းလာရတယ်” ဟု ဘီလူးကျွန်း မုဒွန်းကျေးရွာမှ ကျောင်းသင်ပုန်းလုပ်ငန်းရှင် ကိုအောင်မိုးခိုင်က ပြောသည်။ လက်ရှိတွင် ကျောက်သင်ပုန်းကို ကျောင်းသုံး စာရေးကိရိယာများအဖြစ် အနည်းငယ် အရောင်းအဝယ် ဖြစ်နေသည့်အပြင် အိမ်၊ ဟိုတယ်၊ စားသောက်ဆိုင် အစရှိသည့်နေရာတို့တွင် အလှဆင်ရန်အတွက်နှင့် လက်ဆောက်ပစ္စည်းများအဖြစ်လည်း အရောင်းအဝယ်ဖြစ်နေကြောင်း ၎င်းက ဆက်ပြောသည်။ ကျောင်သင်ပုန်းကို မွန်ပြည်နယ်ဈေးကွက်များအပြင် ရန်ကုန်၊ မန္တလေးဈေးကွက်သို့လည်း အမှာများ […]

ပေါင် ရဲစခန်းတွင် အချုပ်သားများ အစုလိုက် ကိုဗစ်ကူးစက်ခံရ

diz_admin

December 12, 2021

မွန်ပြည်နယ် ပေါင်မြို့ မြို့မရဲစခန်းတွင် အကျဉ်းကျနေသည့် အချုပ်သားများ ကိုဗစ်-၁၉ ရောဂါ အစုလိုက် ကူးစက်ခံထားရကြောင်း သိရသည်။ ပေါင်မြို့မရဲစခန်းတွင် နေမကောင်းဖြစ်နေသည့် အချုပ်သားတစ်ဦးကို ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ ဒီဇင်ဘာ ၁၀ ရက်နေ့က စစ်ဆေးခဲ့ရာမှ ရောဂါပိုး စတင်တွေ့ရှိခဲ့သည်။ ထိုနောက် အဆိုပါ ကိုဗစ်ရောဂါပိုးတွေ့ရှိသည့် အချုပ်သားနှင့် ထိတွေ့ဆက်စပ်နေသည့် အချုပ်သား ၃၂ ဦးကို ထပ်မံစစ်ဆေးခဲ့ရာ အချုပ်သား ၁၆ ဦးတွင် ရောဂါပိုး ထပ်မံတွေ့ခဲ့ခြင်းဖြစ်ကြောင်း ပေါင်မြို့မရဲစခန်းမှ တာဝန်ရှိသူထံမှ သိရသည်။ ရောဂါပိုးတွေ့ရှိသည့် အချုပ်သားများကို သီးခြားထားပြီး ဆေးကုသမှုပေးထားကြောင်း ၎င်းတို့၏ ကျန်းမာရေးအခြေအနေသည်လည်း ကောင်းမွန်နေကြောင်း သိရသည်။ ပေါင်မြို့နယ်အတွင်း အောက်တိုဘာလကတည်းက ကိုဗစ်ကူးစက်လူနာအသစ်များ တွေ့ရှိမှုမရှိခဲ့ဘဲ ယခု ဒီဇင်ဘာလအတွင်း၌ ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိလာကြောင်း […]

သံဖြူဇရပ်တွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

December 9, 2021

မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ယမန်နေ့ညက ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၈ ရက်နေ့ ည ၉ နာရီဝန်းကျင်က သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်ရှိ ထိပ်တန်း အရက်ချက် စက်ရုံရှေ့တွင် ဆိုင်ကယ်စီးနင်းလာသည့် အသက် ၅၀ နှစ်အရွယ် ဦးသားငယ်ဆိုသူကို ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယင်းအနီးပတ်ဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ လှည့်ကင်း ရှိနေချိန် ဆိုင်ကယ် မောင်းနှင်လာခြင်းဖြစ်သဖြင့် စစ်သားများက ပစ်ခတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း အခင်းဖြစ်ရာ ပတ်ဝန်းကျင် အနီးဝန်းကျင်က ဒေသခံများနှင့် မိသားစုဝင်အချို့က ယူဆကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးသားငယ်တွင် နောက်ကျောနှင့် ပေါင်တို့တွင် ကျည်ထိမှန်ကာ သေဆုံးကြောင်း ၎င်းက ဆိုသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ […]

သံဖြူဇရပ် နာရေးကူညီမှုအသင်းဝင်တစ်ဦးကို စစ်ကောင်စီက ထောင်ချ

diz_admin

December 9, 2021

ယာယီတပ်ရင်းမှူးအပါအဝင် စစ်သားခြောက်ဦး၏ အလောင်းကို ဓာတ်ပုံရိုက်ပြီး Facebook တွင်တင်သည် ဟုဆိုကာ မွန်ပြည်နယ် သံဖြူဇရပ်မြို့ နာရေးကူညီမှုအသင်းဝင် ဦးကျော်ဝင်းကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် တစ်နှစ်နှင့် သုံးလ အမိန့်ချမှတ်လိုက်ကြောင်း နီးစပ်သူများထံမှ သိရသည်။ ရုပ်အလောင်း ဓာတ်ပုံများ Facebook တွင် တင်သဖြင့် အသရေဖျက်မှုအပြင် ပုဒ်မ ၅၀၅ (က) ဖြင့်ပါ စစ်ကောင်စီက အမှုဖွင့်ကာ ဦးကျော်ဝင်းကို ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ “စစ်သားအလောင်းတွေကို ဓာတ်ပုံရိုက် Facebook ပေါ်တင်ခဲ့တဲ့ ကိစ္စနဲ့ ဦးကျော်ဝင်းကို ဖမ်းဆီး တရားစွဲခဲ့တယ်။ မနေ့ (ဒီဇင်ဘာ ၈) က ထောင်တစ်နှစ် အမိန့်ချလိုက်တယ်” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ အသရေဖျက်မှုကို အောက်တိုဘာလကတည်းက ထောင်ဒဏ် သုံးလ အမိန့်ချခဲ့ပြီး […]

ဘုရားသုံးဆူတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

December 6, 2021

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်က ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူးသည် ယနေ့ (ဒီဇင်ဘာ ၆) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်ဆိုသူ နေအိမ်တွင် ရှိနေစဉ် ယနေ့ နံနက် ၉ နာရီ ဝန်းကျင်က အမည်အသိ လူနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ ထံမှ သိရသည်။ “သေနတ်သမားက ဆိုင်ကယ်နဲ့ အိမ်ကို လာပြီး ပစ်သွားတယ်လို့ပြောတယ်။ ဘယ်သူဘယ်ဝါ ဆိုတာတော့ ဘာမှ မကြားမိသေးဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ ဦးဇော်မျိုးအောင် ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာ အတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးနေကာ လုံခြုံရေး တင်းကြပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ […]

သထုံမြို့ လဝကရုံးတွင် ဗုံးပေါက်

diz_admin

December 4, 2021

မွန်ပြည်နယ် သထုံမြို့နယ် လဝကရုံးတွင် ဗုံးပေါက်ကွဲသဖြင့် ဆိုင်ကယ်အချို့နှင့် လဝကရုံး အဆောက်အအုံ ထိခိုက်ပျက်စီးကြောင်း သထုံမြို့ခံများထံမှ သိရသည်။ သထုံမြို့ရှိ မြို့နယ် လဝကရုံးတွင် ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ရုံးရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ် သုံးစီးနှင့် ရုံးအဆောက်အအုံ နေရာအချို့ ထိခိုက်ပျက်စီးကြောင်း ၎င်းတို့ထံမှ သိရသည်။ “လဝကရုံး ပေါက်ကွဲမှုမှာ လူထိခိုက်တာတွေတော့ မရှိဘူးလို့ သိရတယ်” ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။ သထုံမြို့နယ် လဝကရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ငွေကြေးစီးဝင်မှုကို ဖြတ်တောက်စေလိုသောကြောင့် ဗုံးခွဲတိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းအပြင် ပြည်သူလူထုအနေနှင့်လည်း စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုကို ရှောင်ကြည်ပေးကြရန် […]

တနင်္သာရီအပါအဝင် တစ်နိုင်ငံလုံးတွင် HIV လူနာ ဆေးခန်းရက်ချိန်းပျက်မှု မြင့်တက်

diz_admin

December 2, 2021

စစ်အာဏာသိမ်းပြီးနောက် မတည်မငြိမ်မှုများကြောင့် တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးတွင် HIV လူနာများ ဆေးခန်းရက်ချိန်းပျက်ကွက်မှု မြင့်တက်လာကြောင်း နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF) နှင့် တနင်္သာရီအခြေစိုက် လူမှုအဖွဲ့အစည်းအချို့ထံမှ သိရသည်။ စစ်အာဏာသိမ်းသည့် ယခုနှစ် ဖေဖော်ဝါရီလမှ အောက်တိုဘာလအထိ ဆယ်လတာကာလအတွင်း တစ်နိုင်ငံလုံးတွင် ဆေးခန်းရက်ချိန်း ပျက်ကွက်မှု ၂၉၂၉ ခုရှိကြောင်း၊ အဆိုပါ ပျက်ကွက်မှု ပမာဏသည် ယမန်နှစ်ထက် ၈၉ ရာခိုင်နှုန်း ပိုများလာကြောင်း ကမ္ဘာ့ ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက် ရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်သည့် MSF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဆက်သွယ်၍ မရသည့် လူနာများစွာ ရှိနေကြာင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တိုင်းနှင့် ပြည်နယ်အလိုက် ဆေးခန်းရက်ချိန်း ပျက်ကွက်သည့် […]

သံဖြူဇရပ်တွင် ဘုန်းကြီးမောင်းလာသည့်ကား ဝင်တိုက်၍ ကျောင်းသူတစ်ဦးသေဆုံး

diz_admin

December 2, 2021

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် သံဖြူဇရပ်-ရေးလမ်းမကြီး ကလိန်ပဒေါကျေးရွာ စာသင်ကျောင်းရှေ့တွင် ဘုန်းကြီးတစ်ပါး မောင်းနှင်လာသည့်ကား ဝင်တိုက်မိသဖြင့် ကျောင်းသူတစ်ဦး သေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။ ယနေ့ (ဒီဇင်ဘာ ၂) မွန်းလွဲ ၁ နာရီခန့်က အဆိုပါနေရာတွင် ဘုန်းကြီးတစ်ပါး မောင်းနှင်လာသည့် ကားမှာ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောတွင် စက်ဘီးစီးနှင်လာသည့် ကျောင်းသူကို ဝင်တိုက်မိခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် စက်ဘီးစီးလာသည့် အသက် ၁၂ နှစ်အရွယ် ကျောင်းသူသည် ဦးခေါင်း ကွဲကြေဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီးသေဆုံးသွားသည်ဟု နာရေးကူညီမှုအသင်းတို့ထံမှ သိရသည်။ “ကားက အရှိန်မထိန်းနိုင်လို့ စက်ဘီးစီးလာတဲ့ ကျောင်းသူကို ဝင်တိုက်သွားတာ။ ကျောင်းသူကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်” ဟု စေတနာရှင်နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောသည်။ နိုဝင်ဘာလ ၁၄ […]