BREAKING
April 21, 2025

မွန်

မုဒုံ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် လူငယ်တစ်ဦး ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခံရ

diz_admin

December 30, 2021

မွန်ပြည်နယ် မုဒုံမြို့က လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် အသက် ၂၃ နှစ်အရွယ် ကိုဆန်းလင်းဦးကို အာဏာသိမ်းစစ်ကောင်စီက ဒီဇင်ဘာလ ၂၉ ရက်တွင် ထောင်ဒဏ် တစ်နှစ်ခွဲ အမိန့်ချမှတ်လိုက်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ကိုဆန်းလင်းဦးကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရာတွင် ပါဝင်သည်ဆိုသည့် စွပ်စွဲချက်နှင့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပြီးခဲ့သည့် နိုဝင်ဘာလက ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရပြီးနောက် ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ကာ ဒီဇင်ဘာ ၂၉ ရက်နေ့က ကျိုက်မရောအကျဉ်းထောင် အထူးတရားရုံးတွင် ထောက်ဒဏ် တစ်နှစ်ခွဲ အမိန့်ချလိုက်ခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်အချို့ကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရာတွင် ပါဝင်ခြင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ဒေသခံ PDF တို့နှင့် ပတ်သက်နေသည်ဆိုသည့်စွပ်စွဲချက်နှင့် […]

မွန်တွင် မိုးစပါးပေါ်ချိန် စပါးဈေးကောင်းရ

diz_admin

December 29, 2021

မွန်ပြည်နယ်တွင် ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးဈေးကောင်းရနေကြောင်း ပြည်နယ်အတွင်းရှိ စပါးကုန်သည်များနှင့် စပါးစိုက်တောင်သူတို့ထံမှ သိရသည်။ လက်ရှိတွင် မွန်ပြည်နယ် စပါးဈေးသည် ယမန်နှစ် ဈေးနှင့် နှိုင်းယှဉ်ကြည့်လျှင် စပါးတင်း ၁၀၀ လျှင် ကျပ် နှစ်သိန်းကျော် ကွာဟနေကြောင်း စပါးကုန်သည်တို့ထံမှ သိရသည်။ “စပါးဈေးကတော့ အစားစားရှိတာပေါ့လေ။ ပေါ်ဆန်းမွှေးတို့ဆိုရင် ၁၀ သိန်းကျော်တယ်။ ဒီနှစ်ကတော့ စပါးဈေးကောင်းတယ်။ မနှစ်ကနဲ့စာရင် ဒီနှစ် ဈေးပိုကောင်းတယ်” ဟု မုဒုံမြို့နယ်မှ စပါးကုန်သည် ဒေါ်မီးက ပြောသည်။ လက်ရှိတွင် မွန်ပြည်နယ်၌ စပါးကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ကိုးသိန်း၊ စပါးချောအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းကျော် ပေါက်ဈေးရှိနေကြောင်းလည်း စပါးကုန်သည်တို့က ဆိုသည်။ […]

မွန်လူငယ်များနေ့ကို အကျဉ်းချုံး ကျင်းပမည်

diz_admin

December 27, 2021

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်သည့် (၁၀) ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနားကို အကျဉ်းချုံးသာ ကျင်းပသွားမည်ဖြစ်ကြောင်း (၁၀) ကြိမ်မြောက် မွန်လူငယ်များနေ့ အခမ်းအနား ဖြစ်မြောက်ရေးကော်မတီတို့ထံမှ သိရသည်။ ကိုဗစ်ကပ်ရောဂါအခြေအနေနှင့် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေးအခြေအနေတို့ကြောင့် ယခုနှစ်တွင် မွန်လူငယ်များနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း မရှိတော့ကြောင်း အဆိုပါကော်မတီမှ တာဝန်ရှိသူတို့က ပြောသည်။ “ဒီနှစ်လည်း ကိုဗစ်ကပ်ရောဂါနဲ့ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် အခမ်းအနားကို လူနည်းနည်းနဲ့ အကျဉ်းချုံးပဲ လုပ်သွားမယ်။ ပြီးရင် အွန်လိုင်းကနေ live လွှင့်သွားမယ်” ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အနယ်နယ်အရပ်ရပ်ရောက်နေသည့် မွန်လူငယ်များ တစ်ဦးနှင့် တစ်ဦး ခင်မင်ရင်းနှီးလာစေရေး၊ တစ်နေရာနှင့် တစ်နေရာ လွယ်ကူစွာ ဆက်သွယ်သွားလာနိုင်စေရန်အတွက် ရည်ရွယ်ပြီး မွန်လူငယ်များနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခြင်းဖြစ်ကြောင်း […]

မွန် NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး၏ နေအိမ် ချိတ်ပိတ်ခံရ

diz_admin

December 23, 2021

မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သူ ဒေါက်တာခင်ဆောင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ နေအိမ်တို့ကို စစ်ကောင်စီက ချိတ်ပိတ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပေါင်မြို့နယ် ပေါင်းရပ်ကွက်ရှိ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူး၏ နေအိမ်ကို ဒီဇင်ဘာ ၂၂ ရက်နေ့က လာရောက် ချိတ်ပိတ်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဦးဇော်ဇော်ထူးတို့ နေအိမ်မှာက လူမရှိနေဘူး။ မနေ့ နေ့လည်လောက်က အိမ်ကို နိုင်ငံတော်ပိုင် သိမ်းတယ်ဆိုတဲ့စာ လာကပ်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထို့အတူ ကျိုက်ထိုမြို့ မြောက်ပိုင်းရပ်ကွက်ရှိ မွန်ပြည်နယ် NLD ဥက္ကဋ္ဌလည်းဖြစ်၊ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်သည့် ဒေါက်တာခင်ဆောင်၏ နေအိမ်ကိုလည်း အာဏာသိမ်းစစ်ကောင်စီတို့က ဒီဇင်ဘာ ၂၂ ရက်က ချိတ်ပိတ်လိုက်ကြောင်း ဒေသခံများထံမှ […]

မွန် ဝန်ကြီးချုပ်ဟောင်းကို အလုပ်နှင့်ထောင်ဒဏ် ၂ နှစ်ချ

diz_admin

December 21, 2021

မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားသည့် ပုဒ်မများအနက် ရာဇသတ်ကြီးဥပဒေ ၅၀၅ (ခ) အမှုကို စစ်ကောင်စီတရားရုံးက အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ် လိုက်ကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ဝန်ထမ်းများ ပါဝင်ကြရန် တိုက်တွန်းမှုဖြင့် ဒေါက်တာအေးဇံကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီး အမှုဖွင့်ခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့က ကျိုက်မရောအကျဉ်းထောင်ရှိ စစ်ကောင်စီ အထူးတရားရုံးတွင် အမိန့်ချမှတ်ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ပုဒ်မ ၅၀၅ နဲ့ စွဲဆိုထားတဲ့အမှုအတွက်ကို ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်တယ်။ အဂတိမှုနဲ့ စွဲဆိုထားတာတွေ ကျတော့ အမိန့်မချရသေးဘူး” ဟု […]

သထုံ နေရာခြောက်ခုတွင် ဗုံးဆက်တိုက်ပေါက်ကွဲ၊ လူတစ်ဦး ဒဏ်ရာရ

diz_admin

December 20, 2021

မွန်ပြည်နယ် သထုံမြို့ပေါ် နေရာခြောက်ခု၌ ယနေ့ (ဒီဇင်ဘာ ၂၀) နံနက်အစောပိုင်းတွင် ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ ယနေ့ နံနက် ၅ နာရီဝန်းကျင်ကစပြီးတွင် သထုံမြို့ပေါ်ရှိ စိုးမိုး Mobile ဖုန်းဆိုင်၊ သုဝဏ္ဏဘီယာဆိုင်၊ ရန်ကုန်အဖျော် ယမကာ အရောင်းဆိုင်နှင့် ပြည်တော်သာ အဖျော်ယမကာအရောင်းဆိုင်တို့တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းအပြင် သထုံမြို့ပေါ်ရှိ လဝကရုံးနှင့် ကညနရုံးနေရာတို့တွင်လည်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်များကြောင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးသည့်အပြင် သွားလာနေသည့် ပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သထုံမြို့ခံတစ်ဦးက ပြောသည်။ “ဒီမနက် ပေါက်ကွဲမှုဖြစ်တာက အဓိက ဆိုင်တွေမှာ ဖြစ်တယ်။ ဆိုင်တချို့ ပျက်စီးသွားတာရှိတယ်။ […]

လမိုင်းမြို့က လုပ်ငန်းရှင်တစ်ဦး ဖမ်းဆီးခံရ

diz_admin

December 17, 2021

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့က လုပ်ငန်းရှင်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ လမိုင်းမြို့က လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမင်းသိန်းထွန်းဦး (ကိုစကစ်) ကို ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ကိုစကစ်ကို ညပိုင်း အိမ်မှာ လာဖမ်းခေါ်သွားတယ်။ ရဲဘက်ကနေ သိရတာက NUG နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးတယ်လို့ ပြောတယ်” ဟု ၎င်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် ဦးမင်းသိန်းထွန်းဦးကို ရေးမြို့နယ် မော့ကနင်ကျေးရွာရှိ အမှတ် (၁၀၆) တပ်ရင်းတွင် ဖမ်းဆီး ထိန်းသိမ်းထားသည်ဟုလည်း ၎င်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ဦးမင်းသိန်းထွန်းဦးသည် […]

မွန်တွင် ကိုဗစ်လူနာအသစ်များ ပြန်တွေ့

diz_admin

December 16, 2021

မွန်ပြည်နယ်တွင် ဒီဇင်ဘာလဆန်းပိုင်းကစပြီး ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိလာကြောင်း မြို့နယ်ကျန်းမာရေး တာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေးကူညီပေးနေသူများထံမှ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းမှစပြီး ကိုဗစ်ကူးစက် သေဆုံးမှုနှုန်းမြင့်တက်လာခဲ့ရာမှ ဩဂုတ်လလယ်ခန့်မှစကာ ကိုဗစ်ကူးစက် သေဆုံးမှုနှုန်း သိသိသာသာ စတင်လျော့ကျလာခဲ့သည်။ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု လျော့နည်းကျဆင်းလာခဲ့ရာမှ ဒီဇင်ဘာလဆန်းပိုင်းမှစကာ မြို့နယ် အချို့တို့တွင် ကိုဗစ်ကူးစက်လူနာအသစ်များ ဆက်တိုက် ပြန်လည်တွေ့ရှိလာခြင်းဖြစ်သည်။ “ကိုဗစ်ကတော့ ပေါ့ဆလို့မရဘူး။ အခုဆို မြို့နယ်တချို့တွေမှာ ပိုးတွေ့လူနာအသစ်တွေ ပြန်တွေ့နေတော့ သတိရှိကြပါ။ mask တပ်ပြီးမှ သွားလာကြပါ” ဟု မြို့နယ်တာဝန်ကျဆရာဝန်တစ်ဦးက ပြောသည်။ လက်ရှိတွင် မွန်ပြည်နယ်အတွင်း ကိုဗစ်အတည်ပြုလူနာ ဆက်တိုက် ပြန်လည်တွေ့ရှိလာသဖြင့် မပေါ့ဆ ကြရန်၊ ကျန်းမာရေးအသိရှိကြရန်၊ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်များအတိုင်းလိုက်နာ နေထိုင်ကြရန် ကျန်းမာရေးတာဝန်ရှိသူတို့က ပြောသည်။ ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာအသစ်များ ပြန်လည်တွေ့ရှိနေခြင်းမှာ ကိုဗစ်မျိုးကွဲသစ် […]