ဘုရားသုံးဆူတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ
diz_admin
December 6, 2021ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်က ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူးသည် ယနေ့ (ဒီဇင်ဘာ ၆) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရသောကြောင့် သေဆုံးကြောင်း မြို့ခံများထံမှ သိရသည်။ ချောင်းဆုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်ဆိုသူ နေအိမ်တွင် ရှိနေစဉ် ယနေ့ နံနက် ၉ နာရီ ဝန်းကျင်က အမည်အသိ လူနှစ်ဦးတို့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ ထံမှ သိရသည်။ “သေနတ်သမားက ဆိုင်ကယ်နဲ့ အိမ်ကို လာပြီး ပစ်သွားတယ်လို့ပြောတယ်။ ဘယ်သူဘယ်ဝါ ဆိုတာတော့ ဘာမှ မကြားမိသေးဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ ဦးဇော်မျိုးအောင် ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာ အတွင်း ဝင်ရောက်ရှာဖွေစစ်ဆေးနေကာ လုံခြုံရေး တင်းကြပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ […]