မွန်တွင် ဆားကြမ်းဈေး စံချိန်တင်မြင့်တက်
diz_admin
March 29, 2022မွန်ပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် ဆားကွင်းများပျက်စီးပြီး ဆားအထွက်လျော့နည်းသည့်အတွက် ဆားကြမ်းဈေး စံချိန်တင်မြင့်တက်နေကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်အချို့တို့ထံမှ သိရသည်။ ဆားထုတ်လုပ်သည့် ရာသီအစတွင် ဆားကြမ်းတစ်ပိဿာ ကျပ် ၈၀ ရှိရာမှ လက်ရှိတွင် ကျပ် ၃၀၀ ကျော်သို့ မြင့်တက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယခင်က ဆားကြမ်းဈေးနှုန်းအမြင့်ဆုံးအဖြစ် တစ်ပိဿာ ၂၀၀ နှင့် ၂၅၀ ကျပ် အထိသာ တက်ခဲ့ဖူးပြီး လက်ရှိဈေးမှာ စံချိန်တင်နှုန်းထားဖြစ်သွားကြောင်း ဆားလုပ်ငန်းရှင်တို့က ပြောသည်။ ဆားထုတ်လုပ်ရာသီအစဖြစ်သည့် ဇန်နဝါရီလကတစ်ကြိမ်၊ ဖေဖော်ဝါရီလက နှစ်ကြိမ်နှင့် ယခု မတ်လတွင် လေးကြိမ်ထက်မနည်း မိုးရွာသွန်းခဲ့သည့်အတွက် ဆားကွင်းများပျက်စီးပြီး ဆားအထွက်လျော့နည်း သွားကြောင်း ၎င်းတို့ထံမှ သည်။ ရာသီအစဖြစ်သည့် ဒီဇင်ဘာလ၊ ဇန်နဝါရီလခန့်က ဆားကြမ်းတစ်ပိဿာ ကျပ် ၈၀ ဝန်းကျင်ရှိခဲ့ရာမှ […]