ရေးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်
Dawei Watch
January 10, 2025မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ယနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ ရေးမြို့နယ်၊ ကျုံလောင်းရွာဟောင်းဘက်ကို ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲသည့် နေ့လယ်ပိုင်းခန့်အထိ ပြင်းထန်နေဆဲဖြစ်ပြီး၊ ရေးအခြေစိုက် စစ်ကောင်စီ အမြောက်တပ် ၃၁၆၊ အမှတ်(၁၉) စစ်ဆေးရေးကွပ်ကဲမှုဌာနချုပ် စကခ ၁၉၊ ခလရ ၆၁ နှင့် ခမရ ၅၉၁ တပ်ရင်းတို့မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။ တိုက်ပွဲနှင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် ကျုံလောင်းကျေးရွာနှင့် အနီးရှိ ကျောက်မိကျောင်း (တောင်/မြောက်)၊ ကွင်းရှည်၊ ဖလံ၊ ဝယ်ပေါင်၊ ဝယ်ဇင်ကျေးရွာမှ […]