လေပြင်းကြောင့် မော်လမြိုင်တွင် နေအိမ်အမိုးလန်၊ သစ်ပင်၊ ဓာတ်တိုင်များလဲကျ
diz_admin
May 20, 2022လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ် မော်လမြိုင်မြို့အနှံ့တွင် လူနေအိမ်များ အမိုးလန်ပျက်စီးပြီး သစ်ပင်၊ ဓာတ်တိုင်များ လဲကျကြောင်း မြို့ခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ယနေ့ (မေ ၂၀) ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခတ်နေသည့် လေပြင်းကြောင်း လမ်းမပေါ် သစ်ပင်များ၊ ဓာတ်တိုင်များ လဲကျခြင်းတို့ကြောင့် လမ်းပိတ်ထားရပြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ လျှပ်စစ်ဌာနတို့က ရှင်းလင်းနေကြောင်း ၎င်းတို့ထံမှ သိရသည်။ “မိုးရော လေရောပဲ။ မိုးက သိပ်မကြီးပေမယ့် လေကတော့ တအားပြင်းတယ်။ လမ်းမှာလည်း သစ်ပင်တွေ ဓာတ်တိုင်တွေ လဲနေတာ တစ်မြို့လုံးပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။ အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အနီးမှ ကုန်းတွင်းသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက […]