BREAKING
April 22, 2025

မွန်

ရေးတွင် အမျိုးသားနှစ်ဦး ပစ်သတ်ခံရ

diz_admin

June 17, 2022

မွန်ပြည်နယ်၊ ရေးမြို့တွင် ယနေ့ (ဇွန် ၁၇) နံနက်ပိုင်းက အမျိုးသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ ယနေ့ နံနက် ၈ နာရီခန့်က ရေးမြို့ ဇော်လက်ဖက်ရည်ဆိုင်တွင် ကိုအရှည်ကြီးနှင့် ကိုကြည်ဟိန်းဆိုသူတို့ ရှိနေစဉ် သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်ခြင်းဖြစ်ကြောင်း မြို့ခံအချို့ ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုအရှည်ကြီးနှင့် ကိုကြည်ဟိန်းတို့ နှစ်ဦးစလုံးမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ အထက်ပါဖြစ်ရပ်မှာ ၎င်းတို့အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ကိုအရှည်ကြီးသည် စစ်ကောင်စီသတင်းပေးဒလန်ဖြစ်သဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ယင်းနေရာတွင် ၎င်းနှင့်အတူ ထိုင်နေသည့် ရေးမြို့ခံတစ်ဦးကိုလည်း မတော်တဆ ကျည်ထိမှန်သဖြင့် သေဆုံးသွားကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ကိုအရှည်ကြီးကို ကျည်ကျွံထွက်ကာ […]

တက္ကသိုလ်ဝင်တန်းအောင်ချက် မွန်ပြည်နယ် ပထမပြန်ရ

diz_admin

June 17, 2022

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်သည် မြန်မာတစ်နိုင်ငံလုံးတွင် အကောင်းဆုံးဖြင့် မွန်ပြည်နယ်က ပထမရရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို စစ်ကောင်စီက ယနေ့ (ဇွန် ၁၇) ထုတ်ပြန် လိုက်ပြီး မွန်ပြည်နယ်တွင် ဖြေဆိုသူ တစ်သောင်းကျော် (၁၁,၂၁၂ ဦး) ရှိသည့်အနက် ခြောက်ထောင်ကျော် (၆၄၁၄ ဦး) အောင်မြင်သည်။ အောင်ချက် ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် တစ်နိုင်ငံလုံးတွင် အောင်ချက် အမြင့်မားဆုံးဖြစ်ကြောင်း မွန်ပြည်နယ် ပညာရေးမှူးဌာန၏ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။ မွန်ပြည်နယ်သည် တစ်နိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံးအဖြစ် ဆက်တိုက်ရရှိနေသည့် ပြည်နယ်တစ်ခု ဖြစ်သည်။ “ဒီနှစ်လည်း မွန်ပြည်နယ်က အောက်ချက် ၅၇ ဒသမ ၂၁ ရာခိုင်နှုန်းနဲ့ တစ်နိုင်ငံလုံးမှာ ပထမရတယ်” […]

မော်လမြိုင်တွင် WHO ဝန်ထမ်း ပစ်သတ်ခံရပြီးနောက် စစ်ဆေးမှု ပိုမိုတင်းကျပ်

diz_admin

June 15, 2022

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ဝန်ထမ်းတစ်ဦး ပစ်သတ်ခံရပြီးနောက် ရှာဖွေစစ်ဆေးမှုများ ပိုမိုပြုလုပ်လာကြောင်း မြို့ခံတို့ထံမှ သိရသည်။ WHO ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ်သည် ဇွန်လ ၈ ရက်နေ့ ညနေက ရုံးမှ အိမ်သို့ ဆိုင်ကယ်စီးပြီးအပြန် သံလွင်ဥယျာဉ် ဘေးလမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီးနောက် မြို့ပေါ်တွင် လုံခြုံရေး အင်အားတိုးမြှင့်ချထားသည့် အပြင် စစ်ဆေးမှုလည်း ပိုမိုတင်းကျပ်လာကြောင်း မြို့ခံများက ပြောသည်။ “စစ်ဆေးမှုတွေ ပိုတင်းကျပ်လာတယ်။ အထူးသဖြင့် ညပိုင်းဆို ရဲတွေ အင်အား အများအပြားနဲ့ စစ်ဆေးတာတွေ ရှိလာတယ်” ဟု မြို့ခံလူငယ်တစ်ဦးက ပြောဆိုသည်။ မြို့ပေါ်ရှိ လမ်းဆုံးလမ်းခွများ၊ လမ်းမကြီးများ စသော လူသွားလူလာများပြားသည့် နေရာများတွင် လုံခြုံရေးအင်အား တိုးမြှင့်ချထားပြီး စစ်ဆေးနေခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ ကားဆိုလျှင် […]

ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်း ထပ်မံတိုက်ခိုက်ခံရ

diz_admin

June 14, 2022

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်း ယနေ့နံနက်ပိုင်းက ထပ်မံပစ်ခတ်တိုက်ခိုက်ခံရကြောင်း   ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇွန် ၁၄) နံနက် ၈  နာရီဝန်းကျင်အချိန်ခန့်က ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်းကို အမည်မသိလက်နက်ကိုင် အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး  နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုလည်း ရှိခဲ့ကြောင်း ၎င်းတို့ကဆိုသည်။ ”ပစ်ခတ်မှုဖြစ်ပြီးတော့ တံတားကို ခဏပိတ်လိုက်သေးတယ်၊ ပြီးတော့ ပြန်ဖွင့်ပေးလိုက်တယ် စစ်ဆေးမှုကတော့ တင်းကျပ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး ထိခိုက်မှု ရှိ မရှိဆိုသည်ကို မသိရသေးပေ။ မတ်လ ၁၉ ရက်နေ့ကလည်း ချောင်းနှစ်ခွတံတား ရဲကင်းဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။ ယင်းအပြင် ပြီးခဲ့သည့်  ဧပြီလ […]

တိုက်ပွဲပိုပြင်းထန်လာမည်ကို သထုံဒေသခံများစိုးရိမ်

diz_admin

June 11, 2022

မွန်ပြည်နယ် သထုံခရိုင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေဘက်တွင် စစ်ရေးတင်းမာ နေသောကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ကြောင်း ယင်းနေရာက ဒေသခံများက ပြောသည်။ KNU တပ်မဟာ (၁) နယ်မြေ သထုံနှင့် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေး ပိုမိုတင်းမာလာနေသည့်အနေအထားရှိသည်။ ယင်းနေရာအတွင်း ဇွန် ၁ ရက်နေ့ကစပြီး ပစ်ခတ်မှုများ ဆက်တိုက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။ “သေနတ်သံတွေလည်း နေ့တိုင်းကြားနေရတယ်။ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာမှာ စိုးရိမ်တယ်။ အခုလည်း တချို့ဆို ထွက်ပြေးနေကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ လက်ရှိတွင် စစ်ရေးတင်းမာနေသည့် အခြေအနေကြောင့် ဒေသခံ ၃၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် […]

ကျိုက်ထိုက လူမှုကယ်ဆယ်ရေးယာဉ်တစ်စီး ပစ်ခတ်ခံရ၊ အသင်းဝင် တစ်ဦးသေဆုံး

diz_admin

June 10, 2022

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာက စစ်တောင်းနာရေးကူညီမှုအသင်းယာဉ်တစ်စီး ပစ်ခတ်ခံရပြီး အသင်းဝင်တစ်ဦး သေဆုံးသွားကြောင်း ယင်းအသင်းနှင့် နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်။ စစ်တောင်းနာရေးကူညီမှုအသင်းယာဉ်သည် ဇွန်လ ၉ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ကျိုက်ထိုမြို့သို့ လူနာပို့ပြီး စစ်တောင်းရွာသို့ အပြန် အင်္ဂဘိုကျေးရွာအရောက်တွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် အသင်းဝင် သုံးဦးအနက်မှ ဆီးအိမ် ကျည်ဖောက်ဝင် ဒဏ်ရာရရှိခဲ့သည့် ကိုပြည့်ဖြိုးအောင်ဆိုသူ သေဆုံးသွားကြောင်း အဆိုပါဒေသခံက ပြောဆိုသည်။ ကိုပြည့်ဖြိုးအောင်ကို ကျိုက်ထိုဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ စစ်တောင်းနာရေးကူညီမှုအသင်းယာဉ်ကို စစ်ကောင်စီတပ်ဖွဲ့တို့က ပစ်ခတ်ခဲ့သည်ဟု သထုံခရိုင် PDF က ထုတ်ပြန်ထားသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ […]

မော်လမြိုင်တွင် ပစ်သတ်ခံရသူသည် WHO ဝန်ထမ်းဖြစ်နေ

diz_admin

June 9, 2022

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပစ်သတ်ခံရသည့် ဦးမျိုးမင်းထွဋ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဝန်ထမ်းဖြစ်ကြောင်း WHO မြန်မာရုံးက ထုတ်ပြန်ထားသည်။ ဦးမျိုးမင်းထွဋ်သည် ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် ရုံးမှ အိမ်သို့အပြန် သံလွင်ဥယျာဉ်လမ်းတွင် မော်တော်ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “မော်လမြိုင်၌ လုံခြုံရေးဖြစ်ရပ်တစ်ခုတွင် ကျွန်ုပ်တို့ WHO မှ ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ် အသက်ဆုံးရှုံး သွားရကြောင်းကို အလွန်ဝမ်းနည်းစွာဖြင့် အတည်ပြုအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဦးမျိုးမင်းထွဋ်သည် WHO မြန်မာရုံးတွင် ၅ နှစ်နီးပါးကြာ ယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း WHO က ထုတ်ပြန်ထားသည်။ မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ မျိုးမင်းထွဋ်ကို ၎င်းတို့အဖွဲ့က ပစ်သတ်ခဲ့သည်ဟု […]

မော်လမြိုင်တွင် ဒလန်နာမည်ထွက်သူ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

June 9, 2022

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဒလန်ဟုနာမည်ထွက်သည့် အမျိုးသားတစ်ဦး ဇွန်လ ၈ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံတို့ထံမှ သိရသည်။ မျိုးမင်းထွဋ်ဆိုသူသည် ဇွန်လ ၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် သံလွင်ဥယျာဉ်ဘေးလမ်းကြားတွင် ပစ်ခတ်ခံရခြင်း ဖြစ်ပြီး အခင်းဖြစ်ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် မြို့ခံအချို့က ပြောသည်။ “ဖြစ်တာက ညနေ ၆ နာရီလောက်မှာ လူက လမ်းပေါ်မှာ လဲကျနေတာ။ ကြည့်ရတာ ဆိုင်ကယ်စီးရင်း ပစ်ခံရတာ ဖြစ်မယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ အဆိုပါ ပစ်သတ်ခံရသည့်ဖြစ်စဉ်ဖြစ်ပြီးနောက် မော်လမြိုင်မြို့ နေရာအတော်များများတွင် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့တို့က ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။ “ညပိုင်းအထိ လူသွားလူလာများတဲ့နေရာတွေ၊ […]