မော်လမြိုင် အထကကျောင်း အုတ်တံတိုင်းပြိုကျပြီး လူငါးဦးသေ၊ တစ်ဦးဒဏ်ရာရ
diz_admin
July 22, 2022မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အထက (၅) စာသင်ကျောင်း အုတ်တံတိုင်း ဘေးတွင်ရှိသည့် လက်ဖက်ရည်ဆိုင်ပေါ် ပြိုကျသဖြင့် လူ ငါးဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း မြို့ခံများနှင့် လူမှုကယ်ဆယ်ရေးအသင်းတို့ထံမှ သိရသည်။ မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်ရှိ အထက (၅) စာသင်ကျောင်းဘေး အုတ်တံတိုင်း ယနေ့ (ဇူလိုင် ၂၂) နံနက် ၉ နာရီ ၁၅ မိနစ်ခန့်က ပြိုကျခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အုတ်တံတိုင်း ပြိုကျမှုကြောင့် အမျိုးသမီးသုံးဦးနှင့် အမျိုးသားနှစ်ဦး သေဆုံးပြီး အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “အုတ်တံတိုင်း ဘေးမှာက လက်ဖက်ရည်ဆိုင်တွေ ရှိတယ်။ အဲဒီအပေါ်မှာ ပြိုကျသွားတယ်။ လူ ၆ ယောက် ပိမိတယ်။ ၅ […]