BREAKING
March 4, 2025

မွန်

သထုံတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

July 16, 2022

မွန်ပြည်နယ် သထုံမြို့နယ် ဂေါ့ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဂေါ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှတင်ဆိုသူသည် ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခန့်က ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ခုနစ်ချက်လောက် ပစ်ခံရပြီး သေဆုံးသွားတယ်လို့သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဂေါ့ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှတင်ကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဦးလှတင်သည် ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ တစ်ဦးဖြစ်ပြီး ယခုအချိန်တွင် စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်ကောင်စီသတင်းပေးလုပ်နေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ၎င်း၏ သတင်းပေးမှုကြောင့် NLD ပါတီဝင်များနှင့် တက်ကြွလှုပ်ရှားသူ လူငယ်များအား လိုက်လံဖမ်းဆီးမှုများ […]

မော်လမြိုင်မြို့နယ် NLD ပါတီဥက္ကဋ္ဌအမှုမှ ကွင်းလုံးကျွတ်လွတ်မြောက်

diz_admin

July 13, 2022

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်အောင်မှာ စွဲဆိုခံထားရသည့်အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်လာကြောင်း NLD ပါတီအသိုင်းအဝိုင်းတို့ထံမှ သိရသည်။ ဒေါ်နွယ်နွယ်အောင်ကို အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းခြင်း၊ ငွေကြေးထောက်ပံ့ခြင်းတို့ ပြုသည်ဆိုကာ အောက်တိုဘာ ၂၇ ရက်နေ့ညက မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်ရှိ နေအိမ်တွင်ရှိနေစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။ ဒေါ်နွယ်နွယ်အောင်အပေါ် စွဲဆိုထားသည့်အမှုနှင့် ပတ်သက်ပြီး သက်သေအထောက်အထား တစ်စုံတစ်ရာမပါရှိသည့်အတွက် မော်လမြိုင်မြို့နယ် တရားရုံးက ဇူလိုင်လ ၁၁ ရက်နေ့တွင် အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်သည်ဟု NLD ပါတီနှင့် နီးစပ်သူအချို့တို့က ပြောသည်။ “ဒေါ်နွယ်နွယ်အောင်ကို စွဲဆိုထားတဲ့အမှုက သက်သေအထောက်အထား မပါလို့ဆိုပြီး မော်လမြိုင်မြို့နယ် […]

ဆွမ်းသွားပို့သည့် မိန်းကလေးငယ်သုံးဦး ကျောက်မိုင်းမြေကျင်းတွင် ရေနစ်သေဆုံး

diz_admin

July 12, 2022

မွန်ပြည်နယ် ပေါင်မြို့နယ် ဖလပ်ကျေးရွာ၌ ကျောက်မိုင်းတူးထားပြီး ရေပြည့်နေသည့် မြေကျင်းနေရာတွင် ယနေ့ နံနက်ပိုင်းက ကလေးငယ် သုံးဦး ရေနစ်သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ အသက် ၉ နှစ်အရွယ်၊ အသက် ၁၁ နှစ်အရွယ်နှင့် အသက် ၁၂ အရွယ် မိန်းကလေးငယ် သုံးဦးတို့ သေဆုံးသွားခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါ ကလေးငယ်တို့သည် ယနေ့ (ဇူလိုင် ၁၂) နံနက်ပိုင်းက တောရဘုန်းကြီးကျောင်းသို့ ဆွမ်းသွားပို့ပြီး ပြန်မရောက်လာကြသဖြင့် လိုက်ရှာကြကြောင်း ဒေသခံတို့က ပြောသည်။ ထိုသို့လိုက်ရှာရာမှ ကျောက်မိုင်းတူးထားသည့် မြေကျင်းအနီးတွင် ဖိနပ်များ တွေ့ရှိသဖြင့် ရေကန်ထဲ ဆင်းရှာစဉ် အလောင်းများတွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။ “ရေကန်အနီးမှာ ဖိနပ်တွေ့ပြီး ရေကန်ထဲမှာ ဆင်းရှာကြတော့ ကလေးတွေရဲ့ […]

ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂နှစ်ထပ်ချ၊ စုစုပေါင်းထောင်ဒဏ် ၂၅နှစ်ထိရှိလာပြီ

diz_admin

July 12, 2022

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာအေးဇံကို စစ်ကောင်စီတရားရုံးက ဇူလိုင်လ ၁၁ ရက်တွင် ထောင်ဒဏ် ၂နှစ် ထပ်မံအမိန့်ချမှတ်လိုက်ကြောင်း ၎င်းတို့မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဒေါက်တာအေးဇံသည် ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံးသည်ဆိုပြီး စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်းသည်။ အဆိုပါအမှုအတွက် ဇူလိုင်လ ၁၁ ရက်နေ့တွင် မော်လမြိုင်မြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်ခြင်း ဖြစ်သည်။ “ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စွဲဆိုခံထားရတဲ့အမှုကို မနေ့က အမိန့်ချတယ်။ ၂ နှစ် အမိန့်ချလိုက်တယ်” ဟု ၎င်းတို့မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ဒေါက်တာအေးဇံသည် ဖမ်းဆီးခံရပြီးနောက် စွဲဆိုခံထားရသည့်အမှုများအတွက် ထောင်ဒဏ် ၂၃ နှစ် ချမှတ်ခံထားရပြီး ဖြစ်ပြီး ယခု ၂ နှစ် […]

ဘီးလင်း NLDပါတီဥက္ကဋ္ဌ၏ ရုပ်အလောင်းပြန်တွေ့

diz_admin

July 6, 2022

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်း၏ ရုပ်အလောင်းကို ယနေ့ (ဇူလိုင် ၆) ပြန်တွေ့ကြောင်း ၎င်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဦးကျော်မျိုးမင်းသည် ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်၊ ရွာသားတစ်ဦးတို့နှင့်အတူ ဇွန်လ ၂၂ ရက်နေ့တွင် သွားလာနေစဉ် လယ်ကတဲကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနှင့် တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ရွာသားတစ်ဦးမှာ ယင်းနေရာတွင်ပင် သေဆုံးသွားပြီး ဦးကျော်မျိုးမင်းနှင့် ပါတီဝင်နှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ဖမ်းဆီးခံရပြီး ၁၀ ရက်အကြာ ဇူလိုင် ၂ ရက်နေ့တွင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့နှစ်ဦး သတ်ဖြတ်မြှုပ်နှံခံထားရသည်ကို ဘီးလင်းမြို့နယ် ကြိုးဝိုင်းကျေးရွာအနီးတွင် ပြန်လည်တွေ့ရှိခဲ့သည်။ ဦးကျော်မျိုးမင်း အလောင်းကိုတော့ ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့နှစ်ဦး၏ ရုပ်အလောင်း တွေ့သည့် […]

မွန်တွင် လူတစ်ထောင်ကျော် သွေးလွန်တုပ်ကွေးကူးစက်၊ သုံးဦးသေဆုံး

diz_admin

July 6, 2022

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူ တစ်ထောင်ကျော်ရှိပြီး သေဆုံးသူ သုံးဦးအထိ ရှိလာကြောင်း မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လကုန်အထိစာရင်းအရ ရောဂါကူးစက်ဖြစ်ပွားသူ တစ်ထောင်ကျော်ရှိကာ ရေးမြို့နယ်က ကလေးတစ်ဦးနှင့် ကျိုက်ထိုမြို့နယ်က ကလေးနှစ်ဦး သေဆုံးသွားခြင်းဖြစ်သည်။ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ အများစုသည် အသက် ၁၅ နှစ်အောက် ကလေးများဖြစ်သည်ဟုလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကလေးတွေ ဖျားရင် သတိထားရပါမယ်။ သွေးလန့်တဲ့လက္ခဏာတွေ အဖျားကျလာပြီးတော့ အေးစက်သွားတယ်၊ မှိန်းသွားတယ်၊ အန်တဲ့အခါ အညိုရောင်ဖြစ်တဲ့အခါ ဝမ်းအမဲရောင်ဖြစ်တာ၊ ဒါမျိုးလေး တစ်ခုခုဖြစ်တာနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းပြကြဖို့ အချိန်မီကုသဖို့ လိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။ သွေးလွန်တုပ်ကွေးအဖြစ်များသည့် မြို့နယ်များမှာ မော်လမြိုင်၊ ပေါင်၊ […]

ဘီးလင်း NLDပါတီဥက္ကဋ္ဌနှင့်အတူဖမ်းဆီးခံရသည့် ပါတီဝင်နှစ်ဦး သတ်ဖြတ်မြှုပ်နှံခံထားရ

diz_admin

July 3, 2022

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဥက္ကဋ္ဌနှင့်အတူ ဖမ်းဆီခံရသည့် ပါတီဝင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ နှစ်ဦး သတ်ဖြတ်မြေမြှုပ်ခံထားရသည်ကို တွေ့ရှိကြောင်း ၎င်းတို့နှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းနှင့်အတူ ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်နှင့် ရွာသားတစ်ဦး တို့သည် ဇွန်လ ၂၂ ရက်နေ့က လယ်ကတဲကျေးရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုနှင့် တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည်။ ရွာသားတစ်ဦးမှာ ကျည်ထိမှန်သေဆုံးသွားပြီး ဦးကျော်မျိုးမင်းနှင့် ပါတီဝင် နှစ်ဦးတို့မှာ ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ နှစ်ဦးကို မြှုပ်နှံခံထားရသည်ကို ဘီးလင်းမြို့နယ် ကြိုးဝိုင်းကျေးရွာ အနီးတွင် ဇူလိုင်လ ၂ ရက်နေ့တွင် တွေ့ရှိခြင်းဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ “သူတို့ (ဦးပန်းမြင့်နဲ့ […]

ရေး-သံဖြူဇရပ်လမ်းပိုင်းကို ယနေ့မှစပြီး ညပိုင်းမဖြတ်သန်းရန် သတိပေး

diz_admin

July 1, 2022

မွန်ပြည်နယ်၊ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းကို ညပိုင်းအချိန် ဖြတ်သန်းသွားလာမှု မပြုကြရန် မွန်ပြည်နယ် တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က အသိပေး ထုတ်ပြန်လိုက်သည်။ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းကို ဇူလိုင်လ ၁ ရက်နေ့မှစပြီး ည ၉ နာရီခွဲမှ မနက် ၄ နာရီအတွင်း မည်သည့်မော်တော်ယာဥ်မှ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုရန် အသိပေးထုတ်ပြန်ထားသည်။ လိုက်နာမှုမရှိဘဲ ဖြတ်သန်းသွားလာခဲ့သည်ရှိသော် ဖြစ်ပေါ်လာမည့် ကိစ္စအဝဝအား လုံးဝတာဝန်ယူမည် မဟုတ်ကြောင်းလည်း မွန်ပြည်နယ် တောင်ညိုပြည်သူ့ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။ “ညပိုင်း အရေးပေါ် ကျန်းမာရေးအခြေအနေတွေ  ဖြစ်လာရင်တော့ အခက်အခဲရှိမယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်တန်များ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခံရလေ့ရှိသည်။ ယင်းအပြင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် PDF အဖွဲ့တို့လည်း ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားလေ့ရှိသည်။ ပြီးခဲ့သည့်လကလည်း ရေး-သံဖြူဇရပ်ကားလမ်းပိုင်းတွင်  စစ်ကောင်စီတပ်နှင့် PDF တို့ နှစ်ဖက် […]