BREAKING
November 16, 2024

မွန်

ဘီးလင်းမြို့နယ်မှ စစ်ရှောင်များ စားဝတ်နေရေး အခက်အခဲဖြစ်

diz_admin

May 5, 2022

တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးများ ကျရောက်နေခြင်းကြောင့် နေရပ်စွန့်ခွာကာ စစ်ဘေးရှောင်နေကြသည့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှ စစ်ရှောင်များမှာ စားဝတ်နေရေး အခက်အခဲကြုံ တွေ့နေရသည်ဟု ဒေသခံများထံမှသိရသည်။ စစ်ကောင်စီတပ်တို့မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) နယ်မြေရှိ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ၇၀၀၀ ကျော်မှာ ဧပြီလ ၂၃ ရက်နေ့မှစကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ”အများစုကတော့ တောထဲ တောင်ထဲမှာပဲ ရှောင်နေကြတယ်၊ အခုဆို ပါလာတဲ့ ရိက္ခာတွေလဲ နည်းလာပြီး  ရွာပြန်သယ်ဖို့ကလဲ မပြန်ရဲကြဘူး” ဟု တိမ်ရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောသည်။ ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့စခန်းချနေသည့် လေးကေနှင့် ဝင်တာပန်တို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဧပြီလ ၂၃ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာသွားရန် KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ KNDO တပ်ရင်း […]

မွန်အမျိုးသားညီလာခံ စတင်ကျင်းပ

diz_admin

May 2, 2022

မွန်ပြည်သစ်ပါတီက ဦးဆောင်ပြုလုပ်သည့် မွန်အမျိုးသား ညီလာခံတစ်ရပ်ကို မေလ ၂ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ ၄ ရက်တိုင် စတင်ကျင်းပလျက်ရှိသည်။ ညီလာခံကို  မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ မွန်အမျိုးသားပညာရေး ဗဟိုဌာန ညီစားစခန်းတွင် ကျင်းပနေခြင်းဖြစ်သည်။ ယင်းညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူနှင့် ကိုက်ညီသည့် မွန်ပြည်နယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲနိုင်ရေးတို့ကို ဆွေးနွေး အကောင်အထည်ဖော် သွားရန်ရှိသည်ဟု မွန်ပြည်သစ်ပါတီက ထုတ်ပြန်ထားသည်။ ”မွန်မှာလည်း ရာမညမွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရှိတယ်၊ ဒီမူကြမ်းအပေါ်မှာရော  ပကတိဖြစ်ပေါ်နေတဲ့ ကနေ့အခြေအနေပေါ်မှာရော  ဖက်ဒရယ်ပြည်ထောင်စုစစ်စစ်နဲ့ ကိုက်ညီတဲ့ ကိုယ့်ပြည်နယ်ကို ဘယ်လိုဖွဲ့စည်းတည်ဆောက်ကြမလဲဆိုတာ ဆွေးနွေးပြီး ရှေ့ဆက်လုပ်ငန်းစဥ်တွေ ချမှတ်သွားဖို့ရှိပါတယ်” ဟု မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ဗညားလယ်က ပြောသည်။ ၎င်းပြင် မွန်အမျိုးသားရေးနှင့်ပတ်သက်ပြီး ကဏ္ဍစုံ ချမှတ်ထားသည့် ၁၀ နှစ်တာ လုပ်ငန်းစဥ်များကိုလည်း ညီလာခံတွင်  ချပြသွားရန်လည်းရှိသည်ဟု မွန်ပြည်သစ်ပါတီက ပြောဆိုထားသည်။ ညီလာခံသို့ မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီ ကိုယ်စားလှယ်များ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်များ ဖိတ်ကြားထားသူများ လေ့လာသူများ စုစုပေါင်း  ၂၅၀ ကျော် တက်ရောက်သည်။ မွန်ပြည်သစ်ပါတီမှ ဦးဆောင်ပြီး နောက်ဆုံးအကြိမ် မွန်အမျိုးသားညီလာခံကို  ၂၀၁၆ ခုနှစ်က မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ  ကြာအင်းဆိပ်ကြီးမြို့နယ် ပေါလောကုန်း ကျေးရွာတွင် ကျင်းပခဲ့သည်။

လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ခလယ်-တံခွန်တိုင်ဒေသခံများ ထွက်ပြေးတိမ်းရှောင်

diz_admin

April 24, 2022

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ဘက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ယနေ့ (ဧပြီ ၂၄) ဒေသခံ ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၂၃ ရက်နေ့ ည ၁၀ နာရီအချိန်က ခလယ်‌၊ တံခွန်တိုင်၊ နန်းသိုင်းထွန်း၊ ပုလိမ်အစရှိသည့် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ထိတ်လန့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်ကြခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “ညက လက်နက်ကြီးတွေနဲ့ ပစ်တာ တော်သေးလို့ ရွာထဲမကျဘဲ ရွာနားက ရော်ဘာခြံတွေမှာ ကျတယ်။ ဒီလိုပစ်နေတော့ ရွာမှာ မနေရဲကြတော့ဘူး။ အဓိက ခလေးတွေ လူကြီးတွေ ရှောင်ကုန်ကြတယ်” ဟု ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက မုဒုံမြို့ပေါ်သို့ […]

ကျိုက်မရော ချောင်းနှစ်ခွတံတားရှိ BGF ဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ

diz_admin

April 16, 2022

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားရှိ နယ်ခြားစောင့်တပ် (BGF) ဂိတ်စခန်း ယနေ့ (ဧပြီ ၁၆) နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ နံနက် ၆ နာရီဝန်းကျင်က ချောင်းနှစ်ခွတံတားထိပ်တွင် ကင်းစောင့်နေသည့် BGF ဂိတ်စခန်းကို အမည်မသိ လက်နက်ကိုင်တို့က လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယင်းနှင်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်သည်ဆိုသော ထုတ်ပြန်ချက် တစ်စုံတစ်ရာ ယနေ့ ညနေ ၃ နာရီအထိ မထွက်ရှိသေးပေ။ တိုက်ခိုက်ခံရမှုကြောင့် BGF တပ်ဖွဲ့ဝင် အချို့ သေဆုံးပြီး ထိခိုက်ဒဏ်ရာသူလည်း ရှိသည်ဟု ပစ်ခတ်မှုဖြစ်ချိန် အနီးဝန်းကျင်တွင် ရှိခဲ့သူ အချို့က ပြောဆိုသော်လည်း Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။ ချောင်းနှစ်ခွတံတား ဂိတ်စခန်း […]

သထုံစုပေါင်းရုံး ဗုံးပေါက်ပြီး ရဲနှစ်ဦး ဒဏ်ရာရဟုဆို

diz_admin

April 10, 2022

မွန်ပြည်နယ် သထုံမြို့နယ် စုပေါင်းရုံးတွင် ဧပြီလ ၉ ရက်နေ့က ဗုံးပေါက်ကွဲသဖြင့် ရဲနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ သထုံမြို့ လိပ်အင်းရပ်ကွက်ရှိ မြို့နယ်စုပေါင်းရုံးနေရာတွင် ဧပြီလ ၉ ရက်နေ့ မွန်းလွဲ တစ်နာရီခွဲ အချိန်ခန့်က ဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သည်။ “စုပေါင်းရုံးမှာ လာပို့ထားတဲ့ ဆန်အိတ်ထဲကနေ ထပေါက်တယ်လို့ ပြောကြတယ်” ဟု သထုံမြို့ခံတစ်ဦးက ပြောသည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ရုံးအတွင်းရှိ ဒုရဲအုပ်တစ်ဦးနှင့် ရဲတပ်ကြပ်ကြီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု ကြားသိရကြောင်းလည်း မြို့ခံတို့ထံမှ သိရသည်။ ဗုံးပေါက်ကွဲမှုကြောင့် ရုံးအဆောက်အအုံ နေရာအချို့လည်း ထိခိုက်ပျက်စီးကြောင်း ဒေသခံတို့ထံမှ သိရသည်။ စုပေါင်းရုံး ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က အဆိုပါရုံးနှင့် မြို့အတွင်း […]

မွန်ပြည်နယ် အဝင်အထွက် စစ်ဆေးမှုပိုမိုတင်းကြပ်

diz_admin

April 9, 2022

သင်္ကြန်ကာလ နီးကပ်လာသဖြင့် မွန်ပြည်နယ် အဝင်အထွက်နေရာများတွင် စစ်ကောင်စီက  ပိုမိုတင်းကြပ်စွာ စစ်ဆေးနေကြောင်း ခရီးသွားအချို့တို့ထံမှ သိရသည်။ မွန်ပြည်နယ်အဝင် စစ်တောင်းတံတားဂိတ်နေရာတွင် ဧပြီလဆန်းမှစတင်ကာ စစ်ဆေးမှုများ ပိုမိုပြုလုပ်နေကြောင်း ကိုယ်တိုင်တွေ့ကြုံရသူများက ဆိုသည်။  ယခင်လက  စစ်ဆေးမှုမရှိဘဲ ယခုသကြင်္န်ကာလနီးလာမှသာ စစ်ဆေးမှု ပိုမိုတင်းကြပ်လာခြင်းဖြစ်ကြောင်း မှတ်ပုံတင် ပါ မပါကို အဓိကစစ်ဆေးခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်မပါသူများကို ပြန်လှည့်ခိုင်းကြောင်း ခရီးသွားတစ်ဦးက ပြောသည်။ “ပြီးခဲ့လကလည်း ပြန်တယ် စစ်ဆေးတာမရှိပါဘူး၊ ဒီတစ်ခေါက်မှ အစစ်ခံရတယ်။ မှတ်ပုံတင်ပြခိုင်းတယ်” ဟု ဧပြီလ ၇ ရက်နေ့က ရန်ကုန်မှ မော်လမြိုင်သို့ ပြန်လာသူ တစ်ဦးက ပြောသည်။ ကရင်ပြည်နယ်ဘက်မှ ဝင်လာသူများကိုလည်း မှတ်ပုံတင် စစ်ဆေးနေသလို၊ ရေးမြို့နယ် အဝင် စစ်ဆေးဂိတ်နေရာတို့တွင်လည်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားကြောင်း ဒေသခံများထံမှသိရသည်။ ”မှတ်ပုံတင် ထုတ်ခိုင်းတယ်၊ ပြီးတော့ လူနဲ့ မှတ်ပုံတင်ကို တိုက်ကြည့်ပြီး ဘယ်ကလာလဲ မေးတယ်” ဟု ဧပြီ ၈ ရက်နေ့က ဘုရားသုံးဆူမှ မုဒုံသို့ […]

ဆားထုတ်လတွင် မိုးကြောင့် မွန်ဆားကြမ်းထုတ်လုပ်မှု ရပ်နားထားရ

diz_admin

April 5, 2022

မိုးရွာသွန်းမှုကြောင့် မွန်ပြည်နယ်အတွင်းရှိ ဆားကြမ်းထုတ်လုပ်မှုလုပ်ငန်းများ ရပ်နားထားရကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်အချို့ထံမှ သိရသည်။ မတ်လအတွင်းက ရွာသွန်းခဲ့သည့် မိုးကြောင့် ဆားကွင်းများပျက်စီးပြီး မိုးဆက်လက် ရွာသွန်းနေသည့်အတွက် လက်ရှိတွင် ဆားထုတ်လုပ်မှုကို ရပ်နားထားရကြောင်း ဆားလုပ်ငန်းရှင် အချို့က ပြောသည်။ “မိုးက ဆက်တိုက်ရွာနေတော့ ဆားကျုံးလို့မရဘူး။ ဆားက ၅ ရက်လောက် နေပူတာနဲ့ လုပ်လို့မရဘူး။ ဆားဓါတ်ပါတဲ့ရေ ရဖို့ကလည်း အချိန်အကြာကြီးယူရတယ်။ နေလှန်းဖို့က အချိန် ၁၀ ရက်လောက်လိုတယ် နေကောင်းကောင်းပူရင်‌ပေါ့။ အခုက ရေလည်းမရှိဘူး” ဟု သံဖြူဇရပ်မြို့နယ် ပငဆားကွင်းမှ ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။ ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် ဇန်နဝါရီလကတစ်ကြိမ်၊ ဖေဖော်ဝါရီလက နှစ်ကြိမ်၊ မတ်လက လေးကြိမ်ထက်မနည်း မိုးရွာသွန်းခဲ့ပြီး ဧပြီလဆန်းတွင်လည်း မိုးဆက်လက်ရွာသွန်းနေသည့်အတွက် ဆားကွင်းများပျက်စီးပြီး လုပ်ငန်းရပ်ထားရခြင်းဖြစ်ကြောင်း […]

တိုက်ပွဲဂယက်ကြောင့် မွန်တွင် ထိုင်းသွင်းကုန်ပစ္စည်းများ ဈေးတက်

diz_admin

April 4, 2022

မွန်ပြည်နယ်အတွင်း ထိုင်းနိုင်ငံမှတစ်ဆင့် တင်သွင်းနေသည့် စားသောက်ကုန်များနှင့် အသုံးအဆောင် ပစ္စည်းများ ဈေးထပ်မံမြင့်တက်လာကြောင်း ထိုင်းကုန်ပစ္စည်းရောင်းဝယ်နေသူနှင့် စားသုံးသူအချို့တို့ထံမှ သိရသည်။ ထိုင်း-မြန်မာနယ်စပ် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တပ်တို့အကြား မတ်လကုန်ပိုင်းမှစတင်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။ KNU က မတ်လ ၂၇ ရက်နေ့မှစကာ အာရှလမ်းမကြီးကို အသုံးမပြုကြရန်လည်း ထုတ်ပြန်ထားသည့် အတွက် ကုန်စည်စီးဆင်းမှုလည်း ရပ်ဆိုင်းလုနီးပါးဖြစ်သွားကြောင်း ကုန်ပစ္စည်း တင်သွင်းရောင်းချသူ အချို့ထံမှ သိရသည်။ ယနေ့ (ဧပြီ ၄) နံနက်ပိုင်းကလည်း ခရီးသည်တင်ကားတစ်စီးအပါအဝင် ကားသုံးစီး မီးရှို့ခံခဲ့ရသည်။ မွန်ပြည်နယ်ဈေးကွက်မှာ ရောင်းချနေသည့် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်း အမျိုးမျိုး အများစုသည် မြဝတီနယ်စပ်မှ တစ်ဆင့် တင်သွင်းလာသည့် ထိုင်းကုန်ပစ္စည်းများဖြစ်ကြောင်း ဈေးကွက် အတွင်းမှ […]