BREAKING
November 16, 2024

မွန်

မုဒုံ ကြံ့ခိုင်ရေးလွှတ်တော်ကိုယ်စားလှယ်ဟောင်းနေအိမ် ဗုံးပေါက်

diz_admin

May 22, 2022

မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်မြင့်၏ နေအိမ်တွင် ယနေ့ (မေ ၂၂) ဗုံးပေါက်ကွဲကြောင်း မြို့ခံတို့ထံမှ သိရသည်။ မုဒုံမြို့ မော်လမြိုင်-သံဖြူဇရပ်လမ်းမရှိ ဦးအောင်မြင့်နေအိမ်၌ ဖွင့်လှစ်ထားသည့် ကောင်းထက် မိတ္တူဆိုင်တွင် ယနေ့ မွန်းလွဲ ၂ နာရီခန့်က ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပေါက်ကွဲမှုကြောင့် ဦးအောင်မြင့်နှင့် အခြားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး နေအိမ် အစိတ်အပိုင်း အချို့လည်း ထိခိုက်ပျက်စီးကြောင်း မြို့ခံများထံမှ သိရသည်။ “အိမ်က လမ်မဘေးမှာပဲ။ မိတ္တူဆိုင်ပါ တွဲဖွင့်ထားတာ။ ပေါက်ကွဲမှုကြောင့် ဦးအောင်မြင့်တော့ ဒဏ်ရာရတယ်။ ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်” ဟု ၎င်းမိသားစုနှင့် နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။ ဦးအောင်မြင့်၏ နေအိမ်ကို ၎င်းတို့အဖွဲ့က အနီးကပ်ဝင်ရောက်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း Mudon […]

မုန်တိုင်းကြောင့် မွန်တွင် တစ်ဦးသေ၊ နေအိမ်အဆောက်အအုံ ရာချီပျက်စီး

diz_admin

May 21, 2022

မွန်ပြည်နယ်ကို ဖြတ်သန်းတိုက်ခိုက်သော မုန်တိုင်းငယ်ကြောင့် လူ ၁ ဦးသေဆုံးပြီး နေအိမ် အဆောက်အအုံရာနှင့်ချီ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ တို့ထံမှ သိရသည်။ မေလ ၂၀ ရက်နေ့က မော်လမြိုင်မြို့ကို ဦးတည်တိုက်ခတ်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် မိုးသက်လေပြင်း ကျရောက်ခဲ့သည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်ကြောင့် မော်လမြိုင် မုပွန်ရပ်ကွက်ရှိ အရက်ချက်စက်ရုံ ခေါင်တိုင် ပြိုကျပိမိပြီး လူတစ်ဦးသေဆုံးကာ တစ်ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ”မနေ့က တိုက်သွားတဲ့လေပြင်းကြောင့် မော်လမြိုင်မှာ တစ်ဦးသေဆုံးသွားတယ် တစ်ဦး ဒဏ်ရာရတယ်” ဟု လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် မော်လမြိုင်၊ ပေါင်၊ ကျိုက်မရော၊ သထုံ၊ ချောင်းဆုံနှင့် မုဒုံမြို့နယ်တို့တွင် လူနေအိမ်၊ အဆောက်အအုံရာနှင့်ချီ ထိခိုက်ပျက်စီးသွားသည့်အပြင် […]

လေပြင်းကြောင့် မော်လမြိုင်တွင် နေအိမ်အမိုးလန်၊ သစ်ပင်၊ ဓာတ်တိုင်များလဲကျ

diz_admin

May 20, 2022

လေပြင်းတိုက်ခတ်မှုကြောင့် မွန်ပြည်နယ် မော်လမြိုင်မြို့အနှံ့တွင် လူနေအိမ်များ အမိုးလန်ပျက်စီးပြီး သစ်ပင်၊ ဓာတ်တိုင်များ လဲကျကြောင်း မြို့ခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ယနေ့ (မေ ၂၀) ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခတ်နေသည့် လေပြင်းကြောင်း လမ်းမပေါ် သစ်ပင်များ၊ ဓာတ်တိုင်များ လဲကျခြင်းတို့ကြောင့် လမ်းပိတ်ထားရပြီး လူမှုကူညီကယ်ဆယ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ လျှပ်စစ်ဌာနတို့က ရှင်းလင်းနေကြောင်း ၎င်းတို့ထံမှ သိရသည်။ “မိုးရော လေရောပဲ။ မိုးက သိပ်မကြီးပေမယ့် လေကတော့ တအားပြင်းတယ်။ လမ်းမှာလည်း သစ်ပင်တွေ ဓာတ်တိုင်တွေ လဲနေတာ တစ်မြို့လုံးပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။ အားကောင်းသည့် လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အနီးမှ ကုန်းတွင်းသို့ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက […]

ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂၁ နှစ် ထပ်ချ

diz_admin

May 16, 2022

မွန်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာအေးဇံကို စစ်ကောင်စီတရားရုံးက ယနေ့ (မေ ၁၆) ထောင်ဒဏ် ၂၁ နှစ် အမိန့် ထပ်မံချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။ ဒေါက်တာအေးဇံသည် ဝန်ကြီးချုပ် တာဝန်ယူစဉ်က လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်ထံမှ ငွေကြေးရယူခဲ့သည်ဟု စွပ်စွဲကာ စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှု ၉ မှု တရားစွဲဆိုခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် စွဲဆိုထားသည့်အမှုအတွက် ယနေ့ ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ စစ်ကောင်စီ အထူးတရားရုံးတွင် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်ကြောင်း ဒေါက်တာအေးဇံ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “အဂတိမှုနဲ့ စွဲဆိုထားတာကို ဒီနေ့ ကျိုက်မရောအကျဉ်းထောင် အထူးတရားရုံးက ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တယ်” ဟု […]

မွန်လွှတ်တော်ဥက္ကဋ္ဌဟောင်း၏သား ဖမ်းဆီးခံရ

diz_admin

May 13, 2022

မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်တင်အိ၏ သားဖြစ်သူ ကိုသဲဟိန်း ဖမ်းဆီးခံရကြောင်း နီးစပ်သူအချို့ထံမှ သိရသည်။ ကိုသဲဟိန်းသည် ရှေ့နေဖြစ်ပြီး သံဖြူဇရပ်မြို့ရှိ နေအိမ်၌ ရှိနေစဉ် မေလ ၁၁ ရက်နေ့တွင် စစ်ကောင်စီ တပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ကိုသဲဟိန်းကို လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြောဆိုခဲ့သည်ဟု ကိုသဲဟိန်းမိသားစုနှင့် နီးစပ်သူ အချို့က ပြောသည်။ “PDF ကို ထောက်ပံ့တယ်ဆိုပြီး ဖမ်းသွားတယ်။ လက်ရှိမှာ စစ်ကြောရေး ရောက်နေတယ်လို့ သိရတယ်” ဟု နီးစပ်သည့် မြို့ခံတစ်ဦးက ပြောသည်။ ကိုသဲဟိန်းကို သံဖြူဇရပ်ရှိ စစ်ကြောရေးတွင် စစ်ဆေးခံနေရသည်ဟု ကြားသိရကြောင်း နီးစပ်သူအချို့က ဆိုသည်။ […]

သထုံတွင် လက်နက်ကြီးကျည် ထိမှန်သဖြင့် ဇနီးမောင်နှံ နှစ်ဦးသေဆုံး

diz_admin

May 12, 2022

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာအနီးတွင် မေလ ၁၁ ရက်နေ့က လက်နက်ကြီးကျည် ထိမှန်သဖြင့် ဇနီးမောင်နှံနှစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဝီယော်ကျေးရွာရှိ စစ်ကောင်စီ ခမရ (၉) တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ်ရာ ရော်ဘာခြံအတွင်း ကျည် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ရော်ဘာခြံတွင် ရော်ဘာခြစ်နေစဉ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခြင်းကြောင့် အသက် ၅၆ နှစ်အရွယ် ဦးချစ်ပိုနှင့် အသက် ၄၉ နှစ်အရွယ် ဒေါ်သဇင်လှိုင်တို့ ဇနီးမောင်နှံ၊ အလုပ်သမားတစ်ဦးတို့အား ထိမှန်ကြောင်း ဒေသခံများက ဆိုသည်။ ဒေါ်သဇင်လှိုင်သည် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားပြီး ဦးချစ်ပိုမှာ သထုံမြို့နယ် ပြည်သူ့ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အမျိုးသမီးကတော့ ထိတဲ့နေရာမှာပဲ ဆုံးသွားတယ်။ အမျိုးသားကတော့ […]

ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခြောက်လအတွင်း အပြီးရေးဆွဲမည်

diz_admin

May 7, 2022

ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ကို ခြောက်လအတွင်း အပြီး ရေးဆွဲသွားမည်ဟု မွန်အမျိုးသားညီလာခံက ဆုံးဖြတ်လိုက်ကြောင်း ညီလာခံကျင်းပရေးကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။ မေလ ၂ ရက်မှ ၅ ရက်နေ့အထိ မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်းပခဲ့သည့် မွန်အမျိုးသားညီလာခံမှာ ဖက်ဒရယ်ပြည်ထောင်စုအခြေခံဥပဒေနှင့် ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးတို့ကို အဓိက ဆွေးနွေးခဲ့ကြကြောင်း ၎င်းက ဆိုသည်။ ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲနိုင်ရန် မွန်သံဃာတော်၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေး ပါတီ၊ မွန်လူမှုအဖွဲ့အစည်းအသီးသီးတို့မှ ကိုယ်စားလှယ်များပါဝင်သည့် ကော်မတီတစ်ရပ်ကိုလည်း ညီလာခံက ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ကြောင်း ညီလာခံထံမှသိရသည်။ “ဆွေးနွေးပွဲကနေ အဖွဲ့စုံ ကဏ္ဍစုံက တင်ပြထားတဲ့ အမြင်သဘောထားတွေ အကြံပြုချက်တွေကို စုစည်းပြီးတော့ ၆ လ အတွင်းမှာ အပြီးလုပ်ဆောင်သွားဖို့ ချမှတ်ထားပါတယ်” ဟု နိုင်အောင်မငေးက […]

မုဒုံမြို့မ (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်

diz_admin

May 6, 2022

မွန်ပြည်နယ်၊ မုဒုံမြို့ မြို့မ (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ (မေ ၆) နံနက်ပိုင်းက ဗုံးပေါက်ကွဲကြောင်း မြို့ခံအချို့က ပြောသည်။ နံနက် ၁၀ နာရီခွဲခန့်က ပေါက်ကွဲခြင်းဖြစ်ပြီး ယင်းနောက် ပေါက်ကွဲမှုဖြစ်ပွားရာ အနီးပတ်ဝန်းကျင်ကို လုံခြုံရေးတင်းကျပ်လိုက်သည့်အပြင် မြို့ပေါ်နေရာအချို့တွင်လည်း စစ်ကောင်စီတပ်က စစ်ဆေးနေ ကြောင်း မြို့ခံအချို့က ပြောဆိုသည်။ “ပေါက်ကွဲသံက အကျယ်ကြီးပဲ။ အိမ်ပါ တုန်သွားတယ်။ လူထိခိုက်တာ ဘာညာတော့ မကြားမိဘူး” ဟု မြို့ခံတစ်ဦးက ပြောသည်။ မုဒုံမြို့ မြို့မ (၄) ရပ်ကွက်ရုံးကို သတိပေးဖောက်ခွဲခြင်းဖြစ်ကြောင်း မွန်ပြည်နယ်အခြေပြု တော်လှန်ရေး အဖွဲ့အစည်း (MSRO) က ထုတ်ပြန်ထားသည်။ ယခုဖောက်ခွဲမှုဖြစ်စဉ်သည် MSRO အနေနှင့် မုဒုံမြို့နယ်အတွင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း […]