ရေးမြို့မရဲစခန်း အချုပ်သား ပစ်ခတ်မှု ဒုရဲအုပ်အပါ ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံး
Dawei Watch
February 2, 2025မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းတွင် အချုပ်သားများ သေနတ်လု ပစ်ခတ်ခဲ့သည့်အတွက် ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦးသေဆုံးကာ မြို့မရဲစခန်းမှူးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကောင်စီ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။ ရေးမြို့၊ ရေးမြို့မရဲစခန်းရှိ အချုပ်ခန်းအတွင်း ရဲတပ်ဖွဲ့ဝင်တို့က ဖေဖေါ်ဝါရီလ ၁ ရက် နံနက် ၉ နာရီခန့် ထမင်းပို့ချိန်တွင် အချုပ်သားအချို့တို့က ရဲတပ်ဖွဲ့ထံမှ လက်နက်လု ပစ်ခတ်ခဲ့သဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထိုပစ်ခတ်မှုအတွင်း ဒုရဲအုပ် နိုင်လွင်ဦး၊ ရဲတပ်ကြပ် မြင့်ထွန်း၊ ရဲတပ်သား ကျော်စွာထက်တို့ သုံးဦး အချုပ်ခန်းအတွင်း၌ပင်သေဆုံးခဲ့သည်။ မြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဦးလည်း ယာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ပြီး ရေးခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ အချုပ်သားအချို့ ထိခိုက်သေဆုံးမှုရှိသည့်အပြင် အချုပ်သား ၄ ဦး ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း မြို့ခံ အချို့ထံမှ […]