မော်လမြိုင်တွင် ပစ်သတ်ခံရသူသည် WHO ဝန်ထမ်းဖြစ်နေ
diz_admin
June 9, 2022မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပစ်သတ်ခံရသည့် ဦးမျိုးမင်းထွဋ်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ဝန်ထမ်းဖြစ်ကြောင်း WHO မြန်မာရုံးက ထုတ်ပြန်ထားသည်။ ဦးမျိုးမင်းထွဋ်သည် ဇွန်လ ၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင် ရုံးမှ အိမ်သို့အပြန် သံလွင်ဥယျာဉ်လမ်းတွင် မော်တော်ဆိုင်ကယ်စီးနင်းလာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “မော်လမြိုင်၌ လုံခြုံရေးဖြစ်ရပ်တစ်ခုတွင် ကျွန်ုပ်တို့ WHO မှ ဝန်ထမ်းဖြစ်သူ ဦးမျိုးမင်းထွဋ် အသက်ဆုံးရှုံး သွားရကြောင်းကို အလွန်ဝမ်းနည်းစွာဖြင့် အတည်ပြုအပ်ပါသည်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ဦးမျိုးမင်းထွဋ်သည် WHO မြန်မာရုံးတွင် ၅ နှစ်နီးပါးကြာ ယာဉ်မောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း WHO က ထုတ်ပြန်ထားသည်။ မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ မျိုးမင်းထွဋ်ကို ၎င်းတို့အဖွဲ့က ပစ်သတ်ခဲ့သည်ဟု […]