BREAKING
March 5, 2025

မွန်

လမိုင်းမြို့ နယ်ထိန်းရဲ ပစ်သတ်ခံရ

diz_admin

September 21, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့ နယ်ထိန်းရဲ ယနေ့ (စက်တင်ဘာ ၂၁) မွန်းလွဲပိုင်းက ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း မြို့ခံအချို့ထံမှ သိရသည်။ လမိုင်းမြို့ နယ်ထိန်းရဲ ဒုရဲအုပ် အောင်ကျော်မင်း ယနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မြို့ခံအချိုက ပြောသည်။ အဆိုပါနယ်ထိန်းရဲသည် လမိုင်းမြို့နယ် မော့ကနင်းကျေးရွာတွင် ရောက်ရှိနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ပစ်ခတ်ခံရတာက မော့ကနင်က ကားပြင်ဆိုင်မှာလို့ သိရတယ်။ သေနတ်ဒဏ်ရာတွေနဲ့ ပစ်ခံရတဲ့နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ လမိုင်းမြို့ နယ်ထိန်းရဲကို သေနတ်ဖြင့် ၁၆ ချက် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ၎င်းသည် ဩဂုတ်လ ၃ ရက်နေ့က လမိုင်း ပရဟိတလူငယ် […]

ဘီးလင်းတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

September 18, 2022

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အလူးကျေးရွာ အုပ်ချုပ်ရေးမှူး စက်တင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အလူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမင်းကို ယနေ့ နံနက် ၇ နာရီဝန်းကျင်အချိန်ခန့်က အမည်မသိသေနတ်သမားတို့က ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးလှမင်းသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ ”ဆိုင်ကယ်နဲ့ သွားနေတဲ့အချိန်မှာ သေနတ်သမားတွေက ပစ်ခတ်သွားတယ်လို့ သိရတယ်၊ သေနတ်ဒဏ်ရာ ၃ ချက်နဲ့ အခင်းဖြစ်နေရာမှာဘဲ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးလှမင်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်တို့က ကျေးရွာအတွင်း စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။ အလူးကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည့်ဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့ကမှ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ ပြီးခဲ့သည့် စက်တင်ဘာ […]

စစ်ကောင်စီနှင့် ထပ်မတွေ့ရန် မွန်ပြည်သစ်ပါတီကို မွန်အဖွဲ့ ၁၀ ဖွဲ့က တောင်းဆို

diz_admin

September 16, 2022

စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် မွန်အဖွဲ့အစည်း ၁၀ ဖွဲ့တို့က မွန်ပြည်သစ်ပါတီထံ စာပေးပို့ပြီး တိုက်တွန်းတောင်းဆိုလိုက်သည်။ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာ ၎င်းတို့၏ တရားဝင်မှုရရှိရေးနှင့် နိုင်ငံရေးထွက်ပေါက်ရှာရန်သာ ဖြစ်သည့်အတွက် တွေ့ဆုံဆွေးနွေးမှုများ ထပ်မံမပြုလုပ်ရန် ယနေ့ (စက်တင်ဘာ ၁၆) တိုက်တွန်း တောင်းဆို လိုက်ခြင်း ဖြစ်သည်။ တိုက်တွန်းတောင်းဆိုသည့် အဖွဲ့များမှာ မွန်ပြည်နယ်ကျောင်းသားများသမဂ္ဂ၊ မော်လမြိုင်တက္ကသိုလ်သတင်းဌာန၊ မွန်အမျိုးသားကောင်စီ ဩစတြေလျား၊ မွန်အမျိုးသားကွန်ရက်၊ ရာမညဖက်ဒရယ်အင်အားစုသစ်နှင့် အမည်မဖော် လိုသည့် မွန်ပြည်နယ်အခြေစိုက်လူမှုအဖွဲ့အစည်း ငါးဖွဲ့တို့ဖြစ်သည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများသည် ၂၀၀၈ အခြေခံဥပဒေကိုသာ အခြေခံသည့်အတွက် တိုင်းရင်းသားများ လိုလားသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တန်းတူညီမှု အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အထောက်အပံ့ ပြုနိုင်မည် မဟုတ်ကြောင်း ယင်းအဖွဲ့များက ထုတ်ပြန်သည်။ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား သွေးကွဲစေနိုင်သည်ဟုလည်း ၎င်းတို့က […]

ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 14, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ် အစင်ကျေးရွာက အမျိုးသားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ အစင်ကျေးရွာတွင် နေထိုင်သည့် ကိုဖိုးစည်ဆိုသူကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်က ရေးမြို့ တူးမြောင်း ကျေးရွာအနီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ပစ်သတ်ခံခဲ့ရသည့် အစင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်၏ သားဖြစ်သည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။ ကိုဖိုးစည်မှာ စစ်ကောင်စီ သတင်းပေးလုပ်နေသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ပြည်သူများကို မသင်္ကာမှုဖြင့် ဖမ်းခိုင်းခြင်း၊ ငွေညှစ်ခြင်းများအပြင် PDF များကိုလည်း စိန်ခေါ်သူဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အင်တာနက်လူမှုကွန်ရက်တွင် ရုပ်သံမှတ်တမ်းဖြင့် ထုတ်ပြန်ပြောဆိုထားသည်။ သို့သော် အထက်ပါပြောဆိုချက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ရေးမြို့နယ်အတွင်း […]

မွန်တွင် ကိုဗစ်ကူးစက်မှု ပြန်တွေ့လာ

diz_admin

September 14, 2022

မွန်ပြည်နယ်တွင် စက်တင်ဘာလအတွင်း ကိုဗစ်ကူးစက်မှုများ ဆက်တိုက်ပြန်တွေ့လာနေကြောင်း မြို့နယ် ကျန်းမာရေး တာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေးကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁ ရက်နေ့မှ စက်တင်ဘာ ၁၂ အထိ မွန်ပြည်နယ် အတွင်း၌ ကိုဗစ်ပိုးတွေ့လူနာ ၃၀ ဦးရှိသည်။ မော်လမြိုင်၊ သံဖြူဇရပ်၊ ကျိုက်ထို၊ သထုံ၊ ပေါင်မြို့နယ်တို့တွင် ပိုးတွေ့လူနာ တွေ့ရှိထားပြီး မော်လမြိုင်တွင် ပိုးတွေ့လူနာအများဆုံးတွေ့ရှိသည့် မြို့နယ်ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ စက်တင်ဘာ ၁၂ ရက်နေ့က ပေါင်မြို့တွင် ကျောင်းသား၊ ကျောင်းသူ ငါးဦးအပါအဝင် ခုနစ်ဦး ကိုဗစ်ကူးစက်ခံ ရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။ “ကိုဗစ်ကူးစက်မှုက အခု ပြန်များလာနေတယ်။ မွန်မှာလည်း ပိုးတွေ့လူနာတွေ ပြန်တွေ့နေတယ်” ဟု မြို့နယ်တာဝန်ကျ […]

ရေး လူမှုကယ်ဆယ်ရေးကား မိုင်းဆွဲခံရ

diz_admin

September 9, 2022

မွန်ပြည်နယ်၊ ရေးမြို့က အောင်မင်္ဂလာနာရေးနှင့် လူမှုကယ်ဆယ်ရေးအသင်းကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အသင်းသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ယင်းအသင်းထံမှ သိရသည်။ အဆိုပါ အသင်းကားသည် စက်တင်ဘာ ၈ ရက်နေ့ ည ၁၂ နာရီ (ယနေ့ နံနက်) ခန့်က မော်လမြိုင်သို့ လူနာပို့ပြီးအပြန် သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီးအရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း အသင်းထံမှ သိရသည်။   လူမှုကယ်ဆယ်ရေးအသင်းကားမောင်းသူ မိုင်းစထိမှန်ကာ ဒဏ်ရာရပြီး အသင်းကားလည်း ပျက်သွားသည်ဟု ယင်းအသင်းထံမှ သိရသည်။ “မော်လမြိုင်ကို လူနာပို့ပြီးအပြန် သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီးမှာ မိုင်းဆွဲခံရတယ်။ ယာဉ်မောင်း ပြင်းထန် ဒဏ်ရာ ရရှိသွားတယ်” ဟု အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အသင်းသားယာဉ်မောင်းကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသ ပေးနေကြောင်း […]

ဘီးလင်းစစ်မှုထမ်းဟောင်းအဖွဲ့  ဒုဥက္ကဋ္ဌဖြစ်သူ အငြိမ်းစားဗိုလ်မှူး ပစ်သတ်ခံရ

diz_admin

September 8, 2022

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဒုဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ဘီးလင်းမြို့ ကန်သာယာရပ်ကွက်နေ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်းကို အမည်မသိ သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်သွားခဲ့သည်။ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်းမှာ ရရှိသည့်သေနတ်ဒဏ်ရာများဖြင့် ဘီးလင်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ ”သေနတ်သမားတွေက သူ့အိမ်အထိ လာပြီး ပစ်သွားတယ်၊ ၄ ချက် ထိသွားတယ်လို့ပြောတယ်၊ ဒဏ်ရာနဲ့ ဆေးရုံကို ပို့တဲ့အချိန်မှာ ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်းသည် ဘီးလင်းမြို့နယ်အတွင်းက စစ်အာဏာရှင် ဆန့်ကျင်နေသူများကို ဖမ်းဆီးရာတွင် ဦးဆောင်ပါဝင်နေသည့် […]

မွန်တွင် ဆေးဝါးအချို့ပြတ်လပ်သဖြင့် သုံးစွဲသူများအခက်အခဲဖြစ်

diz_admin

September 8, 2022

မွန်ပြည်နယ် ဈေးကွက်အတွင်း ဆေးဝါးအချို့ ပြတ်လပ်နေသည့်အတွက် သုံးစွဲနေရသူများ အခက်အခဲကြုံတွေ့ နေရကြောင်း သုံးစွဲသူအချို့တို့ထံမှ သိရသည်။ ဆေးဝါးများကို ပြည်ပမှဒေါ်လာဖြင့် ဝယ်ယူတင်သွင်းရပြီး ဒေါ်လာရရှိရန် အခက်အခဲရှိသည့်အပြင် ဈေးအဆမတန် မြင့်တက်နေခြင်း၊ ဆေးဝါးသွင်းကုန်လိုင်စင်များ ကန့်သတ်ခံရခြင်းတို့ကြောင်းပြည်တွင်းဈေးကွက်တွင် ဈေးကြီးမြင့်ကာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။ လက်ရှိ မွန်ပြည်နယ်ရှိ မြို့နယ်များတွင်လည်း ဆေးဝါးများ ဝယ်ယူ၍မရသည့်အတွက် အခက်အခဲဖြစ်နေကြောင်း ဆေးဝါးသုံးစွဲနေရသည့် ပြည်သူအချို့ထံမှ သိရသည်။ “ကျွန်မ သောက်နေတဲ့ဆေးတွေ အခုဘယ်မှာမှ ဝယ်လို့မရတော့လို့ ဒုက္ခရောက်နေတာ။ ဆေးက ပြတ်သွားလို့ မရဘူး” ဟု မော်လမြိုင်မြို့မှ အသက် ၄၅ နှစ်အရွယ် ဆီးချိုဝေဒနာရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ ဝယ်ယူ၍ ရနေသေးသည့် ဆေးဝါးအချို့မှာလည်း ဈေးနှစ်ဆခန့် မြင့်တက်နေကြောင်း ဆေးဆိုင်နှင့် သုံးစွဲသူ အချို့တို့ ထံမှ […]