BREAKING
March 5, 2025

မွန်

ရေးမြို့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

October 5, 2022

မွန်ပြည်နယ်၊ ရေးမြို့ သီရိဇေယျာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းဦး ယနေ့နံနက် ၁၀ နာရီခန့်က ပစ်သတ်ခံရကြောင်း မြို့ခံများထံမှ သိရသည်။ အသက် ၅၀ ခန့်ရှိ ဦးမင်းသိန်းဦးသည် နေအိမ်အနီးရှိ စျေးဆိုင်တွင် စျေးဝယ်နေစဥ် ပစ်သတ်ခံရသည်ဟု ဒေသခံများကဆိုသည်။ ”သူ့အိမ်အနားက မုန့်ဆိုင်မှာ ရှိနေတဲ့အချိန်မှာ အပစ်ခံရတာဖြစ်တယ်၊ သေနတ်သမားတွေက ဆိုင်ကယ်နဲ့လာပြီး ပစ်သတ်သွားတယ်” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းဦးကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (Mon State Revolutionary Organization) ကပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ဦးမင်းသိန်းဦးသည် ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှုရှိပြီး ၎င်းကြောင့် ဖမ်းဆီးခံရသူများရှိနေသည့်အတွက် ယခုလို ရှင်းလင်းခဲ့သည်ဟုလည်း MSRO အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။ ရေးမြို့နယ်၊ ‌ကျူံလောင်းရွာဟောင်းမှ  ဦးအောင်မြင့်ဆိုသူကို စစ်ကောင်စီအား သတင်းပေး၍ အောက်တိုဘာ ၄ ရက်နေ့ […]

ခေါဇာမြို့ စခန်းမှူးနှင့် တပ်သားနှစ်ဦး ပစ်သတ်ခံရ

diz_admin

September 30, 2022

မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့မရဲစခန်းက စခန်းမှူးနှင့် ရဲတပ်သားနှစ်ဦး ယနေ့ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ခေါဇာမြို့မရဲစခန်း စခန်းမှူးနှင့် တပ်သားနှစ်ဦးတို့သည် ခေါဇာမြို့မှ ရေးမြို့သို့ သွားစဉ် ယနေ့ (စက်တင်ဘာ ၃၀) နံနက် ၁၀ နာရီဝန်းကျင်က ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ “လစာထုတ်ဖို့ အသွားမှာ အသတ်ခံရတယ်လို့ သိရတယ်။ စခန်းမှူးက ပြောင်းလာတာ မကြာသေးဘူး” ဟု ခေါဇာမြို့ခံတစ်ဦး ပြောသည်။ ခေါဇာစခန်းမှူးနှင့်အဖွဲ့ကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ အိမ်စီးကားဖြင့်လာစဉ် စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး G3 နှစ်လက်၊ ပစ္စတိုတစ်လက်၊ ကျည်ဆံအချို့တို့ကို သိမ်းဆည်းရမိကြောင်းလည်း ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၂၁ ရက်နေ့ကလည်း လမိုင်းမြို့ နယ်ထိန်းရဲကို ရေးဘီလူးအဖွဲ့က ပစ်သတ်ခဲ့ကြောင်း […]

သထုံတွင် ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ပစ်သတ်ခံရ

diz_admin

September 29, 2022

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာမှ ပြည်သူ့စစ် ဒုခေါင်းဆောင် ဦးစိုးဝင်းဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းသည် စက်တင်ဘာ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲဝန်းကျင်အချိန်ခန့်က ပစ်ခတ်ခံရခြင်းဖြစ်သည်။ ဒေးဗရိန်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်တွင်  ထိုင်နေစဥ် သေနတ်ဖြင့် လာရောက်ပစ်ခတ် သွားခဲ့ခြင်းဖြစ်သည်။ ”လက်ဖက်ရည်သောက်နေတဲ့အချိန်မှာ အပစ်ခံရတယ်၊ ခေါင်းထိပြီး ပွဲချင်းပြီးပဲ သူက ပြည်သူ့စစ် ဟုတ်တယ်” ဟု ဒေးဗရိန်းဒေသခံတစ်ဦးက ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းသည် ဦးခေါင်းဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် ဦးစိုးဝင်းကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း ထုတ်ပြန်ထားသည်။ ပြည်သူ့စစ်အဖွဲ့ ဒုခေါင်းဆောင် […]

ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 27, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိကျောင်းကျေးရွာမှ ဦးကျော်နိုင်ဦးဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ၎င်းသည် ကျောက်မိကျောင်းရွာနှင့် ကျုံလောင်းရွာဟောင်းလမ်းဆုံနေရာတွင် စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၃၀ အရွယ် ဦးကျော်နိုင်ဦးသည် ခြံအလုပ်လုပ်ကိုင်နေသည့်အပြင် ကွမ်းသီးအရောင်းအဝယ် ပြုလုပ်နေသူ တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “သိသလောက်ကတော့ သူက ကွမ်းသီးအရောင်းအဝယ်လုပ်တယ်။ ခြံလုပ်တယ်။ အခု ဒလန်ဆိုပြီး အသတ်ခံရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးကျော်နိုင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထုတ်ပြန်ထားသည်။ ၎င်းသည် ကွမ်းသီးရောင်းဝယ်ရင်း စစ်ကောင်စီကို သတင်းပေးနေသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ရေးမြို့နယ်အတွင်း၌ စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုသူများကို ဒေသတွင်းလှုပ်ရှားနေသည့် […]

မွန်တွင် လက်ကျန်ဆားနည်းသဖြင့် ဆားကြမ်းဈေးမြင့်တက်

diz_admin

September 27, 2022

မွန်ပြည်နယ်တွင် လက်ကျန် ဆားနည်းပါးလာသည့်အတွက် ဆားဈေးမြင့်တက်လာကြောင်း ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ဆားထုတ်လုပ်ရာသီတွင် မိုးဖျက်၍ ဆားအထွက်နည်းခဲ့ခြင်းကြောင့် လက်ကျန်ဆားနည်းပါးလာကာ ဆားဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း သံဖြူဇရပ်မြို့နယ်မှ ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောသည်။ ဆားထုတ်လုပ်ရာသီအစဖြစ်သည့် ဇန်နဝါရီလခန့်က ဆားကြမ်းတစ်ပိဿာဈေး ကျပ် ၈၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိတွင် ဆားကြမ်းတစ်ပိဿာဈေး ကျပ် ၂၇၀ အထက်ရှိနေကြောင်း ဆားဈေးကွက်ထံမှ သိရသည်။ “ဆားထွက်တဲ့အချိန်မှာ မိုးဖျက်တော့ ဆားအထွက်နည်းတယ်။ အခု လက်ကျန်ဆားနည်းသွားတော့ ဈေးက ၂၇၀ လောက်ဖြစ်သွားတယ်” ဟု ဆားလုပ်ငန်းရှင် နိုင်ဟုက ပြောဆိုသည်။ ယမန်နှစ် ယခုလိုကာလမျိုးတွင်မူ ဆားကြမ်းဈေးတစ်ပိဿာ ၁၃၅ ကျပ်ခန့်သာရှိကြောင်း ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။ လက်ရှိတွင် ဆားဈေးကောင်းရရှိနေသော်လည်း ဆားအသစ်ထွက်သည့်အချိန်တွင် ဈေးပြန်ကျသွားနိုင်သည်ဟုလည်း ဆားလုပ်ငန်းရှင်တို့က ခန့်မှန်းထားသည်။ “ဆားထွက်တဲ့အချိန်ကျရင် […]

ကျိုက်ထိုတွင် ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူသေဆုံး

diz_admin

September 26, 2022

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့က ဇနီးမောင်နှံနှစ်ဦး ပစ်ခတ်ခံရပြီး ဇနီးဖြစ်သူ သေဆုံးသွားကြောင်း မြို့ခံအချို့ထံမှ သိရသည်။ သိမ်ဇရပ်မြို့ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သည့် ဦးအေးလွင်နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းတို့ကို အမည်မသိ သေနတ်သမားတို့က စက်တင်ဘာ ၂၅ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က နေအိမ်သို့ လာရောက်ပစ်ခတ်သွား ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သန်းသည် ဦးခေါင်းတွင် ရရှိသည့် ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးအေးလွင်ကမူ ဒဏ်ရာရရှိသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “သူတို့ လင်မယား အိမ်မှာရှိနေတဲ့အချိန်မှာပဲ သေနတ်သမားတွေက ကားနဲ့ ရောက်လာပြီးတော့ ဝင်ပစ်သွားတယ်။ နှစ်ယောက်စလုံးကို ပစ်သွားတာ” ဟု ၎င်းတို့ […]

ရေးတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 25, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာက ရွာသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကလော့ကျေးရွာသား ရော်ဘာခြံလုပ်ကိုင်သည့် အသက် ၃၅နှစ်အရွယ် ဦးနိုင်ဦးဆိုသူသည် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်အချိန့်က ပစ်ခတ်ခံရခြင်းကြောင်း ဒေသခံများထံမှ သိရသည်။ ဦးနိုင်ဦးသည် ရော်ဘာခြံသို့အသွားလမ်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။ ပစ်ခတ်ပြီးနောက် အလောင်းကို ရွာထိပ်တွင် ထားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာအုပ်ချုပ်ရေးမှူးထံ အသိပေးခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ မသင်္ကာတွေ့ရှိသဖြင့် ပစ်ခတ်မိခြင်းဖြစ်သည်ဟု အကြောင်းပြချက်ပေးခဲ့သည်ဟုလည်း ဒေသခံအချို့၏ ပြန်လည်ပြောပြချက်အရ သိရသည်။   “ရော်ဘာခြံသွားတဲ့လမ်းမှာ အပစ်ခံရတယ်။ ပြီးတော့ သူတို့ (စစ်တပ်) က ရွာထိပ်မှာ လာထားသွားတယ်” ဟု ကလော့ရွာမှ ဒေသခံတစ်ဦးက […]

သထုံခရိုင်တွင် နေအိမ် ၁ဝလုံး ချိတ်ပိတ်ခံရ

diz_admin

September 22, 2022

မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦး၏ နေအိမ်အပါအဝင် ဒေသခံနေအိမ် ၁၀ လုံး ယခုရက်ပိုင်းအတွင်း ဆက်တိုက်ချိတ်ပိတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ သထုံခရိုင် ဘီးလင်းမြို့နယ် အလူးကျေးရွာရှိ NLD ပါတီဝင် ဒေါ်အေးသီတာမြင့် နေအိမ်ကို စက်တင်ဘာလ ၂၀ ရက်က စစ်ကောင်စီအဖွဲ့တို့က လာရောက် ချိတ်ပိတ်ခဲ့ကြောင်း ‌ဒေသခံတို့ထံမှ သိရသည်။ “အဲဒီအိမ်မှာက လူမရှိနေဘူး။ သူတို့ မနေတာကြာနေပြီ” ဟု NLD ပါတီနှင့်နီးစပ်သည့် ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။ ယင်းပြင် ဘီးလင်းမြို့ ကန်သာယာရပ်ကွက်ရှိ ဦးမုတ်ဆိတ်ဆိုသူ၏ နေအိမ်နှင့် ဇုတ်သုတ်ကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးထိုက်ဆိုသူ၏ နေအိမ်တို့ကိုလည်း ချိတ်ပိတ်ခဲ့ကြောင်း ဒေသခံများထံ မေးမြန်းချက်အရ သိရသည်။ အထက်ပါ နေအိမ်နှစ်လုံးတွင်လည်း လူမနေထိုင်တော့ဘဲ မိသားစုဝင်များ […]