မွန်တွင် စပါးဈေးကောင်းရသော်လည်း လယ်သမားများ တွက်ခြေမကိုက်
diz_admin
November 2, 2022မွန်ပြည်နယ်တွင် ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးဈေးကောင်းရနေသော်လည်း လယ်သမားများအတွက် တွက်ခြေမကိုက်ကြောင်း စပါးစိုက်တောင်သူတို့၏ ပြောပြချက်အရ သိရသည်။ မိုးစပါးပေါ်ချိန်တွင် မွန်ပြည်နယ်အတွင်း စပါးကြမ်းအုပ်စုဝင် စပါး တင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းကျော်၊ စပါးချောအုပ်စုဝင် စပါး တင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းကျော် ပေါက်ဈေးရှိနေသည်ဟု စပါးကုန်သည်နှင့် စပါးစိုက်တောင်သူတို့က ပြောသည်။ လက်ရှိ စပါးပေါက်ဈေးသည် ယမန်နှစ်ဈေးနှင့် နှိုင်းယှဉ်ကြည့်လျှင် စပါးတင်း ၁၀၀ လျှင် ကျပ် ၂ သိန်းခန့် ကွာဟမှုရှိနေသည်ဟုလည်း စပါးကုန်သည်တို့ထံမှ သိရသည်။ “ဒီနှစ် စပါးဈေးကတော့ တင်း ၁၀၀ မှာ ၁ သိန်းကျော် ၂ သိန်းလောက် ဈေးပိုရတယ်။ မနှစ်ကဈေးနဲ့ […]