BREAKING
March 4, 2025

မွန်

မော်လမြိုင်ပစ်ခတ်မှု PDF ငါးဦးအဖမ်းခံရ၊ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏သားတို့ သေဆုံး

diz_admin

November 15, 2022

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် PDF တပ်ဖွဲ့ဝင်များရှိသည့် နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီး ရာမှ ပစ်ခတ်မှုဖြစ်ပွားရာ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး သားတို့ သေဆုံးပြီး PDF တပ်ဖွဲ့ဝင် ငါးဦး ဖမ်းဆီး ခံရကြောင်း မြို့ခံများထံမှ သိရသည်။ ဇေယျာသီရိရပ်ကွက် (၃) ရှိ နေအိမ်တစ်အိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က နိုဝင်ဘာလ ၁၄ ရက်နေ့ ၅ နာရီခွဲခန့်တွင် သွားရောက်ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါ ပစ်ခတ်မှုအတွင်း အမျိုးသမီးတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင် ငါးဦးနှင့်အတူ လက်နက်ငယ် သုံးလက် ဖမ်းဆီးသိမ်းဆည်းခံလိုက်ရကြောင်း အထူးမြေအောက်လှုပ်ရှားမှုအင်အားစု (Special Underground Movement Force) က ထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်ကမူ ရဲတစ်ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ သားဖြစ်သူတို့ […]

ချောင်းနှစ်ခွရဲစခန်းတိုက်ခိုက်မှုတွင် ရဲသုံးဦးသေပြီး လေဦးဖမ်းမိဟု ဒေသကာကွယ်ရေးတပ်ထုတ်ပြန်

diz_admin

November 13, 2022

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တွင် ရဲသုံးဦး သေဆုံးပြီး လေးဦးကို အရှင်ဖမ်းဆီးရမိကြောင်း တိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်သည့် နဂါးနီစစ်ကြောင်းက ထုတ်ပြန်သည်။ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွ တံတားစစ်ဆေးရေးဂိတ်တို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စခန်းမှူး၊ ဒုတပ်ကြပ်တစ်ဦး၊ တပ်သားတစ်ဦးသေဆုံးပြီး၊ ဒုရဲအုပ်အပါ နှစ်ဦး ထွက်ပြေးလွတ်မြောက်သွားကာ တပ်ကြပ်၊ ဒုတပ်ကြပ်နှင့် တပ်သားနှစ်ဦးတို့ကို အရှင်ဖမ်းဆီးရမိထားကြောင်း နဂါးနီစစ်ကြောင်းက ထုတ်ပြန်ထား သည်။ ယင်းအပြင် AK 47 တစ်လက်၊ M16 လေးလက်၊ G3 တစ်လက်၊ ၆၀ မမပြောင်းတို […]

သထုံတွင် စစ်ကောင်စီတပ်ကား ပစ်ခတ်ခံရပြီး သုံးဦးသေဆုံးဟုဆို

diz_admin

November 10, 2022

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီတပ်ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သုံးဦးသေဆုံးသွားကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ (ပကဖ) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၅နာရီခွဲခန့်က ဝင်းစိန်ကျေးရွာက ပြည်သူများကို လာရောက်ဖမ်းဆီးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကားကို လမ်းတွင် တားဆီးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ သေဆုံးရာတွင် စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်း ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီတပ်ဘက်က တစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်ကားပေါ်က သေနတ် သုံးလက် သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခံရသည့်ပြည်သူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီကား ပစ်ခတ်ခံရပြီးနောက် ဝင်းစိန်ကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးအင်အား တိုးချဲ့ထားပြီး ရှာဖွေစစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံတို့က […]

ဇင်းကျိုက်တွင် နေအိမ်ရှစ်လုံးမီးလောင်၊ မိသားစုဝင် လေးဦးသေဆုံး

diz_admin

November 10, 2022

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ကွမ်းခြံကုန်းပိုင်းတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းက နေအိမ်မီးလောင်ကျွမ်းမှုတွင် မိသားစုဝင် လေးဦးသေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၄ နာရီဝန်းကျင်က ဒေါ်သန်းသန်းခိုင်ဆိုသူ၏ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့သည့်မီးကြောင့် နေအိမ် ရှစ်လုံးနှင့် စပါးကျီတစ်လုံး ပျက်စီးဆုံးရှုံးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ဒေါ်သန်းသန်းခိုင်အပါအဝင် မိသားစုဝင်များဖြစ်သည့် မောင်လင်းထွန်း၊ ဒေါ်ခင်စီနှင့် ဆဋ္ဌမတန်းကျောင်းသူ မဇင်ဇင်ဖြိုးတို့ သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “မီးထိန်းနိုင်တဲ့အချိန်မှာ အိမ်ရှစ်လုံး၊ စပါးကျီတစ်လုံး လောင်ကျွမ်းသွားတယ်။ မီးက ဒေါ်သန်းသန်ခိုင်အိမ်ကနေ စလောင်တာ၊ အဲဒီအိမ်က လူလေးဦးကတော့ သေဆုံးသွားတယ်” ဟု မီးလောင်မှုဖြစ်စဉ်အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။ ယင်းမီးလောင်မှုကို ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေနှင့် […]

ရေးမြို့နယ်တွင် ပျောက်ဆုံးနေသည့်မိန်းကလေး ထိုးသွင်းဒဏ်ရာများဖြင့် ပြန်တွေ့

diz_admin

November 7, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာက ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးနေသည့် အသက် ၁၆နှစ်အရွယ် မိန်းကလေးကို ထိုးသွင်းဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိကြောင်း လူမှုကယ်ရေးအသင်းတို့ထံမှ သိရသည်။ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ကဗျာကို နိုဝင်ဘာလ ၆ ရက်နေ့က နှစ်ကရင်ရွာအထွက် ဆင်နှစ်ကောင်အကွေ့ မရောက်မီ သင်္ချိုင်းအနီး ခြုံကြားတွင် ထိုးသွင်းဒဏ်ရာများ၊ ထိုးကြိတ်ခံရသောဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ တစ်ရွာတည်းနေသူ မပြည့်ဖြိုးဝေနှင့် သံဖြူဇရပ်မြို့သား မောင်ချမ်းမွန် (ခ) အာရုံဦးတို့ ဇနီးမောင်နှံက သံဖြူဇရပ်သို့ ပြန်ရန် နှစ်ကရင်ကျေးရွာလမ်းဝသို့ ပို့ဆောင်ပေးရန် အကူအညီတောင်းခံသဖြင့် မဖူးပွင့်ကဗျာက နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းနောက် ညပိုင်းအထိ […]

ခေါဇာတွင် လက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ

diz_admin

November 6, 2022

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရေးမြို့နယ် ခေါဇာမြို့တွင် ကလေးနှစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ နိုဝင်ဘာလ ၄ ရက်နေ့ညက လူနေရပ်ကွက်အတွင်း  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အသက် ၆ နှစ်အရွယ်ကလေးနှစ်ဦးနှင့် အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဒေသခံတို့က ပြောသည်။ “ပစ်နေတာ နှစ်ညဆက်တိုက်ရှိနေပြီ ည (နိုဝင်ဘာ ၄ ရက်နေ့) ကတော့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်” ဟု ခေါဇာဒေသခံတစ်ဦးက ပြောသည်။ ကျည်ထိမှန် ဒဏ်ရာရရှိသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် ရေးမြို့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။ ခေါဇာမြို့တွင်  စစ်ကောင်စီ၏ ခလရ တပ်ရင်း ၃၁ အခြေစိုက်စခန်းရှိပြီး ယင်းစခန်းမှ […]

မွန်တွင် ရော်ဘာစျေး ပြန်ကျ

diz_admin

November 4, 2022

မွန်ပြည်နယ်တွင် အောက်တိုဘာလကုန်ပိုင်းခန့်မှစကာ ရော်ဘာ‌စျေးနှုန်း ပြန်ကျလာသည်ဟု ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ် ပြုလုပ်နေသူတို့ထံမှ သိရသည်။ ရော်ဘာရာသီအစက ရော်ဘာ‌စျေးကောင်းရရှိခဲ့သော်လည်း အောက်တိုဘာလကုန်ပိုင်းခန့်မှစကာ ရော်ဘာစျေး ပြန်လည်ကျဆင်းလာခဲ့သည်။ ရော်ဘာရာသီအစက ရော်ဘာပြားအပါးဟုခေါ်သည့် အဆင့်မြင့်ရော်ဘာ RSS-3 တစ်ပေါင်လျှင် ကျပ် ၁၅၀၀ နီးပါးအထိ စျေးတက်ခဲ့ပြီး လက်ရှိတွင် RSS-3 တစ်ပေါင်လျှင် ကျပ် ၁၂၀၀ အထိပြန်ကျသွားသည်ဟု  ရော်ဘာလုပ်ငန်းရှင်တို့ထံမှ သိရသည်။ ထိုအတူ တစ်နေလှန်းဟုခေါ်သည့် အထူရော်ဘာပေါက်စျေးလည်း တစ်ပေါင်လျှင် ကျပ် ၁၀၀၀ ကျော် စျေးရရှိခဲ့ရာမှ လက်ရှိတွင် တစ်ပေါင် ကျပ် ၁၀၀၀ အောက် ပြန်ကျသွားသည်ဟုလည်း ရော်ဘာလုပ်ငန်းရှင်တို့က ပြောသည်။ “ရော်ဘာစျေးက ရာသီအစမှာတော့ တစ်ချက်စျေးကောင်းရတယ်၊ ပြီးတော့ ပြန်ကျသွားတယ်၊ အခုကတော့ အကျဘက်မှာ ဖြစ်နေတယ်၊ ရော်ဘာစျေးက မငြိမ်ဘူး” ဟု မုဒုံမြို့နယ်မှ ရော်ဘာအဝယ်ဒိုင်တစ်ဦးက […]

ဆားထုတ်လုပ်မှုစရိတ်များ မြင့်တက်နေဟုဆို

diz_admin

November 4, 2022

ကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ ဆားထုတ်လုပ်မှုစရိတ်များလည်း မြင့်တက်လာသည်ဟု ဆားထုတ်လုပ်သည့် လုပ်ငန်းရှင်အချို့က ပြောသည်။ နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှုကြောင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာပြီး ဒေါ်လာဈေး၊ ဘတ်ဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေးနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာသဖြင့် ဆားထုတ်လုပ်မှုစရိတ်လည်း မြင့်တက်လာသည်ဟု လုပ်ငန်းရှင်အချို့က ပြောသည်။ ပြီးခဲ့သည့်နှစ်က ဒီဇယ်တစ်ပီပါလျှင် နှစ်သိန်းနှစ်သောင်းကျပ်ခန့်သာ ရှိသော်လည်း ယခု ၂၀၂၂ ခုနှစ်တွင် တစ်ပီပါကို ၆ သိန်းခွဲမှာ ၇ သိန်းကျော်သည်အထိ ပေးဝယ်ရသည်ဟု ရွှေပြည်သား ဆားစက်ရုံပိုင်ရှင် ဦးသန်းဝင်းက ပြောသည်။ ပြီးခဲ့သည့်နှစ်က အမျိုးသမီးအလုပ်သမား တစ်ဦးလျှင် ၆၅၀၀ ကျပ်၊ အမျိုးသားအလုပ်သမားတစ်ဦးလျှင် ၈၀၀၀ ကျပ်ခန့်သာပေးရသော်လည်း ယခုနှစ်တွင် အမျိုးသမီးအလုပ်သမားတစ်ဦးလျှင် ၇၀၀၀ ကျပ်၊ အမျိုးသားအလုပ်သမားကို ၉၀၀၀ ကျပ် ပေးရသည်ဟု ဦးသန်းဝင်းက ပြောသည်။ […]