မွန် ဝန်ကြီးချုပ်ဟောင်းကို ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်
diz_admin
December 7, 2022မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ စွဲဆိုခံထားရသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၇၁ (စ) အတွက် ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်လိုက်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ စစ်ကောင်စီက ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးခဲ့သည်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ)ဖြင့် အမှုနှစ်မှုဖွင့် တရားစွဲဆိုခဲ့သည်။ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၇၁(စ) နှင့် အမှု နှစ်မှုအတွက်ကို ဒီဇင်ဘာ ၆ ရက် အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ “ဒေါက်တာအေးဇံကို ထောင်ဒဏ် နှစ်နှစ် ထပ်ပြီးအမိန့်ချလိုက်တယ်၊ အထူးတရားရုံးမှာ မနေ့က ရုံးထုတ်စစ်ဆေးပြီး အမိန့်ချလိုက်တာဖြစ်တယ်” ဟု နီးစပ်သူတစ်ဦးက ပြောသည်။ ယခုအမိန့်ချလိုက်သည့် အမှုနှင့်ပတ်သက်ပြီး […]