လက်နက်ကြီးကျည်ထိမှန်သဖြင့် ကျိုက်ထိုဒေသခံ လူငယ်တစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ
diz_admin
January 10, 2023မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျေးရွာနှစ်ရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် လူငယ်တစ်ဦး သေဆုံးပြီး ကလေးငယ်တစ်ဦးအပါအဝင် ရှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများနှင့် KNU တို့ထံမှ သိရသည်။ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ယင်းသို့ ထိခိုက်ခြင်းဖြစ်ကြောင်း KNU သထုံခရိုင်က ယနေ့ (ဇန်နဝါရီ ၁၀) ထုတ်ပြန်ထားသည်။ သိမ်ဇရပ်အခြေစိုက် ခမရ (၂၀၇) တပ်ရင်းနှင့် အမှတ် (၃၁၀) အမြှောက်တပ်ရင်းတို့က ဇန်နဝါရီလ ၇ ရက် ညက လက်နက်ကြီးဖြင့် ရှစ်ကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လက်နက်ကြီးကျည်သည် သုံးခွကျေးရွာ သရက်ခြံအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၂၆ နှစ်အရွယ် ကိုဇော်မိုးလွင် ကျည်စထိမှန်သေဆုံးသွားခဲ့ပြီး အသက် ၇ နှစ်အရွယ် […]