မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်း မိုင်းခွဲခံရပြီး ရထားခရီးစဉ်များ ဖျက်သိမ်း
diz_admin
January 27, 2023မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာအနီး ခလွန်ချောင်းကူး ရထားလမ်းသံတံတား မိုင်းခွဲခံရပြီးနောက် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းလိုက်ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ ခလွန်ချောင်းကူး ရထားလမ်းသံတံတားသည် ဇန်နဝါရီလ ၂၆ ရက် နံနက် ၄ နာရီခန့်က မိုင်းဖောက်ခွဲခံရပြီး တံတားနံရံ အက်ကွဲတာ၊ ရထားသံလမ်းကွေးကောက်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာဘူတာကြား ရထားလမ်းတံတားကြံ့ခိုင်မှု အခြေအနေကြောင့် ရထားဖြတ်သန်း၍ မရသဖြင့် မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို ဇန်နဝါရီ ၂၇ ရက်နေ့မှစပြီး ယာယီဖျက်သိမ်းလိုက်ကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။ လက်ရှိတွင် ရထားလမ်းတံတားကို မြန်မာ့မီးရထားက အမြန်ဆုံး ပြင်ဆင်လျက်ရှိပြီး ပြီးစီးသည်နှင့် ရထားပုံမှန်ပြန်လည် ပြေးဆွဲသွားမည်ဟုလည်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ “တံတား ပြင်ပြီးတာနဲ့ ရထားပြန်လည်ပြေးဆွဲသွားမှာပါ။ အခုတော့ ခရီးစဉ်တွေကို ယာယီဖျက်သိမ်းထားတယ်။ […]