သထုံတွင် လက်နက်ကြီးကြောင့် ရဟန်းနှစ်ပါးနှင့် ကိုရင်ငယ်တစ်ပါး ဒဏ်ရာရ
diz_admin
February 13, 2023သထုံမြို့နယ် မိချောင်းအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရဟန်းနှစ်ပါးနှင့် ကိုရင်ငယ်တစ်ပါး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် အမှတ် (၉) အမြှောက်တပ်ရင်းက ဖေဖော်ဝါရီလ ၁၁ ရက် ည ၈ နာရီခွဲ ခန့်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကေအဲန်ယူ-သထုံခရိုင်က ယနေ့ ထုတ်ပြန်သည်။ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များအနက် တစ်လုံးသည် မိကျောင်းအိုင်ရွာဘုန်းတော်ကြီးကျောင်း သိမ်ပေါ် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ကျရောက်ပေါက်ကွဲမှုကြောင့် သက်တော် ၁၁ နှစ်အရွယ် ကိုရင်တစ်ပါးနှင့် သက်တော် ၅၆ နှစ်ရှိ ဦးသောမန၊ သက်တော် ၇၁ နှစ်ရှိ ဦးပဏ္ဍိတတို့ ထိခိုက်ဒဏ်ရာရသည့်အပြင် သိမ်အဆောက်အအုံလည်း ထိခိုက်ပျက်ဆီးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။ […]