စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး ဒေါနတပ်ရင်းထံ ထပ်မံ ဘက်ပြောင်းခိုလှုံ
Dawei Watch
March 7, 2025စစ်ကောင်စီ၏ စစ်မှုထမ်း အပတ်စဥ် ၁ နှင့် အပတ်စဥ် ၆ သင်တန်းဆင်း တပ်သားနှစ်ဦး မွန်နှင့် တနင်္သာရီတို့တွင် စစ်ရေးလှုပ်ရှားနေသည့် ဒေါနတပ်ရင်းထံသို့ ထပ်မံ၍ ဘက်ပြောင်းခိုလှုံကြောင်း ယင်းတပ်ရင်းထံမှ သိရသည်။ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ရေးမြို့နယ်အတွင်း လမ်းကင်းဆောင်ရွက်နေစဉ် ထွက်ပြေးလာခြင်းဖြစ်ပြီး ဒေသခံများအား ဆက်သွယ်မေးမြန်း၍ ဒေါနတပ်ရင်း၏ တပ်ခွဲ ၃ ၊ ရေးပြောက်ကျားတပ်ဖွဲ့ ထံသို့ မတ်လ ၆ ရက်တွင် ရောက်ရှိလာကြောင်း ဒေါနတပ်ရင်းမှ ဒုတပ်ရင်းမှူးက ပြောသည်။ ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် ရန်ကုန်နှင့် ပဲခူးဒေသခံများဖြစ်ပြီး အဓမ္မစစ်သားစုဆောင်းခံရခဲ့သူများဖြစ်ကြောင်း ၎င်းက ဆိုသည်။ ၎င်းတို့နှစ်ဦးအနက်တစ်ဦးမှာ ရှမ်းပြည်နယ်၊ ဗထူးတပ်မြို့ ၊ အမှတ် ၁ အရာခံနှင့်တပ်ကြပ်ကြီးလေ့ကျင့်ရေး သင်တန်းကျောင်းတွင် အပတ်စဥ် (၁) စစ်မှုထမ်းသင်တန်းတက်ခဲ့ရပြီး […]