ရေးတွင် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ
Dawei Watch
June 20, 2023မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောက်မိချောင်းကျေးရွာ (တောင်ပိုင်း) တွင် ယနေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းရွာက ပြည်သူ့စစ်အဖွဲ့ဝင် ဦးရဲနိုင်ဝင်းကို ယနေ့ နံနက် ၉ နာရီခန့်တွင် ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ အသက် ၅၉ နှစ်အရွယ် ဦးရဲနိုင်ဝင်းသည် နေအိမ်တွင်ရှိနေစဉ် ရေးဘီလူးအဖွဲ့ဝင် သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဦးရဲနိုင်ဝင်းက ရင်ဘတ်နဲ့ ညှက်ရိုးတွေမှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။ ဇွန်လ ၁၉ ရက်နေ့ညကလည်း ရေးမြို့နယ်၊ ဟံဂံကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးမှာ […]