BREAKING
March 4, 2025

မွန်

ရေးတွင် လူငယ်နှစ်ဦးပစ်ခတ်ခံရ၊ သေနတ်ဒဏ်ရာများဖြင့်သေဆုံးသည့် အမျိုးသားတစ်ဦးလည်းထပ်တွေ့

diz_admin

April 3, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် သံဖြူဇရပ်-ရေးကားလမ်းမတွင် မော့ကနင်ရွာသား လူငယ်နှစ်ဦး ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရပြီး မော့ကနင်ရွာသစ်သား အမျိုးသားတစ်ဦးလည်း သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၂ ရက်နေ့ နံနက် ၅ နာရီခန့်က ရော်ဘာအစေးခြစ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာသည့် အသက် ၂၀ ကျော်အရွယ် လူငယ်နှစ်ဦးကို မော့ကနင်ကျေးရွာအထွက် တံတားရှိ စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် လူငယ်တစ်ဦးတွင် ဘယ်ဘက်ဒူးခေါင်း ကျည်ထိမှန်ဒဏ်ရာရရှိပြီး နောက်တစ်ဦးမှာ ဘယ်ဘက်ပေါင် ကျည်ထိမှန်ဒဏ်ရာ ရရှိကြောင်း ဒေသခံရွာသားတစ်ဦးက ဆိုသည်။ “သူတို့က မော့ကနင်ရွာအထွက် တံတားမှာရှိနေတဲ့ စစ်တပ်က လှမ်းပစ်လိုက်တာ။ သူတို့က ရော်ဘာခြစ်ဖို့အသွားမှာ ပစ်ခံရတာဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။ […]

ရေးတွင် ပစ်ခတ်တိုက်မှုအတွင်း အရပ်သားနှစ်ဦး ကျည်ထိမှန်

diz_admin

April 2, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-သံဖြူဇရပ်ကားလမ်း ဘေးလမိုင်းနှင့် အေးသာယာကျေးရွာအကြား ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရပ်သား နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်က ရေး-သံဖြူဇရပ်ကားလမ်းတွင် စစ်ကောင်စီတပ်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ စစ်ကောင်စီတပ်ကားနောက်က လိုက်ပါလာသည့် အိမ်စီးကားတစ်စီးတွင် ကျည်ထိမှန်ကာ အရပ်သားနှစ်ဦး ဒဏ်ရာရခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ဆေးခန်းပြရန်သွားသည့် မိသားစုဝင် သုံးဦးလိုက်ပါလာသည့် အဆိုပါအိမ်စီးကားမှာ လမ်းတွင် စစ်ကောင်စီတပ်ကားကို တွေ့ခြင်းဖြစ်ပြီး ကျော်ဖြတ်မောင်းနှင်ရန်ပြင်ဆင်နေချိန် ပစ်ခတ်မှုဖြစ်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း လမိုင်းဒေသခံတစ်ဦးက ပြောသည်။ ထို့ကြောင့် ကားပေါ်လိုက်ပါလာသည့် အသက် ၄၈ နှစ်အရွယ် ဦးမောင်ဝနှင့် ဇနီးဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဒေါ်ကွမ်းဟလယ်တို့ […]

ကျိုက်ထိုတွင် လက်နက်ကြီးကြောင့် အရပ်သား ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ

diz_admin

March 29, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မဲရုံလေးကျေးရွာအတွင်း စစ်ကောင်စီတပ်မှပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်သဖြင့်ဖြင့် အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ မတ်လ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ် မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) နှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တို့ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မတ်လ ၂၇ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် မရမ်းချောင်စစ်ဆေးရေးဂိတ်မှ မဲရုံလေးကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် မဲရုံလေးကျေးရွာအနီး စိုက်ပျိုးရေးခြံတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ […]

သံဖြူဇရပ်တွင် ရိုဟင်ဂျာများ ဆက်တိုက်ဖမ်းဆီးခံနေရ

diz_admin

March 27, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ထင်းရှူးကျေးရွာအုပ်စု ဝင်းစိန်ကျေးရွာနှင့် ခလောက်ချကျေးရွာဝန်းကျင်တို့တွင် ရိုဟင်ဂျာများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံတောအတွင်း မတ်လ ၂၄ ရက်က ကလေးအပါအဝင် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး ၁၅၄ ဦး ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် မတ်လ ၂၅ ရက်တွင် ဝင်းစိန်ကျေးရွာအနီး၌ ရိုဟင်ဂျာ အမျိုးသား ၂၈ဦးနှင့် အမျိုးသမီးသုံးဦး ဖမ်းဆီးခံရသည်။ ယင်းအပြင် မတ်လ ၂၆ ရက်ကလည်း ခလောက်ချကျေးရွာတွင် ရိုဟင်ဂျာ အမျိုးသားကိုးဦးနှင့် အမျိုးသမီး ငါးဦး ထပ်မံဖမ်းဆီးခံရကြောင်း သံဖြူဇရပ်မြို့မရဲစခန်းနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ဖမ်းဆီးခံရသည့် ရိုဟင်ဂျာများသည် ရခိုင်ပြည်နယ်ဘက်မှ ရေလမ်းကြောင်းဖြင့် မွန်ပြည်နယ်သို့ရောက်ရှိလာပြီး ပွဲစားဖြင့် ထိုင်းနိုင်ငံ၊ ထိုမှတစ်ဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန်ဖြစ်သည်ဟုလည်း သိရကြောင်း […]

မွန်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်းသုံးဦးသေဆုံး

diz_admin

March 25, 2023

မွန်ပြည်နယ် ဘီးလင်းနှင့် ရေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း လူသုံးဦးကို သေဆုံးခဲ့ကြောင်း သိရသည်။ မတ် ၂၄ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်ခန့်က ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ရွှေရောင်ပြကျေးရွာအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းမဘေးတွင် အသက် ၂၀ ဝန်းကျင် လူငယ် ၂ ဦးကို ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့တို့က ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပစ်ခတ်ခံရသည့် လူငယ်နှစ်ဦးသည် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး ၎င်းတို့သည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ပစ်သတ်ခံရသည့် လူငယ် ၂ ဦး၏ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့က ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ထောက်ခံသည့် တယ်လီဂရမ်အကောင့်များတွင် အဆိုပါ လူငယ် ၂ ဦးသည် PDF များဖြစ်ပြီး […]

စစ်ကောင်စီလက်နက်ကြီးကြောင့် ကျိုက်ထိုဒေသခံထောင်ချီ ထွက်ပြေးနေရ

diz_admin

March 23, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကျေးရွာ ၈ ရွာကျော်မှ ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရှိ စစ်ကောင်စီအ‌မြှောက်တပ် ၃၁၀ နှင့် ကင်မွန်းစခန်း ရဲကုန်းတို့မှ မတ်လ ၂၁ ရက် ည ၉ နာရီမှ ၁၂ နာရီအထိ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအရှေ့ဘက်ရှိ တကေးချောင်းဖျား၊ ငှက်ပျောတော၊ ဇီးကုန်း၊ ပိတောက်တော၊ ချမ်းမြေ့၊ ကရဝေးဆိပ် အစရှိသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။  ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်ကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု TPDF နှင့် KNLA, PDF, KRF ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၂၁ ရက် […]

ဘီးလင်းတွင် လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၊ အမျိုးသားနှစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်တစ်ဦးဒဏ်ရာရ

diz_admin

March 21, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကရဝေးဆိပ်အထက်စုကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ မတ်လ ၂ဝရက် နံနက် ၁၀ နာရီနှင့် ညနေ ၆ နာရီတို့တွင် ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမဘေးရှိ သံတံတားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျိုက်ထိုတော်လှန်ရေးအင်အားစုနှင့် KNU ပူးပေါင်းတပ်ဖွဲ့တို့က နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်ခံရပြီးနောက် သံတံတားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းနှင့် ကင်မွန်းစခန်းရှိ စစ်ကောင်စီတပ် လက်နက်ကြီးအထိုင်ထားသည့်နေရာတို့က ည ၇ နာရီခွဲဝန်းကျင်တွင် လူနေကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “သူတို့စခန်း တိုက်ခိုက်ခံရပြီးဆိုရင် ဒီလိုပဲ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တော့တာ။ တစ်ခါတလေ ဘာတိုက်ပွဲ ဘာတိုက်ခိုက်မှုမှမရှိလည်း ရွာတွေဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်တယ်” […]

သထုံတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ၅နှစ်အရွယ်ကလေးငယ်သေဆုံး

diz_admin

March 19, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ် အဝင်းကြီးကျေးရွာတွင် လက်နက်ကြီးကျည်ထိမှန်ကာ အသက် ၅ နှစ်အရွယ်ကလေးငယ် တစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ မတ်လ ၁၈ ရက် ညနေ ၃နာရီခွဲခန့်က သထုံအခြေစိုက်အမြှောက်တပ် ၃၁၄ တပ်ရင်းက ရွှေရောင်ပြကျေးရွာစုဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဝင်းကြီးကျေးရွာဘေးတွင် ကျည်တစ်လုံး ကျရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။ ယင်းသို့ပေါက်ကွဲစဉ် အဝင်းကြီးကျေးရွာဘေး အင်းထဲတွင် မိဘတို့နှင့်အတူ ငါးရှာနေသည့် အသက် ၅ နှစ်အရွယ် ယောက်ျားလေး၏ ဦးခေါင်းတွင် လက်နက်ကြီးကျည်စထိမှန် သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။ မတ်လ ၁၇ ရက် ညကလည်း စစ်ကောင်စီခြေလျင်တပ် ခလရ ၂၄ တပ်ရင်းနှင့် […]