BREAKING
April 21, 2025

မွန်

ရန်ကုန်-မော်လမြိုင်လမ်းတွင် မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

Dawei Watch

July 12, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မိုင်းပေါက်ကွဲပြီး ဘေးတွဲဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ၇ နာရီခွဲဝန်းကျင်က မိုင်းပေါက်ကွဲမှုဖြစ်ပွားစဉ် နောင်ကုလားကျေးရွာဘက်မှ သထုံမြို့ဘက်သို့ မောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ်တစ်စီးအား ထိမှန်သွားကြောင်း ၎င်းတို့က ပြောသည်။ မိုင်းထိမှန်မှုကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ နောင်ကုလားကျေးရွာသား အသက် ၄၅နှစ်အရွယ် ဦးအောင်မြင့်ကြည် (ခေါ်) ကိုမောင်စီးဆိုသူသည် ဝမ်းဗိုက်၊ ပေါင်နှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ မိုင်းစထိမှန် ဒဏ်ရာရရှိသူကို လူမှုကယ်ဆယ်ရေးအဖွဲ့အကူအညီဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “ဒီလမ်းပိုင်းမှာ ပစ်ခတ်မှုတွေလည်း ခဏခဏဖြစ်နေတယ်။ ကားတွေ ဆိုင်ကယ်တွေ မိုင်းထိတဲ့ဖြစ်စဉ်ကလည်း ခပ်စိပ်စိပ်ပါပဲ။ […]

သထုံတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး ဒဏ်ရာရ

Dawei Watch

July 8, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး နှစ်ဦးအပါအဝင် ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီအမြောက်တပ် (၃၁၄) တပ်ရင်းက ရွှေရောင်ပြကျေးရွာအုပ်စုအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူက ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အဆိုပါတပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ရွှေရောင်ပြကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကျည်စထိမှန်ကာ အသက် ၅ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အသက် ၅၆ နှစ်အရွယ် နော်မုလားဖေ၊ အသက် ၁၈ နှစ်အရွယ် နော်မိထူး၊ အသက် ၅၇ နှစ်အရွယ် […]

ကျိုက်ထီးရိုး တောင်တက်ကားလမ်းပေါ်က တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

Dawei Watch

July 7, 2023

မွန်ပြည်နယ်၊ ကျိူက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီ တောင်တက်ကားလမ်းပေါ်ရှိ လေးဖာတောတံတား ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက မိုင်းဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကျိုက်ထီးရိုး တောင်တက်ကားလမ်း ၁၀ မိနစ် ယာဉ်ရပ်နားစခန်းအကျော်ရှိ လေးဖာတောတံတားသည် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်ခန့်က မိုင်းဖောက်ခွဲ ဖျက်ဆီးခံရခြင်းဖြစ်သည်။ မိုင်းဖောက်ခွဲခံရမှုကြောင့် အရှည် ပေ ၇၀ ခန့်ရှိသည့် လေးဖာတောတံတား ပြိုကျပျက်စီးသွားခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ကား၊ လူ ဖြတ်သန်းသွားလာမှု မရှိသည့်အတွက် လူထိခိုက်မှုမရှိကြောင်း ဒေသခံတို့က ပြောသည်။ လက်ရှိတွင် ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရတော့သည့်အတွက် တောင်ပေါ်ရှိ ဘုရားဖူးအချို့ တောင်အောက်ဆင်းရန်နှင့် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဒေသခံတို့ အတက်အဆင်းပြုလုပ်ရန် အခက်အခဲကြုံတွေ့နေရကြောင်း ၎င်းတို့က ဆိုသည်။ “မိုးတွင်းမှာဆိုတော့ […]

NLD ရုံးခန်း ငှားရမ်းဖွင့်လှစ်ခဲ့သည့် အဆောက်အအုံကို စစ်ကောင်စီ ချိတ်ပိတ်

Dawei Watch

July 7, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးခန်း ငှားရမ်းဖွင့်လှစ်ခဲ့သည့် အဆောက်အအုံကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ NLD ရုံးခန်း ငှားရမ်းဖွင့်လှစ်ခဲ့သည့် သံဖြူဇရပ်မြို့၊ ဗိုလ်နေဝင်းလမ်း၊ အောင်ဇေယျရပ်ကွက်ရှိ ဒေါ်မြင့်မြင့်ခိုင်ဆိုသူ ပိုင်ဆိုင်သည့် နေအိမ်ခြံဝင်းအတွင်းရှိ (၆ x ၈) ပေ၊ အုတ်ခင်း၊ အုတ်ကာ၊ သွပ်မိုးအဆောက်အအုံကို စစ်ကောင်စီအဖွဲ့က ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက လာရောက်ချိတ်ပိတ်သွားခဲ့သည်။ အဆိုပါ အဆောက်အအုံကို သံဖြူဇရပ်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်မြတ်သီတာထွန်းလည်း ငှားရမ်းနေထိုင်ခဲ့သည်။ “အဲဒီအဆောက်အဦးက ဒေါ်မြတ်သီတာထွန်းလည်း ငှားရမ်းနေထိုင်ခဲ့ဖူးတယ်။ အခု အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်ဆိုပြီး လာချိတ်ပိတ်သွားတယ်” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ် NLD အမျိုးသားလွှတ်တော်ကိုယ်စားအဖြစ် […]

ဘီးလင်းကတံတားကို လာစစ်ဆေးသည့် စစ်ကောင်စီအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရ၍ သေဆုံးဒဏ်ရာရမှုများရှိ

Dawei Watch

June 29, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ဖောက်ခွဲဖျက်ဆီးခံလိုက်ရသည့် ကျုံအိတ်တံတားကို ယနေ့ (ဇွန် ၂၉) နံနက်ပိုင်းက လာရောက်စစ်ဆေးကြည့်ရူ့သည့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခံလိုက်ရသည်။ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်အတွင်း သထုံခရိုင်လမ်းဦးစီးမှူး သေဆုံးပြီး သထုံမြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိကြကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉ ဦး၊ ထွေအုပ်ဝန်ထမ်း ၂ ဦး၊ မီးသတ်ဝန်ထမ်း ၃ ဦး၊ ရွှေသံလွင်ဝန်ထမ်း ၂ ဦး ဒဏ်ရာရကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပေ။ “သထုံခရိုင်လမ်းဦးစီးမှူးကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ အခြားသူတွေကတော့ ဒဏ်ရာရတယ်။ အကုန်လုံးကို ဆေးရုံပို့ဆောင်ထားတယ်” ဟု လူမှုကူညီကယ်ဆယ်ရေး […]

ဘီးလင်းနှင့်သထုံကြားက ချောင်းကူးတံတား မိုင်းပေါက်ကွဲသဖြင့် ခရီးသည်တစ်ဦးသေဆုံး

Dawei Watch

June 29, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ဆက်သွယ်ထားသည့် ကျုံအိတ်ချောင်းတံတား ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က မိုင်းပေါက်ကွဲသဖြင့် ခရီးသွားတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ တံတား မိုင်းပေါက်ကွဲမှုကြောင့် တံတားတစ်ခြမ်း ပြိုကျပျက်စီးသွားပြီး တံတားပေါ်ဖြတ်သန်းနေသည့် ယာဉ်နှစ်စီးလည်း တံတားနှင့်အတူ ပါသွားသည်ဟု သိရသည်။ တံတားပြိုကျမှုနှင့်အတူပါသွားသည့် ယာဥ်နှစ်စီးအနက် တစ်စီးက လုံးဝပျက်စီးသွားပြီး ယာဥ်ပေါ်ပါလာသည့် အမျိုးသားတစ်ဦး သေဆုံးကာ၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။ “တံတားက တစ်ခြမ်းပြိုကျသွားတယ်။ ကားအသေးနှစ်စီးကတော့ တံတားပြိုကျတဲ့အထဲပါသွားတယ်။ တံတားအောက် ရောက်သွားတာတွေ့ရတယ်။ တစ်စီးကတော့ ကြေသွားတာတွေ့ရတယ်။ အဲကားပေါ်မှာ ပါလာတဲ့ အမျိုးသားတစ်ဦးကတော့ သေသွားတယ်။ နောက်တစ်ဦးက ဒဏ်ရာရတယ်” ဟု  ၎င်းက ပြောသည်။ တံတားဖောက်ခွဲမှုနှင့်အတူ […]

ရေးကားလမ်းပေါ် တိုက်ပွဲဖြစ် ကလေးငယ်တစ်ဦးအပါအဝင် ခရီးသွား ၄ ဦး ဒဏ်ရာရ

Dawei Watch

June 28, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာ၊ ရေး-ထားဝယ်ကားလမ်းမပေါ် ပေလေးဆယ်တံတားအနီးတွင် ယနေ့ (ဇွန် ၂၈)နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ခရီးသွား ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၈ နာရီခွဲခန့်အချိန်က ကလော့ကျေးရွာ ပေလေးဆယ်တံတားအနီး စစ်ကောင်စီပွိုင့်ကားတစ်စီးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း PDF က ထုတ်ပြန်ထားသည်။ အဆိုပါပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ရန်ကုန်မှ ထားဝယ်သို့ မောင်းနှင်လာသည့် အိမ်စီးကားတစ်စီး ကျည်ထိမှန်သွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ ကားပစ်ခတ်ခံရမှုကြောင့် ကားပေါ် စီးနင်းလိုက်ပါလာသည့် တစ်နှစ်ခွဲအရွယ်ကလေးငယ်တစ်ဦး၊ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား […]

ရေး နှစ်ကရင်ရဲစခန်း စီးနင်းခံရ၊ ရဟတ်ယာဉ်၊ လက်နက်ကြီးတို့ဖြင့် ပြန်ပစ်သဖြင့် အမျိုးသမီးငယ်တစ်ဦးသေဆုံး

Dawei Watch

June 26, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာရဲစခန်း စီးနင်းတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဘက်က ရဟတ်ယာဉ်၊ လက်နက်ကြီးတို့ဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇွန်လ ၂၅ရက် နံနက် ၁၁နာရီ ၄ဝမိနစ်ခန့်က နှစ်ကရင်ကျေးရွာ ပင်လယ်ကမ်းစပ်အနီးရှိ ရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်ပစ်ခတ်မှု နှစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ အမြောက်တပ် (၃၁၇) ဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့သည့်အပြင် ရဟတ်ယာဉ်ဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းသို့ ပစ်ခတ်သဖြင့် နှစ်ကရင်ကျေးရွာ ရပ်ကွက် (၁၀) ရှိ နေအိမ်ခြံဝန်းတစ်ခုအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး အမျိုးသား […]