ဘီးလင်းတွင် မှန်လုံကားတစ်စီးတိမ်းမှောက် ကလေးနှစ်ဦးအပါအဝင် ခုနစ်ဦး ဒဏ်ရာရ
Dawei Watch
August 22, 2023မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယနေ့ ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ခရီးသည်တင်မှန်လုံကားတစ်စီးတိမ်းမှောက်ပြီး ကလေးနှစ်ဦးအပါအဝင် ခုနစ်ဦးထိခိုက်ဒဏ်ရာ ရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ရန်ကုန်ဘက်မှ ဘားအံဘက်သို့ မောင်းနှင်လာသည့် မှန်လုံကားသည် အလူးလေး ကျေးရွာ အထပ်သားစက်ရုံအနီးအရောက်တွင် အရှိန်လွန်ပြီး တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ခရီးသည် ၁၀ ဦးခန့် စီးနင်းလိုက်ပါလာသည့် အဆိုပါမှန်လုံကားတိမ်းမှောက်မှုကြောင့် ကလေးနှစ်ဦး၊ အမျိုးသမီး ၄ ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူတို့က ပြောဆိုသည်။ “ကားက အရှိန်လွန်ပြီး မှောက်သွားတာ။ ကြီးကြီးမားမားဖြစ်သွားတာမရှိပေမယ့် ကလေးနှစ်ဦးနဲ့ အမျိုးသားက တစ်ဦး၊ အမျိုးသမီး လေးဦးတော့ ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာတွေ ရသွားတယ်။ […]