BREAKING
March 4, 2025

မွန်

ရေကြီးနေသည့် မော်လမြိုင်မြို့ပေါ်တွင် ကလေးငယ်သုံးဦး ရေနစ်သေဆုံး

Dawei Watch

July 19, 2023

ရေကြီးရေလျှံနေသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကလေးငယ်သုံးဦး ရေနစ်သေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းကတည်းက ရေကြီးရေလျှံနေသည့် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်နှင့် သီရိမင်္ဂလာရပ်ကွက်တို့တွင် ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ရေ သုံးပေခန့် နစ်မြုပ်နေသည့် သီရိမင်္ဂလာရပ်ကွက် ၁၇ လမ်း အောက်ပိုင်းတွင် အသက်တစ်နှစ်ခွဲအရွယ် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကလေးက အိမ်မှာ အဖိုး၊ အဖွားနဲ့ နေရင်းမှ ပျောက်ဆုံးလို့ ရှာဖွေရာကနေ ခြံထဲမှာ ရေနစ်သေဆုံးလျှက်တွေ့တာ” ဟု ၎င်းက ပြောဆိုသည်။ အလားတူ သီရိမြိုင်ရပ်ကွက် ၈ လမ်း အောက်ပိုင်းတွင်လည်း ရေလျှံနေသည့် မြောင်းအတွင်း […]

မော်လမြိုင်မြို့ပေါ်ရပ်ကွက်အားလုံးနီးပါး ရေကြီး၊ လူအချို့ပြောင်းရွှေ့နေရ

Dawei Watch

July 19, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အားလုံးနီးပါး ရေကြီးနစ်မြုပ်နေပြီး လူအချို့ပြောင်းရွှေ့နေရကြောင်း မြို့ခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တို့တွင် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့သည်။ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းမူ ဈေးကြို၊ မြိုင်သာယာ၊ သီရိမင်္ဂလာ၊ သီရိမြိုင်၊ စာရင်းကြီးကုန်း၊ ရွှေပြည်အေး၊ ရွှေပြည်စိုး၊ ဒိုင်းဝန်ကွင်း၊ ဇေယျာ ၁/၂/၃၊ သုခဝတီ အစရှိသည့် မြို့ပေါ်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဆိုးရွားနေကြောင်း မြို့ခံတို့က ပြောသည်။ “မိုးက ဆက်တိုက်ကို ရွာနေတယ်။ အခုထိလည်း သည်းကြီးမဲကြီးရွာနေဆဲပဲ။ ရပ်ကွက်တွေမှာ မနေ့ညနေပိုင်းလောက်ကတည်းက ရေစဝင်နေတာ။ ဒီမနက်မှာတော့ ရပ်ကွက်အတော်များများမှာ ရေဝင်ကုန်တယ်။ လမ်းတွေမှာလည်း ရေတွေကျော်နေတော့ သွားလာဖို့လည်း အခက်အခဲရှိတယ်” […]

ကျိုက်ထိုတွင် မြေမြှုပ်မိုင်းနင်းမိပြီး ကလေးတစ်ဦးသေဆုံး

Dawei Watch

July 18, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်မှုနယ်မြေအတွင်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ခရွဲကျေးရွာအုပ်စု၊ ဝါးဒတ်ကွင်းကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးမှာ ဇူလိုင်လ ၁၃ ရက်နေ့က မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “ကလေးက နွားကျောင်းရင်းနဲ့ မိုင်းနင်းမိပြီး သေဆုံးသွားတယ်။ ဒီဒေသမှာ တိုက်ပွဲတွေလည်းဖြစ်၊ လက်နက်ကြီးနဲ့ ပစ်၊ အခုဆို မိုင်းနင်းမိမှာလည်း ကြောက်နေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။   မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ ခမရ (၂၀၇) တပ်ရင်း ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခြင်းဖြစ်ကြောင်း […]

မွန် မြို့နယ်သုံးခုတွင် ရေကြီးရေလျှံ

Dawei Watch

July 18, 2023

မွန်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေရာအချို့တွင် ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းကစပြီး ရေကြီးရေလျှံနေကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၁၇ ရက်နေ့ ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တွင် ရေကြီးရေလျှံနေသည့်အပြင် ကားလမ်းရေကျော်မှုများလည်း ဖြစ်ပွားနေကြောင်း ၎င်းတို့က ဆိုသည်။   မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းလာသည့်အတွက် ရေးမြို့နယ်၊ ဟံဂံကျေးရွာအတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်တို့တွင် ယနေ့ နံနက်ပိုင်းကစပြီး ရေကြီးရေလျှံသဖြင့် ပြည်သူအချို့ ဘေးလွတ်ရာသို့ စတင်ပြောင်းရွှေ့နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ “လက်ရှိက လမ်းပေါ်မှာ ရေက သုံး လေး ပေလောက်ရှိတယ်။ အဓိက အနိမ့်ပိုင်းတွေက ရေဝင်နေတာပေါ့။ ရေကတော့ တိုးလာနေတဲ့အတွက် တချို့ အနိမ့်ပိုင်းကလူတွေက စပြီးတော့ ပြောင်းရွှေ့နေကြရတယ်” ဟု […]

ရန်ကုန်-မော်လမြိုင်လမ်းတွင် မိုင်းပေါက်ကွဲပြီး အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရ

Dawei Watch

July 12, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မိုင်းပေါက်ကွဲပြီး ဘေးတွဲဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ၇ နာရီခွဲဝန်းကျင်က မိုင်းပေါက်ကွဲမှုဖြစ်ပွားစဉ် နောင်ကုလားကျေးရွာဘက်မှ သထုံမြို့ဘက်သို့ မောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ်တစ်စီးအား ထိမှန်သွားကြောင်း ၎င်းတို့က ပြောသည်။ မိုင်းထိမှန်မှုကြောင့် ဘေးတွဲဆိုင်ကယ်မောင်းနှင်သူ နောင်ကုလားကျေးရွာသား အသက် ၄၅နှစ်အရွယ် ဦးအောင်မြင့်ကြည် (ခေါ်) ကိုမောင်စီးဆိုသူသည် ဝမ်းဗိုက်၊ ပေါင်နှင့် ခြေထောက်တို့တွင် ပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။ မိုင်းစထိမှန် ဒဏ်ရာရရှိသူကို လူမှုကယ်ဆယ်ရေးအဖွဲ့အကူအညီဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “ဒီလမ်းပိုင်းမှာ ပစ်ခတ်မှုတွေလည်း ခဏခဏဖြစ်နေတယ်။ ကားတွေ ဆိုင်ကယ်တွေ မိုင်းထိတဲ့ဖြစ်စဉ်ကလည်း ခပ်စိပ်စိပ်ပါပဲ။ […]

သထုံတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး ဒဏ်ရာရ

Dawei Watch

July 8, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး နှစ်ဦးအပါအဝင် ဒေသခံ ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်က သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီအမြောက်တပ် (၃၁၄) တပ်ရင်းက ရွှေရောင်ပြကျေးရွာအုပ်စုအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူက ယနေ့ ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ အဆိုပါတပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ရွှေရောင်ပြကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကျည်စထိမှန်ကာ အသက် ၅ နှစ်နှင့် ၉ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အသက် ၅၆ နှစ်အရွယ် နော်မုလားဖေ၊ အသက် ၁၈ နှစ်အရွယ် နော်မိထူး၊ အသက် ၅၇ နှစ်အရွယ် […]

ကျိုက်ထီးရိုး တောင်တက်ကားလမ်းပေါ်က တံတားတစ်စင်း မိုင်းခွဲဖျက်ဆီးခံရ

Dawei Watch

July 7, 2023

မွန်ပြည်နယ်၊ ကျိူက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးစေတီ တောင်တက်ကားလမ်းပေါ်ရှိ လေးဖာတောတံတား ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းက မိုင်းဖောက်ခွဲဖျက်ဆီးခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကျိုက်ထီးရိုး တောင်တက်ကားလမ်း ၁၀ မိနစ် ယာဉ်ရပ်နားစခန်းအကျော်ရှိ လေးဖာတောတံတားသည် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်ခန့်က မိုင်းဖောက်ခွဲ ဖျက်ဆီးခံရခြင်းဖြစ်သည်။ မိုင်းဖောက်ခွဲခံရမှုကြောင့် အရှည် ပေ ၇၀ ခန့်ရှိသည့် လေးဖာတောတံတား ပြိုကျပျက်စီးသွားခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ကား၊ လူ ဖြတ်သန်းသွားလာမှု မရှိသည့်အတွက် လူထိခိုက်မှုမရှိကြောင်း ဒေသခံတို့က ပြောသည်။ လက်ရှိတွင် ကျိုက်ထီးရိုး တောင်တက် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရတော့သည့်အတွက် တောင်ပေါ်ရှိ ဘုရားဖူးအချို့ တောင်အောက်ဆင်းရန်နှင့် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဒေသခံတို့ အတက်အဆင်းပြုလုပ်ရန် အခက်အခဲကြုံတွေ့နေရကြောင်း ၎င်းတို့က ဆိုသည်။ “မိုးတွင်းမှာဆိုတော့ […]

NLD ရုံးခန်း ငှားရမ်းဖွင့်လှစ်ခဲ့သည့် အဆောက်အအုံကို စစ်ကောင်စီ ချိတ်ပိတ်

Dawei Watch

July 7, 2023

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ရုံးခန်း ငှားရမ်းဖွင့်လှစ်ခဲ့သည့် အဆောက်အအုံကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ NLD ရုံးခန်း ငှားရမ်းဖွင့်လှစ်ခဲ့သည့် သံဖြူဇရပ်မြို့၊ ဗိုလ်နေဝင်းလမ်း၊ အောင်ဇေယျရပ်ကွက်ရှိ ဒေါ်မြင့်မြင့်ခိုင်ဆိုသူ ပိုင်ဆိုင်သည့် နေအိမ်ခြံဝင်းအတွင်းရှိ (၆ x ၈) ပေ၊ အုတ်ခင်း၊ အုတ်ကာ၊ သွပ်မိုးအဆောက်အအုံကို စစ်ကောင်စီအဖွဲ့က ဇူလိုင်လ ၅ ရက်နေ့ ညနေပိုင်းက လာရောက်ချိတ်ပိတ်သွားခဲ့သည်။ အဆိုပါ အဆောက်အအုံကို သံဖြူဇရပ်မြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်မြတ်သီတာထွန်းလည်း ငှားရမ်းနေထိုင်ခဲ့သည်။ “အဲဒီအဆောက်အဦးက ဒေါ်မြတ်သီတာထွန်းလည်း ငှားရမ်းနေထိုင်ခဲ့ဖူးတယ်။ အခု အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်ဆိုပြီး လာချိတ်ပိတ်သွားတယ်” ဟု သံဖြူဇရပ်မြို့ခံတစ်ဦးက ပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် သံဖြူဇရပ်မြို့နယ် NLD အမျိုးသားလွှတ်တော်ကိုယ်စားအဖြစ် […]