ရေးမြို့ မြဝတီဘဏ်ကို ရေးဘီလူးအဖွဲ့ ပစ်ခတ်တိုက်ခိုက်
Dawei Watch
September 26, 2023မွန်ပြည်နယ်၊ ရေးမြို့လယ်ရှိ စစ်ကောင်စီတပ်ပိုင် မြဝတီဘဏ်ကို ယနေ့ (စက်တင်ဘာ ၂၆) နေ့လယ်ပိုင်းက ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ ရေးမြို့ ၊ ရန်ကြီးအောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ မြဝတီဘဏ်ကို ယနေ့နေ့လယ် ၁ နာရီအချိန်ခန့်တွင် ရေးဘီလူးအဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဘဏ်လုံခြုံရေးဝန်ထမ်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။ မြဝတီဘဏ် ပစ်ခတ်ခံရမှုဖြစ်စဥ်တွင် ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးနှင့် ဘဏ်လုံခြုံရေး ဆောင်ရွက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “မြဝတီဘဏ်ပစ်ခတ်ခံရမှုမှာ ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးနဲ့ ဘဏ်မှာလုံခြုံရေးယူနေတဲ့ စစ်သားတစ်ဦး သေဆုံးသွားတယ်လို့ ကနဦး သိထားရတယ်” ဟု ၎င်းမြို့ခံက ပြောသည်။ ရေးဘီလူးအဖွဲ့ကမူ မြဝတီဘဏ် ပစ်ခတ်မှုတွင် ဘဏ်လုံခြုံရေးဆောင်ရွက်နေသည့် စစ်ကောင်စီတပ်သား ၅ ဦးကို ရှင်းလင်းနိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ “ဘဏ်ရဲ့အပြင်ဘက် […]