ဘီးလင်းတွင် လူနာပို့သည့်လူမှုကယ်ဆယ်ရေးကားပစ်ခတ်ခံရပြီး လူနာအမျိုးသမီးဒဏ်ရာရ
Dawei Watch
August 30, 2023မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းပြန်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် လူနာပို့သည့် လူမှုကယ်ဆယ်ရေးကားတစ်စီး ပစ်ခတ်ခံရပြီး လူနာအမျိုးသမီးကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ကပြောသည်။ ပစ်ခတ်ခံရသည့် ကားသည် ကျိုက်ထိုမြို့က တောင်တန်းမေတ္တာလူမှုကူညီရေးအသင်းကားဖြစ်ပြီး ဩဂုတ်လ ၂၉ ရက် မွန်းလွဲပိုင်းက ကျိုက်ထိုမှ မော်လမြိုင်သို့ လူနာဆေးခန်းပြရန် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ ယင်းသို့ ပို့ဆောင်စဉ် ဝင်းပြန်ကျေးရွာအနီးအရောက်တွင် လက်နက်ကိုင်ငယ်များဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး အသက် ၄၅နှစ်အရွယ် လူနာအမျိုးသမီး ကျည်နှစ်ချက်ထိမှန်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လူနာတင်ကားက မော်လမြိုင်ကို လူနာပို့ရင်း အပစ်ခံရတာ။ ပစ်ခံရတော့ ပါလာတဲ့ လူနာအမျိုးသမီးကို ကျည်ထိမှန်သွားတယ်။ နှစ်ချက်ထိသွားတယ်” ဟု ၎င်းက ဆိုသည်။ ညာဘက်ပေါင်နှင့် ဘယ်ဘက်ခြေသလုံးတို့တွင် ကျည်ထိမှန်ပြီး သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ အလားတူ ဩဂုတ်လ […]