ရေးတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ဒေသခံငါးဦး ဒဏ်ရာရ
Dawei Watch
September 13, 2023မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ပြီး နေအိမ်ဈေးဆိုင်ပေါ်တွင် လက်နက်ကြီးကျည် တစ်လုံး၊ ရွာဈေးတွင် တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ “ဘယ်ကလာတဲ့ လက်နက်လည်းတော့ ကျွန်တော်တို့လည်း မသိနိုင်ဘူး။ တိုက်ပွဲကတော့ မရှိဘူး။ လက်နက်ကြီးပဲ ကျလာတာ။ နေအိမ်တွေပေါ်ကျတော့ လူတွေ ထိကုန်တယ်လေ။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် ထိတာတော့ မရှိဘူး” ဟု ကျောင်းရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လေးဦး ကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ […]