သံဖြူဇရပ်တွင် ခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်
Dawei Watch
March 10, 2025မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာတွင် ခြံလုပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ခြေထောက်ပြတ်သွားသည်ဟု ဒေသခံများထံမှ သိရသည်။ သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာနေ အသက် ၄၃ နှစ်အရွယ် ခြံလုပ်သား ဦနန္ဒာထွန်းဆိုသူသည် မတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က ဝဲခမိကျေးရွာအနီး ရော်ဘာခြံကို ခြံရှင်းရန်အသွား လူသွားလမ်းတွင် မြေမြုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ဦးနန္ဒာထွန်းသည် ဘယ်ဘက်ခြေကျင်း ဝတ်ပြတ်ရှိဒဏ်ရာ၊ ညာဘက်ခြေသလုံး မိုင်းစထိမှန်ပေါက်ပြဲဒဏ်ရာ၊ ဘယ်ဘက်လက်ဖျံအောက် ပေါက်ပြဲဒဏ်ရာ နှင့် ဘယ်ဘက်မေးအောက် ပေါက်ပြဲဒဏ်ရာများရရှိခဲ့သည်။ “သူက ခြံကိုသွားတာ လမ်းမှာပဲ နင်းမိတယ်၊ မိုင်းတွေက လူသွား လူလာလမ်းမှာပဲ ထောင်ထားကြတော့ တော်တော်ဆိုးတယ်။ ဒေသခံတွေက အဲ့လမ်းတွေကိုပဲ အသုံးပြုပြီး ခြံသွားဘာညာ သွားကြတာလေ အခုက အဲလိုမျိုး မိုင်းထောင်ထားတော့ ဘယ်လိုသွားလာကြမလဲ။ တချို့ဆို […]