ရေးမြို့ပေါ်တွင် PDF နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ပစ်ခတ်မှု
Dawei Watch
November 24, 2023မွန်ပြည်နယ်၊ ရေးမြို့ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား နိုဝင်ဘာလ ၂၃ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ရန်မျိုးအောင်ရပ်ကွက်အတွင်းရှိ အအေးဆိုင်တစ်ဆိုင်တွင် PDF တပ်ဖွဲ့ဝင် နှစ်ဦးရောက်ရှိနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး ရောက်ရှိလာပြီး စတင်ပစ်ခတ်ခဲ့ရာမှ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း မြို့ခံတို့က ဆိုသည်။ “သူတို့ (PDF) နှစ်ယောက်က အအေးဆိုင်မှာ ရောက်တဲ့အချိန်မှာပဲ စစ်သား သုံးယောက်က ရောက်လာပြီးတော့ ပစ်တာ။ သူတို့ သတင်းရလို့ ဖြစ်မှာပေါ့။ ပစ်ကြတာ ၁၀ ချက်ကျော်မယ်။ သူပစ် ကိုယ်ပစ်ပဲ။ နှစ်ယောက်ထဲက တစ်ယောက်က လက်မှာထိသွားပြီးတော့ ပြန်ဆုတ်သွားကြတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ ပစ်ခတ်မှုဖြစ်ပြီး […]